Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

"သီတဂူဆရာတော်၏ လျှောက်ထားချက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး" (နိဂုံးပိုင်း)

$
0
0


ဆရာတော်၊ သံဃာတော် အရှင်မြတ်တို့ဘုရား….
ဂိုဏ်းပေါင်းလည်းစုံ၊ အဖွဲ့ပေါင်းလည်းစုံ၊ အကုန်ပေါင်းပြီး သံဃာ့အင်အားထုကြီး၏ အရှိန်၊ သံဃာ့အဟုတ်ကို မြင့်တင်ဖို့ တောင်းပန်လျှောက်ထားအပ်ပါသည်ဘုရား။
လာအိုနိုင်ငံမှ သံဃာ့အဖွဲ့အစည်းတစ်ခုတည်းသာ ရှိပါတယ်။ ကွန်မြူနစ်ပါတီက ချုပ်ကိုင်ထားပါတယ်။ ဗီယက်နမ်နိုင်ငံမှာလည်း ထိုနည်းတူစွာပါဘုရား။ ကမ္ဗောဒီးယားမှာ သံဃာဂိုဏ်း(၂)ဂိုဏ်းရှိပါတယ်။ သီးခြားစီ ရပ်တည်ကြပါတယ်။ ပေါင်းစည်းနိုင်ခြင်း မရှိပါဘုရား။ ထိုင်းနိုင်ငံမှာ နိကာယ(၂)ခုရှိပါတယ်။ ထေရသမာဂမ သံဃာ့မဟာနာယကအဖွဲ့ကို တစ်ဖွဲ့တည်း ဖွဲ့စည်းနိုင်ပါသည်။ ဘုရင်ရဲ့ချီးမြှောက်ထောက်ပံ့မှုနဲ့ စီမံအုပ်ချုပ်ပါတယ်။ သီရိလင်္ကာမှာ နိကာယ(၄)ခု ရှိပါတယ်။ ပေါင်းစည်းနိုင်ခြင်း မရှိပါ။ သီးခြားစီ ရပ်တည်နေကြပါတယ်။ လွတ်လပ်ခြင်း အပြည့်အလျှံရှိပါတယ်။ သီဟိုဠ်သံဃာများ နိုင်ငံရေး လုပ်ပိုင်ခွင့် ရှိပါတယ်။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ပြိုင်လည်းပြိုင်ကြတယ်။ တချို့သံဃာတွေ ဝန်ကြီးအဖွဲ့မှာ ပါဝင်ကြပါသည်။ ချုပ်ချယ်လွန်းလျှင်လည်း မကောင်းပါ။ လာအိုသံဃာ့ရာဇာပါတီနဲ့ တိုင်ပင်ပြီးမှ အလုပ်လုပ်ရပါသည်။ ခေတ်မှီလွန်းတော့လည်း မကောင်းပါ။ သီဟိုဠ်မှာ ဘုန်းကြီးအမတ်တွေ ပါလီမန်ထဲမှာ ရောက်နေပါသည်။ မူရင်းအနှစ်သာရကို မပျက် မပျောက်စေဘဲ တိုးတက်ခြင်း (Sustainable Development) ကောင်းပါသည်။
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကို ပြင်ဆင် မွမ်းမံတိုးချဲ့ရာ၌…..
၁။ ပညာရေးဌာန၊
၂။ လူမှုရေးဌာန၊
၃။ နိုင်ငံခြားရေးဌာနများကို ခေတ်မှီပညာတတ်၊ အပြည်ပြည်ဆိုင်ရာ အမြင်ကျယ်သော မျက်လုံးရှိသော ဆရာတော်များဖြင့် ဖွဲ့စည်းသင့်ပါသည်ဘုရား။
ဖွဲ့စည်းပုံများနှင့်ပတ်သက်လို့ ဘုရားလက်ထက်က သာဓကတစ်ရပ်ကို လျှောက်ထားလိုပါတယ်ဘုရား။ အဲဒါက အရိုအသေပြုရန် နေရာမှ သက်ကြီး၊ ဝါကြီး၊ ထေရ်စဉ် (eniority)ဟာ အထူးပင် လိုအပ်ပါတယ်။ သို့သော် အလုပ်သဘော၊ အလုပ်ခွင်မှာတော့ စွမ်းဆောင်နိုင်သူတို့သာ ပဓာနပါဘုရား။ မြတ်စွာဘုရား ဘုရားဖြစ်ပြီးနောက် (၉)လကြာသောအခါ တပို့တွဲလပြည့်နေ့မှာ ယခုလို သံဃာ့မဟာသန္နိပါတ (သံဃာ့အစည်းအဝေးကြီး)ကို ရာဇဂြိုဟ်ဝေဠုဝန်မှာ ကျင်းပခဲ့ပါတယ်။ ထိုအစည်းအဝေးကြီးမှာ သံဃာတော်ပေါင်း (၁၂၅၀) တက်ရောက်တော်မူခဲ့ကြပါတယ်ဘုရား။ ထိုအစည်းအဝေးကြီးမှာ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို ပထမအဂ္ဂသာဝက ခန့်အပ်တော်မူပြီး၊ အရှင်မောဂ္ဂလာန်ကို ဒုတိယ အဂ္ဂသာဝက ခန့်အပ်တော်မူခဲ့ပါတယ် ဘုရား။ မြတ်စွာဘုရားရဲ့ သံဃာ့အစည်းအရုံးကြီးကို ဖွဲ့စည်းအုပ်ချုပ်ဖို့ ရာထူးတာဝန် ခွဲဝေပေးခြင်းဖြစ်ပါတယ်ဘုရား။ ပထမနှင့် ဒုတိယ အဂ္ဂသာဝကကြီးနှစ်ပါးစလုံး တပိုတွဲလဆန်း(၁)ရက်နေ့ကမှ ရဟန်းပြုကြတာဖြစ်လို့ ရဟန်းသိက္ခာ (၁၅)ရက်မျှသာ ရှိတော်မူကြပါသေးတယ်ဘုရား။ ရသေ့ (၁၀၀၀)က ဖြစ်လာသော ရဟန်း(၁၀၀၀)တို့သည် ပြာသိုလ်လပြည့်မှာ ရဟန်းပြုကြတာ ဖြစ်လို့ အဂ္ဂသာဝကကြီးနှစ်ပါးထက် (၁၅)ရက် သိက္ခာကြီးကြပါတယ်။ သို့သော် ရာထူးမရကြပါဘုရား။ ပဉ္စဝဂ္ဂီ(၅)ပါး၊ ယသနှင့်တကွ (၅၅)ပါးတို့မှာလည်း အဂ္ဂသာဝကကြီးနှစ်ပါးထက် (၆)လခွဲမျှ သိက္ခာကြီးကြသော်လည်း မည်သည့်ရာထူးမျှ တာဝန်ပေးအပ်ခန့်ထားခြင်း မရှိခဲ့ပါဘုရား။ အထင်ရှားဆုံး သာဓကကတော့ ရဟန်းအသက်ရှည်ဆုံး အရှင်ကောဏ္ဍညမထေရ် ကြီးဟာ မြတ်စွာဘုရားရဲ့ နောက်နား(နောက်ကျော)မှာ နေရာယူရခြင်း ဖြစ်ပါတယ်ဘုရား။ (၁၅)ရက်မျှသာ ရှိသော်မူကြသည့် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့မှာ မြတ်စွာဘုရားရဲ့ လက်ယာ၊ လက်ဝဲမှာ နေရာအသီးအသီး ရယူတော် မူခဲ့ကြပါတယ်ဘုရား။ ပိဋကတ်တော်လာ ဤသာဓကမှာ သာသနာရေးရာ လုပ်ငန်းများ၌ စွမ်းနိုင်သူတို့သည်သာ ပဓာနဖြစ်ကြောင်း သိသာထင်ရှားပါတယ်ဘုရား။ ထိုသံဃာ့အစည်းအဝေးကြီးမှာ ကန့်ကွက်သူ တစ်ပါးမျှမရှိ၊ တည်ငြိမ် အေးချမ်းစွာဖြင့် ရာထူးခန့်အပ်ပွဲ ပြီးစီးခဲ့ပါတယ်။ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း၊ ထို့ပြင် စွန့်လွှတ်ခြင်းတို့ဟာ တည်ငြိမ် အေးချမ်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်းကို ‘ခန္တီ ပရမံ တပေါ တိတိက္ခာ’-စသော သြဝါဒက ညွှန်ပြနေပါတယ်ဘုရား။ ‘အတ္ထေ ဇာတေ စ ပဏ္ဍိတံ’- ပါဠိတော်အရ အရေးကိစ္စပေါ်လာလည်း စွမ်းရည်ရှိသော ကျွမ်းကျင်သော ပညာရှိများ အထူးလိုအပ်ကြောင်း လျှောက်ထားပါတယ် အရှင်သူမြတ်တို့ဘုရား။
ဆရာတော် ဦးသေဋ္ဌိလတို့၊ ဆရာတော် ဦးသီလာနန္ဒတို့ မရှိတဲ့နောက်ပိုင်း၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံများရဲ့ စင်မြင့်ပေါ်မှာ မြန်မာသံဃာတော်တို့ နေရာရရှိရေးအတွက် တပည့်တော်များ ယနေ့ အကြိတ်အနယ် ကြိုးစားနေရပါတယ် ဘုရား။ ထိုင်းနိုင်ငံ သံဃာ့နာယကအဖွဲ့ အတွင်းရေးမှူးဟာ ကမ္ဘာ့ဘာသာရေးစင်မြင့်တိုင်းလိုလိုမှာ တက်ရောက် စကားပြောနေတဲ့ Ph.D ဘွဲ့ရ ဆရာတော်တစ်ပါးပါဘုရား။ သီဟိုဠ်သံဃာတော်တွေက အပြည်ပြည်ဆိုင်ရာ စင်မြင့်တိုင်းမှာ သူတို့ ကုလားထိုင်တွေချည်းပါဘုရား။ ရောမပုပ်ရဟန်းကြီးရဲ့ အဖွဲ့များ ဖွဲ့စည်းပုံမှာ ဝန်ကြီးအဖွဲ့ (Cabinet)နဲ့ တော်တော်တူနေပါတယ် ဘုရား။ သာသနာပြုလုပ်ငန်းတွေမှာ လူမှုရေးလုပ်ငန်းတွေနဲ့ ဟန်ချက်ညီညီ တွဲလုပ်မှသာ ထိရောက် အောင်မြင်ကြောင်း ရိုသေစွာ လျှောက်ထားရပါကြောင်း ဆရာတော် သံဃာတော် အရှင်မြတ်တို့ဘုရား။
ဆရာတော်၊ သံဃာတော် အရှင်မြတ်တို့ဘုရား…..
နိဂုံးချုပ်အားဖြင့် ဘုရားတပည့်တော် လျှောက်ထားလိုသည်မှာ -
သာသနာတော် တည်တံ့ခိုင်မြဲရေးအတွက် ဖ.ဆ.ပ.လ အစိုးရလက်ထက်က လုပ်ထားခဲ့သလို သာသနာရေးဆိုင်ရာ ထောက်ပံ့မှု၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာတို့ကို အက်ဥပဒေများ ပြုစု၍ လွှတ်တော်တွင် ပြဋ္ဌာန်းအတည်ပြုထားရစ်တော်မူခဲ့ကြပါရန် ရိုသေလေးမြတ်စွာ လျှောက်ထားအပ်ပါတယ်ဘုရား။ ဘယ်ဗုဒ္ဓဘာသာဋ္ဌနိုင်ငံမှာမှ မရှိတဲ့ သာသနာရေးဝန်ကြီးဌာနကိုလည်း ခိုင်မာအောင် သာသနာရေးဝန်ကြီးဌာန အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်း၍လည်းကောင်း၊ ရတောင့်ရခဲ့ စုစည်းရရှိခဲ့သည့် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာနာယကအဖွဲ့ကြီးကိုလည်း အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်း၍လည်းကောင်း၊ ထို့ပြင် တိပိဋကရွေးချယ်ရေး အက်ဥပဒေ၊ နိုင်ငံတော် ပြန်လည်ဖော်ထုတ် အသက်သွင်း ပြင်ဆင်၍ အနာဂတ်အစိုးရအဆက်ဆက်နှင့် သံဃာ့အဖွဲ့အစည်း အဆက်ဆက် လက်ထက်တိုင် ကြာမြင့်စွာ တည်တံ့အောင် အားထုတ်ဆောင်ရွက်တော်မူခဲ့ကြပါရန်အကြောင်း ခြေတော်ဦးခိုက် လျှောက်ထားအပ်ပါသည် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးလာ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား။
မှတ်ချက်။    ။ အနည်းငယ် ပြန်လည် ပြင်ဆင် ဖြည့်စွက်ထားပါသည်။
မေတ္တာဂါရဝဖြင့်
သီတဂူဆရာတော် အရှင်ဉာဏိဿရ
၁၃၇၆-ကဆုန်လပြည့် ‘ဗုဒ္ဓ’နေ့
၂၀၁၄၊ မေလ၊ ၁၃ ရက်
မဟာပါသာဏလှိုဏ်ဂူတော်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်
ဤလျှောက်ထားလွှာ မိတ္တူများကို -
၁။ နိုင်ငံတော်သမ္မတရုံး
၂။ မန္တလေးတိုင်း သံဃာ့နာယကအဖွဲ့
၃။ ရန်ကုန်တိုင်းသံဃာ့နာယကအဖွဲ့
၎။ သာသနာရေးဝန်ကြီး
၅။ အင်တာနက်
၆။ ရုံးလက်ခံ (ဌာနများသို့ ပေးပို့ပါသည်။)

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...