Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သာပေါင်းက (ကာဖိရ်)ထက် ဆိုးတဲ့ မွတ်စလင်”

$
0
0


ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးသံတမန်ကွန်ယက်ကို ပို့ပေးလိုက်တဲ့ အီဗရာဟင်(ခ)ဝင်းကိုရဲ့ အောက်တန်းစား လုပ်ရပ်တစ်ခုကို ဖော်ပြသင့်မသင့် စဉ်းစားမိပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးဦးဝီရသူက စွပ်စွဲပြီး အမြဲတမ်း မွတ်စလင်တွေကို ရေးနေတယ်ဆိုပြီး ကျွန်တော့်ကို ထောက်ပြဝေဖန်သူတွေကို ကျွန်တော် ဒီကနေ အတိအလင်း ပြောပါရစေ။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်ထဲမှာ ဒီလို အီဗရာဟင်(ခ)ဝင်းကိုလို လူမျိုး ရှိနေတယ်ဆိုတာ မယုံကြည်လို့ ကိုယ်တိုင်ကိုယ်ကျ မေးမြန်းစုံစမ်းပြီး ကျွန်တော်တို့မြန်မာမွတ်စလင်တွေ ဒီလို “ဇာလင်မ်”ကို ဘယ်လို အရေးယူသင့်သလဲဆိုတာကို ပြောကြပါ။ ဒီလို တိရစ္ဆာန်စိတ်ရှိနေတဲ့ မြန်မာမွတ်စလင်ဆိုသူတွေကြောင့် ကျွန်တော်တို့ မြန်မာပြည်ဖွား အစ္စလာမ်တွေရဲ့ပုံရိပ်ကို ထိခိုက်လာပြီဆိုတာ အသိပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ တရားဥပဒေအရရော ကိုယ်တိုင်အပြစ်ပေးချင်ပါတယ်။ ဘယ့်နှယ်ဗျာ အဖေအရင်းက သမီးကို မုဒိမ်းကျင့်လောက်အောင် တိရစ္ဆာန်စိတ်ဝင်နေတဲ့သူကို ကျွန်တော်ကတော့ (ကာဖိရ်)ထက်ဆိုးတဲ့ မွတ်စလင်ဆိုပြီး သတ်မှတ်ပြီး ရှုံ့ချလိုက်ပါတယ်။ ဒီလိုမျိုး မြန်မာဗုဒ္ဓဘာသာနဲ့ ဖြစ်ခဲ့ရင် ဗုဒ္ဓဘာသာ ဘုန်းကြီးဦးဝီရသူက ရှေ့ကနေပြီးတော့ မှန်တဲ့ဘက်က ရပ်တည်ဖြေရှင်းခဲ့တယ်။ အခုလည်း အစ္စလာမ်ဘာသာဝင် အချင်းချင်းဖြစ်တာတောင်မှ သူ့ဆီကို လာပြီးအကူအညီတောင်းရင် မွတ်စလင်ကိုတောင်မှ ဒီလိုအဓမ္မမှုမျိုးဆိုရင် ဝင်ကူညီမှာပဲလို့ပြောတယ်။ ကျွန်တော်တို့ မြန်မာမွတ်စလင်ခေါင်းဆောင်တွေ အထူးသဖြင့် အစိုးရ အသိအမှတ်ပြုထားတဲ့ တရားဝင် ဖွဲ့စည်းထားတဲ့ လူကြီးတွေ ဒီလိုမျိုး အစ္စလာမ်ဘာသာဝင်ထဲမှာ ရှိနေတဲ့ တိရစ္ဆာန်အတွေးအခေါ်နှင့် လူတွေကို အစ္စလာမ်ဥပဒေအရ ဆုံးမသင့်ပါတယ်။ ကျွန်တော်က ဒီကိစ္စကို ကိုယ်တိုင်စုံးစမ်းပါတယ်။ သာပေါင်းရဲစခန်းမှူး (09-49734698)နှင့် မြို့ခံသက်သေကို မင်းမင်း(09-3152645)ကို ဖုန်းဆက်မေးမြန်း အတည်ပြုခဲ့ပါတယ်။ ကိုယ့်ပေါင်ကိုယ် လှန်ပြီးထောင်းတယ်ဆိုပြီး ပြောချင်လည်းပြောကြပါစေ။ အစ္စလာမ်ဘာသာဝင် တစ်ယောက်အနေနဲ့ လုံးဝ ခွင့်လွှတ်နိုင်စရာ မမြင်လို့ ကိုယ့်ထဲက အသားလောက်ထွက်တဲ့အကြောင်းကို ကိုယ်ကိုတိုင် ပြင်းထန်စွာ ရှုံ့ချပြီး တင်ပြလိုက်တာပါ။ ရှက်လွန်းအားကြီးလို့ ဖြစ်စဉ်ကို ပူးတွဲ တင်ပြလိုက်ပါတယ်။
အမှုအမှတ်(ပ) ၄၆/၂၀၁၄ ပုဒ်မ ၃၇၆/၅၅၁။
သာပေါင်းမြို့ ရဲစခန်း =041.43009၊ သာပေါင်းစခန်းမှူး = 09.497346987၊ မြို့ခံသက်သေ-ကိုမင်းမင်း =09.31525645



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...