Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပဲခူးမြို့နယ် အမျိုး ဘာသာ သာသာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)၏ သတင်းထုတ်ပြန် ကြေညာချက်”

$
0
0


၁၃၇၆-ခု၊ ကဆုန်လပြည့်ကျော်(၂)ရက်(၁၅.၅.၂၀၁၄) ကြာသပတေးနေ့။
၁။ ၁၃၇၆ခု၊ ကဆုန်လပြည့်(13.5.2014) အင်္ဂါနေ့၌ ရွှေမော်ဓောစေတီတော် ရင်ပြင်ပေါ်တွင် ကားဖြင့် တက်ရောက်၍ လှည့်ပတ်စီးသည်ဟု အွန်လိုင်းပေါ်တွင် ဓာတ်ပုံများနှင့်တကွ သတင်းများ ပျံ့နှံ့နေခဲ့ပါသည်။
၂။ ထိုသတင်းများနှင့်ပတ်သက်၍(15.5.2014) ကြာသပတေးနေ့ နံနက်(10:30) နာရီအချိန်တွင် ပဲခူးမြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ) ဥက္ကဋ္ဌဆရာတော်များ၊ အတွင်းရေးမှူး ဆရာတော်များက အလှည့်ကျ တာဝန်ရှိ ဂေါပကအဖွဲ့ဝင်(၄)ဦးတို့ကို ရွှေမော်ဓောစေတီရင်ပြင်ပေါ်ရှိ ဂေါပကအဖွဲ့ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။
၃။ ဂေါပကအဖွဲ့၏ ရှင်းလင်းတင်ပြချက်များမှာ………….
၁၃၇၆ ခု၊ ကဆုန်လပြည့်(13.5.2014) အင်္ဂါနေ့တွင် (7:00) နာရီအချိန်မှ နံနက်(9:00) နာရီအချိန်ထိ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တတိယအကြိမ် ညောင်ရေသွန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ထိုသို့ ပြုလုပ်ရာတွင် သြဝါဒစရိယ ဆရာတော်ကြီးများ၏ ကားများနှင့် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ကားများ စေတီ ရင်ပြင်ပေါ်ထိ တက်ရောက်ခဲ့ပါကြောင်း၊ ရင်ပြင်တော်ကို လှည့်ပတ်စီးနင်းခြင်း မရှိပါကြောင်း၊ ကားများ တန်းစီရပ်နားထားခြင်းသာ ဖြစ်ပါကြောင်း ရှင်းလင်း လျှောက်ထားကြပါသည်။
၎။ ဂေါပက အဖွဲ့ဝင် အဆက်ဆက် ကျင့်သုံးခဲ့သော မူဝါဒတစ်ခုမှာ
စေတီတော်ရင်ပြင်ပေါ်တက်ရန် ဓာတ်လှေကား၊ စက်လှေကားများ၊ မတပ်ဆင်နိုင်သေးသောကြောင့် ဆရာတော် သံဃာတော်များ သက်ကြီးရွယ်အိုလူပုဂ္ဂိုလ်များ၊ အထူးဧည့်သည်တော်များအတွက် စေတီ တော်ရင်ပြင်ပေါ်သို့ ကားဖြင့် တက်ရောက်ခွင့်ပြုခဲ့ကြောင်း လျှောက်ထားကြပါသည်။
၅။ ပဲခူးမြို့နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ) ဆရာတော်များမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို မေးမြန်းသောအခါ၌လည်း အလှည့်ကျဂေါပက အဖွဲ့ဝင်များနည်းတူ ပြန်လည် ဖြေကြား လျှောက်ထားကြပါသည်။
၆။ အထက်ပါသတင်းများနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာသာသနာတော်ဆိုင်ရာ၌ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် သတင်းရေးသားသူများအနေဖြင့် သတင်းမှန်များကိုသာ တိကျသေချာစွာ ထုတ်ဖော်ရေးသားကြပါရန် တိုက်တွန်းပါသည်။
၇။ တာဝန်ရှိသူများအနေဖြင့်လည်း နောက်နောင်တွင် အထူးသတိပြုဆောင်ရွက်ကြပါရန် အသိပေးပါသည်။
၈။ ကားဖြင့် စေတီရင်ပြင်ကို လှည့်ပတ်စီးနင်းကြောင်း မှန်ကန်ပါကလည်း ကန့်ကွက် ရှုတ်ချကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။
ပဲခူးမြို့နယ်
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ)။


Viewing all articles
Browse latest Browse all 2129

Trending Articles