Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

"သီတဂူဆရာတော်၏ လျှောက်ထားချက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အပိုင်း (၂)"

$
0
0
ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ဘုရား……
တပည့်တော်တို့ရဲ့ သံဃာ့မဟာနာယကအဖွဲ့ကြီးဟာ နိုင်ငံတော်မှာ ရှိသမျှ သာသနာရေး၊ လူမှုရေး၊ သံဃာ့အဖွဲ့အားလုံးနှင့် တစ်သားတည်း၊ တစ်စုတစ်ပေါင်းတည်း ပေါင်းစည်းမိဖို့ သိပ်လိုအပ်ပါတယ်ဘုရား။ သံဃာမဟာနာယကအဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်သုံးခု ချမှတ်ထားတာရှိတယ်ပါတယ်ဘုရား။ အဲဒီအထဲမှာ…..
၁။ သာသနာတော် သန့်ရှင်းရေး၊
၂။ သာသနာတော် တည်တံ့ရေး၊
၃။ သာသနာတော် ပြန့်ပွားရေးလို့ သုံးချက် တွေ့ရပါတယ်ဘုရား။
ဘုရားတပည့်တော် စိတ်စိုက်နေမိတာက သာသနာတော် တည်တံ့ရေးဆိုတဲ့ အချက် ဖြစ်ပါတယ်။ တည်တံ့ရေးအတွက် ဆရာတော်များက ပရိယတ္တသည်သာလျှင် ပဓာနဟူ၍ ဖွင့်ဆိုတော်မူကြပါတယ်။ ဘုရားတပည့်တော်ကတော့ ပရိယတ္တိနှင့် ပဋိပတ္တအားထုတ်တော်မူကြသည့် သံဃာတော်များနှင့် ကျောင်းတိုက်များကို ကာကွယ်စောင့်ရှောက်ဖို့၊ ထိန်းသိမ်းပေးဖို့လဲ အထူးအရေးကြီးတယ်လို့ ဆိုချင်ပါတယ်ဘုရား။ တပည့်တော် လွန်ခဲ့သော ခုနှစ်ရက်က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်မြို့မှာ တရားဟောပါတယ်။ ကျောင်းတိုက်တွေ(၅၀)ရာခိုင်နှုးမှာ သံဃာတော်တွေ မရှိတော့ပါဘူး။ ဆွမ်းခံထွက်ရင် ရဲအစောင့်နဲ့ သွားရပါတယ်။ ချောင်းမြောင်း ပစ်ခတ် သတ်ဖြတ်မှုတွေ ရှိနေပါတယ်။
Religious Terrorisms တွေကြောင့် သာသနာတော် တည်တံ့ရေးအတွက်……
၁။ Preservation of Buddha Sasana (ဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့)
၂။ Protection of Buddha Sasana (ဗုဒ္ဓသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့)ဆိုတဲ့ ထိန်းသိမ်းခြင်းနဲ့ ကာကွယ် စောင့်ရှောက်ခြင်း နှစ်ခုဟာ အထူးပဲ အရေးကြီးပါတယ်ဘုရား။
ဒါကြောင့် သံဃာ့မဟာနာယကအဖွဲ့ကြီးကို ပိုမို၍ အင်အားကောင်းလာအောင် အားဖြည့်ဖို့ လိုပါတယ်ဘုရား။ သံဃာ့မဟာ နာယကအဖွဲ့ကြီးဟာ ကမ္ဘာအေး ရုံးခန်းထဲမှာ အစဉ်အလာလုပ်ငန်းတွေနဲ့ပဲ အချိန်ကုန်နေကြမှာဖြစ်တော့ အထက်ပါ လူမှုရေးနှင့် သာသနာ အန္တရာယ် ကာကွယ်ရေးတို့မှာ ခေတ်အမြင် တတ်သိနားလည်ခြင်းရှိ၊ ကျွမ်းကျင်မှုလည်းရှိသော သံဃာ့မဟာနာယက အဖွဲ့က ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း ဖွဲ့စည်းထားသော သံဃာ့နာယကအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင်လိမ့်မည်ဟု လျှောက်ထားအပ်ပါသည်ဘုရား။
ယနေ့မျက်မှောက်ခေတ်မှာတော့ ပေါ်ပေါက်လာကြတဲ့ အသင်းအဖွဲ့တွေကိုကြည့်တဲ့အခါ ခေတ်သစ်တစ်ခုရဲ့ ခေတ်ဆန်းချိန် တစ်ခုသို့ ရောက်ပြီဟု ပြောဆိုရလောက်အောင်ပင် အသစ်အသစ်ပေါ်ပေါက်လာကြတဲ့ အသင်းအဖွဲ့တွေဟာ နိုင်ငံရေးအသင်း အဖွဲ့တွေ လျော့ပါးသွားပြီးတော့ မျိုးချစ်စိတ်နဲ့ ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးတဲ့စိတ်ဓာတ်အခြေခံသော သာသနာတော် စောင့်ရှောက်ရေးအသင်းများ၊ ဝိပဿနာပြန့်ပွားရေးအသင်းများ၊ လူမျိုးစောင့်အသင်းများ၊ ကလေးသူငယ်စောင့်ရှောက်ရေး အသင်းများ၊ ကရုဏာအသင်းများ အစရှိသည်ဖြင့် မျိုးချစ်စိတ်ဓာတ်နှင့် သာသနာချစ်စိတ်ဓာတ်များကို အခြေခံသော အသင်းအဖွဲ့များ ပေါ်ပေါက်လာနေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြပါသည်ဘုရား။ ထိုအသင်းအဖွဲ့များအားလုံးကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကြီးက သင့်လျော်သော စည်းကမ်းချက်များဖြင့် ကောင်းစွာ အသိမှတ်ပြု၍ သံဃာ့မဟာနာယကအဖွဲ့ကြီး၏ အင်အားတစ်ရပ်အနေဖြင့် အသုံးပြုသွားနိုင်ရန် အထူးလိုအပ်ပါသည် အရှင်သူမြတ်တို့ဘုရား။
ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား……
မေခနှင့်မလိခမြစ်နှစ်စင်းတို့ မပေါင်းနိုင်လျှင် ဧရာဝတီမြစ် ဖြစ်လာမှာ မဟုတ်ပါဘုရား။ မေခနှင့်မလိခ ပေါင်းစည်းမိတဲ့အတွက် ဧရာဝတီဖြစ်လာတာပါဘုရား။ ‘ဧရာဝတီ’ဆိုတဲ့အမည်နဲ့ မြစ်ကြီးဖြစ်လာတော့ မေခ၊ မလိခ နာမည်တွေ မကျန်တော့ပါဘုရား။ ဗန်မော်မြို့နားရောက်တော့ ဧရာဝတီက ရွှေလီကို တွဲခေါ်သွားပါတယ်ဘုရား။ စစ်ကိုင်း အင်းဝနားရောက်ပြန်တော့ ဒုဋ္ဌဝတီမြစ်ကို တွဲခေါ်သွားပါတယ်ဘုရား။ ပခုက္ကူအောက်နား ရောက်တော့ ချင်းတွင်းမြစ်ကို ပေါင်းစည်း သိမ်းသွင်း ခေါ်ဆောင်ခဲ့ပါတယ်ဘုရား။ ဘယ်မြစ်ငယ်ကလေးများကမှ ငြင်းပယ်ခြင်း မရှိခဲ့ကြပါဘုရား။ မြစ်ငယ်လေးတစ်စင်းနှင့် တစ်ခါပေါင်းစည်းမိတိုင်း ဧရာဝတီရဲ့ ရေစီးအားဟာ တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန် မြင့်တက်ခဲ့ပါတယ်ဘုရား။ သို့မှသာ သာသနာ့အန္တရာယ် ကာကွယ်ရေးအတွက် အဆင်သင့် ဖြစ်မှာပါဘုရား။
ဆက်လက်ဖော်ပြပါမည်။


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...