Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ငှက်ပျောတိုင်းရွာလေး ရေရပြီ”

$
0
0
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာသစ် သောက်ရေဝယ်သုံးနေရလို့ ရွာသူရွာသားတွေ ရွာမှာ မနေဘဲ ပြောင်းရွှေ့သွားကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။
အခုတော့ ရေကန်တူးရာမှ ရေချိုထွက်လို့ တစ်ရွာလုံးကို ပေးဝေနေပါပြီ။
ရေကန်ကသေးတော့ နှစ်ရက်တစ်ခါပဲ ပေးဝေနေရပါတယ်။
ရေကန်ချဲ့ဖို့ရယ်၊ ခိုင်ခန့်အောင်ပြုလုပ်ဖို့ရယ်၊ ရေသန့်အောင်စီမံဖို့ရယ် လိုအပ်တဲ့ ငွေကျပ်(၆၁) သိန်းကို ဦးပဉ္စင်းဝီရသူက လှူလိုက်ပါပြီဗျာ။
ငှက်ပျောတိုင်းရွာလေး ပြန်လည်စည်ကားလာတော့မှာပါ။
ဒီငွေတွေကို အလွယ်တကူရခဲ့တာတော့ မဟုတ်ဘူးဗျ။
လက်ညှိုးထိုးခံ၊ မေးအငေါ့ခံ၊
တံတွေးအထွေးခံ၊ အဆဲခံ၊ အဆိုခံ၊
အခြိမ်းခြောက်ခံ၊ အလုပ်ကြံခံဘဝနဲ့ အန္တရာယ်ကြားထဲ တရားပွဲကျင်းပပြီးတော့မှ ရရှိလာတဲ့ သက်ရင်းချွေးနည်း စာလေးတွေပါဗျ။
ငှက်ပျောတိုင်းရွာသူရွာသားတွေ မိုးတွင်းမတိုင်မီ ရေကန်သစ်ကြီး အမြန်ပေါ်ပေါက်အောင် ကြိုးစားဆောင်ရွက် နိုင်ကြပါစေဗျာ။






“ငှက်ပျောတိုင်း စံပြကျေးရွာ ရေကန်ပြန်လည်ပြုပြင်ခြင်း ကုန်ကျငွေစာရင်း”
(က) ကျောက်ကျင်း(၁၅၀) ကျင်း၊ (၁) ကျင်းလျှင် တစ်သောင်းကျပ်နှုန်း(၁၅) သိန်းကျပ်။
(ခ) ပန်းရန်ခ(၁၈)သိန်းကျပ်
(ဂ) ထုံး(၂)ကျင်း ကားခ(၅) သိန်းကျပ်
(ဃ) ဘီလပ်မြေ (၁၀၀) လုံး=ကားခ(၆) သိန်းကျပ်
(င) သဲ(၄) စီး(၄)သိန်း
(စ) ဘက်ဖိုးခ တစ်နာရီလျှင် တစ်သိန်းနှစ်သောင်းကျပ်နှုန်း(၁၂) နာရီ(၁၄) သိန်း(၄)သောင်းကျပ်
(တစ်သိန်းလေးသောင်းကျပ်ကို ရေကန်အတွက် ပြန်လည် လှူဒါန်းသွား၍ ဘက်ဖိုးခအား(၁၃)သိန်းသာ ကုန်ကျ)။
ကုန်ကျမည့် ငွေစုစုပေါင်း(၆၀) သိန်းကျပ်
အပြင်ရေကန် အလျားပေ(၁၀၀) အနံပေ(၁၀၀) အနက်ပေ(၁၈)
အတွင်းရေကန် အလျားပေ(၇၀) အနံ ပေ(၆၀) အနက်ပေ(၂၀)
ဆက်သွယ်ရန်ဖုန်းများ-
ဦးသံဝရ-ငှက်ပျောတိုင်းတောင်ရွာသစ်=09.420093364
ဦးမာဃ=ငှက်ပျောတိုင်းတောင်ရွာသစ်=09.259023447
(ပို့စ်တ်ဟောင်းလေးကို ပြန်လည် တင်ပြပေးလိုက်ပါသည်)။




“အစစ်အမှန် ပြည်သူ့အသံ”
5.2.2014 မနက် 11:20 မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာသစ်ကို ရောက်ရှိခဲ့ပါသည်။
ငှက်ပျောတိုင်းရွာကျောင်းမှာ ဆွမ်းကြုံဝင်စားရင်း တပည့်လေးတွေနှင့် ရွာသားတွေရင်ဖွင့်သံကို ကြားနာခွင့်ရခဲ့ပါသည်။
ငှက်ပျောတိုင်းရွာကို နဝတက ပြောင်းခိုင်းတာ 2001 ခုနှစ်ကပါ။ ကျေးပင်အက် ရေလှောင်တမံ တည်ဆောက်ဖို့ စီမံကိန်းနှင့် မလွတ်တဲ့အိမ်ခြေ ၂၉၀ ကို ရွှေ့ခိုင်းပြီး၊ လွတ်တဲ့အိမ်ခြေ ၆၀ ကိုတော့ ချန်ထားခဲ့ပါတယ်။
ငှက်ပျောတိုင်းရွာသစ်စတည်တော့ ရေမီး ပြဿနာစတော့တာပါပဲ။ မီးက ဖြစ်သလို စီမံလို့ရပေမယ့် ရေကတော့ ဘယ်လိုမှ စီမံမရတဲ့အရာ ဖြစ်ပါတယ်။ ပေ-၇၀၀ ထိ တူးတာတောင် ရေကောင်းမထွက်ပါဘူး။ နွားကိုရေတိုက်ရင် နွားကရေကိုနမ်းကြည့်ပြီး နောက်ဆုတ်သွားပါတယ်တဲ့။ အဲဒီရေတွေကြောင့် ဗိုက်ပူ-ဗိုက်ကယ် ရောဂါတွေဖြစ်ကြတာ ရဟန်းသံဃာတွေတောင်ပါပါတယ်။
ဒါကြောင့် ရေကို  အခြားရွာမှ ဝယ်ယူသောက်သုံးနေရပါတယ်။ ရေတစ်စည်တစ်ထောင်ကျပ်ပါ။ ရေမဝယ်နိုင်သူတွေဟာ တောထဲတောင်ထဲ ပြောင်းရွှေ့သွားကြလို့ အခုဆို အိမ်ခြေ ၁၀၀ ကျော်ပဲ ကျန်ပါတော့တယ်။
ပြောင်းရွှေ့သွားသူတွေဟာ ရေအခက်အခဲတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တစ်ရွာလုံးရဲ့ လယ်ဧကပေါင်း(၄၉၀၀) ကို တပ်က သိမ်းသွားပြီးကတည်းက လယ်မဲ့ ယာမဲ့ အလုပ်လက်မဲ့ဖြစ်သွားကြလို့ လည်း ဖြစ်ပါတယ်။
အခုတော့ မန္တလေးမှ ဦးကိုကြီးတို့နှင့် ပူးပေါင်းပြီး တော်လှန်ရေးတစ်ရပ်ဆင်နွှဲဖို့ ပြင်ဆင်နေကြပါပြီ။
ရေပြဿနာကို ငှက်ပျောတိုင်းရွာနှင့် ကျေးဇူးမကင်းတဲ့ ရွှေဘိုလုပ်ငန်းရှင်တစ်ယောက်မှ သိန်းရာချီ စီမံကိန်း ဆောင်ရွက်ပေးခဲ့လို့ အဆင်ပြေသွားပြီးမှ ဆည်ရေခန်းသွားလို့ ရေပြန်ငတ်သွားခြင်းဖြစ်ပါတယ်။
အခုဆိုရင် ရေငတ်တာ ၂ နှစ်ကျော်ကြာပြီဖြစ်ပါတယ်
ရေကန်တူးဖို့ အစိုးရက သိန်း(၃၀) ချပေးရာမှာ ၁၅ သိန်းပဲ ပြည်သူ့လက်ထဲရောက်ပါသေးတယ်။ ဘတ်ဖိုး ငှားခ တစ်နာရီ ရှစ်သောင်းကျပ်ပေးရတဲ့အပြင် စက်ဆီဂါလံ ၂၀ ပေးရပါတယ်။ တစ်နာရီ ဂါလံ ၂၀ နှုန်းတောင်းလို့ သုံးရက်ပဲ ငှားနိုင်ခဲ့ပါတယ်။
ရွာသူ/သားတွေလည်း ငွေမထည့်နိုင်၊ အစိုးရပေးတဲ့ငွေ သိန်း(၃၀) ကျပ်ကလည်း ရေကန်တူးခတောင် မရှိ။ ရေကန်အုတ်ရိုးပတ်ဖို့၊ အချောကိုင်ဖို့၊ ရေစင်ဆောက်ဖို့၊ ရေစက်ဝယ်ဖို့ စသည် စသည် မတက်နိုင် မရွက်နိုင်ဖြစ်နေကြကြောင်း ငြီးငြူနေကြပါတယ်။
ကျေးပင်အက်ရေလျောင်တမံ ရေအားလျှပ်စစ်ပေမယ့် ရေလျှောင်တမံ ဓာတ်အားရုံနားက ဒီရွာ (ငှက်ပျောတိုင်းရွာ) လေးကတော့ မီးမရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ငွေကြေးမတက်နိုင်ကြလို့ပါပဲ။
ဒီရွာလေးရဲ့ အခက်အခဲကို လူကြီးတွေလာတိုင်း ပြောပြပါတယ်။ ကြာတော့ ပြောပြသူသာ ရှက်စရာဖြစ်နေပြီး လူကြီးတွေကတော့ အပြုံးမပျက်ကြပါဘူး။
ဒီရွာလေးရဲ့ ဒုက္ခတွေဟာ နဝတ မှာ တာဝန်ရှိသလား…?ဦးသာအေးမှာ တာဝန်ရှိသလား….?ဘယ်သူတွေမှာ တာဝန်ရှိသလဲ….? ဆိုတာ အစစ်အမှန် ပြည်သူ့အသံကို နားစွင့်နိုင်ပါတယ်နော်။
စုံစမ်းရန် ဦးဓမ္မပိယ=09.256302061





Viewing all articles
Browse latest Browse all 2129

Trending Articles