Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အညတရ အိမ်ဖော်မလေး မိုးဦးလှိုင် ထောင်မကျတာ ကံကောင်းရှာ”

$
0
0
2.6.2014 ရက်နေ့က တင်ခဲ့တဲ့ အညတရလေးများကို ကြင်နာပါ။ သတင်းလေးထဲက အိမ်ဖော်မလေး မိုးဦးလှိုင် ကံကောင်းလို့ ထောင်မကျလိုက်တာပါ။
ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ဏ-၄/၅၂ အိမ်ရှင် ဦးနိုင်လင်းဦး+ဒေါ်ကြူကြူတို့အိမ်ကို သွားပြီး အိမ်ဖော်မလေးရဲ့ အဝတ်အစားတွေ သွားယူပါတယ်။
အိမ်ဖော်မလေးကို ကျောင်းမှာပဲ ထားခဲ့ပြီး၊ အမျိုးသမီးတစ်ယောက်ရယ်၊ ရဲရယ်၊ ရပ်ကွက်လူကြီးရယ် အားလုံး သုံးယောက်က အိမ်ရှင်တွေဆီ သွားခဲ့ကြတာပါ။
အိမ်ဖော်မလေး မိုးဦးလှိုင်ရဲ့ ပစ္စည်းတွေ လာယူတာလို့ ပြောတော့ လင်မယားနှစ်ယောက်လုံးက လိုက်ပြပါတယ်။
အမျိုးသမီးကလည်း တစ်ထည်ချင်း စစ်ဆေးပါတယ်။ အိတ်ကပ်တွေကအစ အကုန်စစ်ဆေးကြည့်တဲ့အခါ နားကပ်အပါအဝင် အိမ်ရှင့်ပစ္စည်းတွေ ထည့်ထားတာကို တွေ့ရပါတယ်။
သနပ်ခါးဘူးထဲမှာလည်း မြှုပ်ပြီး ထည့်ထားတာပါ။ တစ်ခုမကျန် အကုန်စစ်ဆေးပြီး ဓာတ်ပုံမှတ်တမ်းတင်ပြီး ထားရစ်ခဲ့ပါတယ်။
အဝတ်အစားတွေပဲ ယူလာခဲ့တာပါ။
ဒေါ်ကြူကြူက ခင်ပွန်းဖြစ်သူကို ဒါ အိုင်တို့ ပစ္စည်းတွေ-လို့ ဝင်ပြောပါတယ်။
တကယ်လို့သာ ဒီအဝတ်အစားတွေကို မစစ်ဆေးဘဲ ယူလာခဲ့ရင် မိုးဦးလှိုင်ကို ခိုးမှုနှင့် ပြန်ထောင်ချဖို့ လုပ်ကြံ မည့်သဘောပါ။
မိုးဦးလှိုင်ကိုယ်တိုင် မသွားတာရယ်၊
အဝတ်အစားသွားယူတဲ့ အမျိုးသမီးက လိမ္မာပါးနပ်တာရယ်ကြောင့် လက်ဝတ်လက်စားတွေ ထားရစ်ခဲ့နိုင်လို့ ရဲနှင့်ရပ်ကွက်လူကြီးပါ သက်သေရှိနေလို့ ထောင်ချောက်မနင်းမိခဲ့တာပါ။
အမျိုးသမီးက အသားညိုညိုနှင့် ကုလားမပုံပေါက်နေပြီး အမျိုးသားက တိုင်းရင်းသားပုံစံ ပေါက်နေတတ်လို့ မိုးဦးလှိုင်က အိမ်ရှင်အမျိုးသားနာမည်တောင် မသိရှာပါဘူး။ သူတို့တွေက ဗုဒ္ဓဘာသာတော့ မဟုတ်ပါဘူး။ ရောက်ခါစက ဆူရုံ-ဆိုရုံလောက်ပဲလုပ်ကြတာ။ သံဃာတော်တွေကို ဆွမ်းလောင်းမိရာမှ အညှိုးထားပြီး နှိပ်စက်တာလို့ မိုးဦးလှိုင်က ပြောပါတယ်။
ရပ်ကွက်လူကြီးကို မေးကြည့်တော့လည်း မသိဘူးဖြစ်နေပါတယ်။ ဘာလူမျိုး ဘယ်ဘာသာဝင်မှန်းမသိ အိမ်ရှင် အမျိုးသား နာမည်မသိ လခလည်းလုံးဝမရ အညှဉ်းဆဲ အနှိပ်စက် အရိုက်နှက်ခံဘဝနှင့် သုံးလကြီးတောင် နေနိုင်ခဲ့တဲ့ မိုးဦးလှိုင်ရဲ့ ခန္တီတရားက အံ့သြစရာပါ။
ဟင်္သာတမြို့နယ် အိုင်စောက်အုပ်စု၊ ပိန်းအင်းကျေးရွာကို ဟင်္သာတ မ.ဘ.သ က မနည်းရှာပြီး သတင်းပို့ပေး ရတာပါ။ ဟင်္သာတ မ.ဘ.သ က မိဘနှစ်ပါးကို ငွေသုံးသောင်းကျပ် လမ်းစရိတ်ထုတ်ပေးလိုက်လို့ မိဘနှစ်ပါး ရောက်လာပါပြီ။ အဖေရော အမေရော ငိုလို့ ယိုလို့ မျက်ရည်တွေ စီးကြလို့ပေါ့။
အိမ်ဖော်-အေဂျင်စီတွေ တရားဝင်ဖွဲ့စည်းတည်ထောင်ထားတာတွေ မရှိကြဘူးလားဗျာ……။
ဒါဆိုရင် အိမ်ဖော် အိမ်ရှင်  ပြဿနာတွေ ချုပ်ငြိမ်းသွားမှာ သေချာတယ်ဗျ။







Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...