ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ထိန်တစ်ပင်စံပြကျေးရွာ၌ သစ္စဝေဂူဆရာတော်၏သြဝါဒကိုခံယူ၍ ထိန်တစ်ပင်ရွာကျောင်းဆရာတော် ဘဒ္ဒန္တနေမိန္ဒ၏ပံပိုးကူညီမှုဖြင့် အရှင်သိရိန္ဒ(မစိုးရိမ်တိုက်သစ်)၊ အရှင်စန္ဒိမာ၊ အရှင်ပညာသာမိ၊ အရှင်ကောဏ္ဍညတို့ ဦးဆောင်သင်ကြားပေးသော နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းမှ သင်တန်းသူ/သား(၃၀၀)ကျော်တို့အား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ဆုများပေးအပ်ခြင်းအခမ်းအနားကို (28-5-2014)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းသင်တန်းကို (26-4-2014)နေ့မှ စတင်ပြီး (28-5-2014)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
↧