စာအမှတ် -၈/ရှမ်းမြောက်/ ၂၀၁၄ ရက်စွဲ - ၂၀၁၄ ခုနှစ်၊ ဇွန်လ(၇)ရက်
၁။ ၂၀၁၄ ဇွန်လ၊ (၅)ရက်၊ ကြာသပတေးနေ့ နေ့လည် (၁း၃၀)ခန့်အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ နယ်မြေ၉၁၂)နေ မရီရီအောင်(ခ)မရီရီလွင် (ဘ)ဦးဘာရှား(ပထန်၊ မွတ်စလင်မ်) (မိ)ဒေါ်အေးတင် (ဗမာ၊ဗုဒ္ဓ) သည်။ လားရှိုးမြို့၊ အမှတ်(၂)ရဲစခန်းမြောက်ဘက် (၂)မိုင်ခန့်အကွာ ဆုံကွယ်ကျေးရွာ စစ်မှုထမ်းဟောင်းရပ်ကွက်ရှိ ညောင်ပင်အောက်တွင် ကိုးကွယ်ထားသည့် ဉာဏ်တော်(၆)လက်မခန့်ရှိ ဗုဒ္ဓသစ်သားရုပ်ပွားတော်တစ်ဆူအား မိမိဝတ်ထားသည့် ထဘီ(ထမိန်)အတွင်းသို့ ထည့်၍ မဖွယ်မရာပြုလုပ်ခဲ့ပြီး နှုတ်မှလည်း “ဂေါတမမျိုးနွယ်တွေကို ဖြုတ်ပစ်မယ်”လို့ ပြောဆိုခဲ့ကြောင်း သိရှိခဲ့ရပါသည်။
၂။ ထိုကဲ့သို့ ဗုဒ္ဓဘာသာရဟန်းရှင်လူပြည်သူတို့၏ ရတနာတစ်ပါးဖြစ်သော ဗုဒ္ဓရုပ်ပွားတော်အား ကာယကံမြောက် စော်ကားခြင်း၊ ဗုဒ္ဓဘာသာဝင်တို့အား ဝစီကံမြောက် ခြိမ်းခြောက်စိန်ခေါ်ခြင်းများ ပြုလုပ်ခဲ့ ပါသည်။ မရီရီအောင်(ခ)မရီရီလွင်နှင့်တကွ အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် နောက်ကွယ်မှနေ၍ ဖန်တီးလှုံ့ဆော် ကြိုးကိုင်နေသူများအားလုံးကို ပြင်းထန်စွာရှုံ့ချလိုက်သည်။
၃။ အမျိုးဘာသာ သာသနာတော်အား ထိခိုက်စေမည့် အပြုအမူ အပြောအဆိုများ ပြုလုပ်သည့် ပုဂ္ဂိုလ်၊ ဂိုဏ်းဂဏ၊ ပါတီ၊ အဖွဲ့အစည်းအားလုံး (မည်သည့်ဘာသာဝင်ကိုမဆို)ကို ပြင်းထန်စွာရှုံ့ချလိုက်သည်။
၎။ အကြမ်းဖက်မှု ပဋိပက္ခများဖြစ်ပေါ်စေရန် ဖန်တီးသူများ နောက်ကွယ်မှဖန်တီးလှုံ့ဆော် ကြိုးကိုင်နေသူများ အားလုံးကိုလည်း သက်ဆိုင်ရာအာဏာပိုင်များမှ ဖော်ထုတ်ဖမ်းဆီး ထုတ်ပြန်ပေးရန် တိုက်တွန်းလိုက်သည်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့
(ပြည်နယ်) လာရှိုး၊ ရှမ်း/မြောက်