Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးစောင့်ဥပဒေဆိုတာ အမျိုးသမီးအခွင့်အရေး အပြည့်အဝ ရရှိစေရေးသာ”

$
0
0


ဘယ်အမျိုးသမီးမဆို မုန့်ကိုသာမျှဝေစားချင်တာ-အချစ်ကို မျှဝေစားချင်ကြတာမဟုတ်ဘူး။ အမျိုးစောင့် ဥပဒေပေါ်ပေါက်လာရင် တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးရမှာ ကြောက်ကြောက်လန့်လန့်နှင့် မျှဝေကျွေးနေ စရာမလိုတော့ဘူး။
ဒါကြောင့် အချစ်ကို တန်ဖိုးထားတဲ့ လူမျိုး အသီးသီးမှ အမျိုးသမီးတိုင်းဟာ ကိုယ့်ချစ်သူ ကိုယ့်ကို မထားရစ်အောင် အမျိုးစောင့်ဥပဒေကို ဝိုင်းဝန်းအားပေးကြရမယ်။
တစ်လင်တစ်မယား စနစ်တောင် မလာသေးဘူး။ ဘာသာကူးပြောင်းရေး မူကြမ်းပဲ ထွက်သေးတယ်။ ကက်ကက်လန်အဖွဲ့က အကြောက်အကန် လျှောက်လှန်နေတော့တာပဲ။
အမျိုးစောင့်ဥပဒေပေါ်လာရင် မူဆလင်မှန်သမျှ တိုင်းရင်းသူများ ဆန္ဒကိုသာ လိုက်လျောရမှာ-
တိုင်းရင်းသူတွေကို အနိုင်ကျင့်လို့ မရတော့ဘူး။
ဟိန္ဒူအမျိုးသမီးတွေကိုတောင် အနိုင်ကျင့်လို့ မရတော့ဘူး။
အမျိုးသမီးမှန်သမျှကို ဖျာလိုလိပ် ထိပ်တင်ထားဖို့ ပိုးမွေးသလို ဖူးဖူးမှုတ်ထားဖို့ ထုတ်ပြန်တဲ့ ဥပဒေပဲ ဖြစ်ပါတယ်။
ဒါကို အမျိုးသမီးတွေက ကန့်ကွက်တယ်ဆိုတော့ နားမလည်တော့ပါဘူး။
အမျိုးစောင့်ဥပဒေကို ကန့်ကွက်သူတွေဟာ ပါကစ္စတန်အမျိုးသမီးဘဝကိုတော့ မစာနာကြတော့ဘူးလား?
လွတ်လပ်တဲ့ တိုင်းပြည်မှ အမျိုးသမီးတွေဟာ မလွတ်လပ်တဲ့ တိုင်းပြည်ရှိ အမျိုးသမီးတွေကို ကယ်တင်ကြဖို့ လိုပါတယ်။
ဆူဒန်မှ ခရစ်ယာန်အမျိုးသမီး သေဒဏ်ပေးခံရတာမျိုး၊ ပါကစ္စတန် အမျိုးသမီးကို လူမဆန်စွာ သတ်ဖြတ်ပစ် လိုက်ကြတာမျိုး ကြုံတဲ့အခါတိုင်း ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေ ဆန္ဒဖော်ထုတ် ရှုတ်ချပေးကြပါလားဗျာ။
အမျိုးသမီးအခွင့်အရေး အပြည့်အဝရအောင် တောင်းဆိုပေးကြပါလားဗျာ။
ခေတ်ပြောင်း အမျိုးသမီးတော်လှန်ရေးတစ်ရပ်ကြီး ကမ္ဘာနှင့်ချီပြီး ဆင်နွှဲပေးကြပါလားဗျာ။




“ကိုယ်ဝန်ဆောင် ပါကစ္စတန်အမျိုးသမီးတစ်ဦး မိဘသဘောမတူသူနှင့်ယူ၍ ကျောက်တုံးများဖြင့် ပစ်ပေါက်သတ်ဖြတ်ခံရ”
လာဟိုး - ပါကစ္စတန်နိုင်ငံမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် လာဟိုးမြို့မှ တရားရုံးတစ်ခုပြင်ပတွင် မိသားစုက ၎င်းတို့သဘောမတူသည့် အမျိုးသားတစ်ဦးနှင့် လက်ထပ်ခြင်းအတွက် ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ဖာဇနာပါဗန် (၂၅)နှစ်ဆိုသူ အမျိုးသမီးသည် ခင်ပွန်းသည်အား သူမ၏ မိသားစုဘက်မှ အတင်းအကျပ်ခိုးယူပေါင်းသင်းမှုဖြင့် တရားစွဲဆိုသည်သည်ကို ရင်ဆိုင်ရန် တရားရုံးသို့အသွား မိသားစု၏ ကိုယ်တိုင်သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ စုံစမ်းရေးမှူးရာနာမူဂျာဟစ်က သေဆုံးသူအမျိုးသမီး၏ ဖခင်ကို လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့သည် ထိုစက်ဆုပ်ဖွယ် မှုခင်းဖြစ်ရပ်တွင် ပါဝင်သူများအားလုံးကို စစ်ဆေးနိုင်ရန် လုပ်ဆောင်နေကြောင်းပြောသည်။
ရှေးရိုးစွဲဆန်သော ပါကစ္စတန်မိသားစုများကြားတွင် သားသမီးများလက်ထပ်ခြင်းကို မိဘများကသာ စီစဉ်ချုပ်ကိုင်လေ့ရှိသည်။
ထို့ပြင် ပါကစ္စတန်တွင် ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်းဟုဆိုကာ နှစ်စဉ် ရာနှင့်ချီသည့် အမျိုးသမီးများမှာ အိမ်ထောင်ရေးဖောက်ပြားခြင်း (သို့မဟုတ်) မလျော်ကန်သည့် လိင်ပိုင်းဆိုင်ရာ အမူအကျင့်များကြောင့်ဟု စွပ်စွဲခံရပြီး ၎င်းတို့လင်ယောက်ျားများနှင့် ဆွေမျိုးသားချင်းများ၏ သတ်ဖြတ်ခြင်းခံနေရသည်။
ပါကစ္စတန်နိုင်ငံတွင် အစ္စလာမ်မစ်ဘာသာရေးဥပဒေ ရှာရီးယား အရ ကျောက်တုံးဖြင့် ပစ်ပေါက် သတ်ဖြတ်ခြင်း ဖြစ်စဉ်မျိုးမှာ အလွန်ရှားပါးသော်လည်း အင်္ဂါနေ့က ဖြစ်ပွားသည့် ယခုဖြစ်ရပ်မှာ နေ့လယ်ခင်းအချိန် လူအများဝိုင်းကြည့်နေသည့် မျက်မှောက်မှာပင် ဖြစ်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က သေဆုံးသူအမျိုးသမီးပါဗန်မှာ မိသာစုဆန္ဒနှင့် ဆန့်ကျင်၍ မိုဟာမတ်အစ်ကဘယ်(၄၅)နှစ်ဆိုသူကို လက်ထပ်ခဲ့ကြောင်းဆိုသည်။
ထို့နောက် ၎င်း၏ဖခင်ဖြစ်သူ မိုဟမ်မက်အက်ဇင်းမ်က တရားရုံးတွင် အစ်ကဘယ်အား သမီးဖြစ်သူကို အတင်းအကျပ်ခိုးယူပေါင်းသင်းမှုဖြင့် တရားစွဲဆိုခဲ့သည်။
မစ္စပါဗန်မှာ တရားရုံးတွင် အမှုရင်ဆိုင်ရန်လာစဉ် ကိုယ်ဝန်သုံးလလွယ်ထားသည်။ ၎င်းတို့ စုံတွဲသည် အင်္ဂါနေ့က တရားရုံးသို့ လာရောက်စဉ် ပါဗန်၏အဖေနှင့် အစ်ကိုများ၊ မောင်များပါဝင်သော ဆွေမျိုး (၂၀)ခန့် ပါဝင်သည့် လူအုပ်က ယောက်ျားဖြစ်သူလက်ထဲမှ ပါဗန်အား လုဆွဲကာ ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ခဲ့ခြင်း ဖြစ်သည်။
ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်အရ ပါကစ္စတန်နိုင်ငံတွင် 2013-ခုနှစ်က အမျိုးသမီး (၈၆၉)ဦးမှာ ဂုဏ်သိက္ခာကြောင့် သတ်ဖြတ်ခံရမှုများဖြင့် သေဆုံးခဲ့ရကြောင်း ဆိုသည်။
သို့သော် အင်္ဂါနေ့က ဖြစ်ပွားခဲ့သည် အဆိုပါဖြစ်စဉ်ကြောင့် ပါကစ္စတန်နိုင်ငံသားများမှာ အံ့အားသင့်ခဲ့ရသည်။

29.5.2014 7day daily news

Viewing all articles
Browse latest Browse all 2129

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ပိုင်းလော့မလေး မေပြည့်စုံအောင် ဗီဒီယိုဖိုင်ကို ဖြန့်လိုက်တဲ့ စည်းမစောင့်သူ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


သူ့ ကိုမချစ်ဘူး......


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။