Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

"ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့"

$
0
0
 ထေရ၀ါဒဓမ္မကွန်ရက်ရုံး၊ မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်၊ အာဇာနည်ဗိမာန်လမ်း၊ ရွှေတိဂုံစေတီတော်အလယ်ပစ္စယာ
"ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကာကွယ်စောင့်ရှောက်ရန် အထူးအရေးပေါ် တိုက်တွန်းလွှာ"
"ရွှေတိဂုံကို ကာကွယ်ပါ။"
"ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ"
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကာကွယ်စောင့်ရှောက်ရန်အတွက် အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ပါသည်။
၁။ အသင်းအဖွဲ့များမှ ရွှေတိဂုံစေတီအနီး ဆောက်လုပ်မည့် Dagon City One စီမံကိန်းအပါအဝင် အခြား မည်သည့်အထက်မြင့် အဆောက်အဦမှ ထပ်မံဆောက်လုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသော လုပ်ငန်းဆောင်ရွက်ချက်မျိုးကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ကြေညာခြင်း။
၂။ ရွှေတိဂုံစေတီတော်ကြီးကို ကာကွယ်ပါ ဟူသော လက်ကမ်းများ၊ ကြော်ငြာများ အင်တာနက်၊ လူမှုကွန်ယက်တို့မှတဆင့် အများပြည်သူသို့ အသိပေးဖြန့်ဝေခြင်း။
၃။ Dagon City One စီမံကိန်း လုံးဝရပ်ဆိုင်းပေးရန်နှင့် အထပ်မြင့် အဆောက်အအုံများ ဘုရားအနီး မဆောက်လုပ်စေရေး စုပေါင်းလက်မှတ်ရေးထိုး၍ သက်ဆိုင်ရာအသီးသီးသို့ တင်ပြခြင်း။
၎။ လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း၍ လုပ်ငန်းအား ဆက်လက်မလုပ်ကိုင်စေရန်နှင့် နောက်ထပ်မည်သည့် အထပ်မြင့်အဆောက်အအုံများကိုမျှ ဘုရားဝတ္တကမြေအနီး ပတ်ဝန်းကျင်တွင် ဆက်လက်မလုပ်ကိုင်စေရေး တင်သွင်းရန် လွှတ်တော်နှင့် အစိုးရအဖွဲ့သို့ တိုက်တွန်းခြင်း။
၅။ Dagon City One စီမံကိန်းအား လုပ်ငန်းဆောင်ရွက်မှု ရှိမရှိ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ စောင့်ကြည့် မှတ်တမ်းတင်ခြင်း။
၆။ စီမံကိန်းကို လုံးဝ ရပ်ဆိုင်းခြင်း မပြုပါက ရဟန်းရှင်လူပြည်သူအများ ပါဝင်သော လူထုဆန္ဒပြပွဲကြီးများကို ပြုလုပ်ကန့်ကွက်သွားမည်။ ဆန္ဒထုတ်ဖော်ရာတွင် တစ်နိုင်ငံလုံးရှိ ရွှေတိဂုံဘုရားအရေး စိတ်မအေးသူများ ပါဝင်သော အသင်းအဖွဲ့များ ချိတ်ဆက်ဆောင်ရွက်ခြင်းများကို ဆောင်ရါက်သွားမည်ဖြစ်သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကာကွယ်စောင့်ရှောက်ရန် နှိုးဆော်တိုက်တွန်းခြင်း
လွန်ခဲ့သော နှစ်ပေါင်း ၂၆ဝဝ ခန့်ကပင် တည်ရှိခဲ့သော ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံအတွက်သာမက ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ စေတီတော်မြတ်ကြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုအတွက် အရေးအကြီးဆုံးသော ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာ နေရာတစ်ခုဖြစ်ပြီး နိုင်ငံတကာ ခရီးသွားများ အလေးထားလေ့လာစရာ တစ်ခုဖြစ်သော ကမ္ဘာ့အဆင့် ရှေးဟောင်းယဉ်ကျေးမှုနေရာလည်း ဖြစ်ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် ဘုရင်မကြီးရှင်စောပုက သိင်္ဂုတ္တရကုန်းတော်အနီးတဝိုက် ၀တ္တကမြေအဖြစ် မြေ ၁၆၃ ဧကကို လှူဒါန်းခဲ့ကြောင်း သိရှိရပြီး၊ ထိုနယ်မြေကို အင်္ဂလိပ်နယ်ချဲ့များ မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်ချုပ်စဉ်က စစ်စခန်းချရာ ကန်တိုမင် (Cantonment) ဧရိယာအဖြစ် အသုံးပြုခဲ့ရာမှ ဂျပန်ခေတ်တွင်လည်း စစ်စခန်းများအဖြစ် ဆက်လက်အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း မြန်မာ့တပ်မတော်က စစ်ရုံးများ ဖွင့်လှစ်ကာ ဆက်လက်အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။
ယဉ်ကျေးမှုသမိုင်းတန်ဖိုး ဘာသာသာသနာအတွက် တန်ဖိုးကြီးများလှသော ရွှေတိဂုံစေတီတော်မြတ်ကြီးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန် စေတီတော်၏တစ်မိုင်ပတ်လည် ဧရိယာအတွင်းတွင် အထပ်မြင့် အဆောက်အအုံများ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသော လုပ်ဆောင်မှုမျိုးကို မလုပ်ဆောင်ကြရန် တားမြစ်ထားကြောင်းလည်း သိရှိရပါသည်။
ယခုအခါ သိင်္ဂုတ္တရကုန်းတော်အနီး မူလ၀တ္တကမြေတွင် ပါဝင်သော စစ်ရုံးနယ်မြေ ၂၂ ဧက တွင် မြို့တော်စီမံကိန်းကြီးတစ်ခုကို အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း သိရှိရသည့်အတွက် စီမံကိန်းကြီး အကောင်အထည်ဖော် တည်ဆောက်လျှင် ရွှေတိဂုံစေတီတော်မြတ်ကြီးကို အန္တရာယ်ရှိနေကြောင်း တွေ့ရှိရပါသည်။
"ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် အန္တရာယ်ရှိနေပြီ"
၁။ Dagon City One စီမံကိန်းကြီးအပါအဝင် ကုမ္ပဏီလေးခုက အဆင့်မြင့်လူနေတိုက်ခန်း မြောက်များစွာနှင့် ရုံးခန်း၊ ဈေးဆိုင်၊ စားသောက်ဆိုင် အခြားအစီစဉ်များစွာ ပါဝင်သော တည်ဆောက်ရေးစီမံကိန်းကြီးကို စတင်အကောင်အထည် ဖော်လျှက်ရှိနေသည်ကို စိုးရိမ်ဖွယ်ရာတွေ့ရှိရခြင်း။
၂။ ထိုစီမံကိန်းကြောင့် သိင်္ဂုတ္တရကုန်းတော် မြေဆီလွှာနှင့် ရေဝေရေလဲ သဘာဝကို ထိခိုက်စေမည်ဖြစ်ကြောင်း။
၃။ အဝေးမှ ဖူးမြင်ရသော ရွှေတိဂုံစေတီတော်မြတ်ကြီးကို အဆောက်အအုံ မြင်ကွင်းများ ပိတ်ဆို့သွားစေမည်ဖြစ်ခြင်း။
၎။ စီမံကိန်းဆောက်လုပ်ရန် မြေလွှာများကို တူးဖော်ခြင်း။ မြေဆီလွှာများအပေါ်တွင် ကွန်ကရစ်များ ဖုံးလွှမ်းခြင်းတို့ ပြုလုပ်ခြင်း။ ထို့ကြောင့် ဟန်ချက်ညီနေသော မြေအောက်ရေပုံမှန် လည်ပတ်မှု ဂေဟဗေဒစနစ်ကို ပျက်စီးစေပြီး သဲဆန်သော ကျောက်များဖြင့် ဖွဲ့စည်းထားသော သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် တန်ချိန်ပေါင်းများစွာဖြင့် တည်ထားသော ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများကို ထိခိုက်စေနိုင်ခြင်း။
၅။ မြို့ပြစီမံကိန်းတွင် နေထိုင်ကြမည့် လူများစွာတို့၏ မိလ္လာရေဆိုး အပါအဝင် စွန့်ပစ်အမှိုက် အညစ်အကြေးများစွာနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခြင်း။ ယာဉ်ကြောများ ပိတ်ဆို့ခြင်း။ ပြည်တွင်းပြည်ပ ဘုရားဖူးများ သွားလာရေးခက်ခဲကာ စိတ်နှလုံး  မချမ်းမြေ့စေခြင်း။
၆။ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံသားအားလုံး၏ နှလုံးသည်းပွတ်သဖွယ်ဖြစ်သော မြန်မာ့ပြယုဂ်ဖြစ်သည် သာမက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်တစ်ခုလည်း ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်တစ်ခုကြောင့် နောင် ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို အခုကပင် ကြိုတင်တွက်ဆကြည့်ရာ ဘုရားကြီးအတွက် အလွန်အရေးကြီးသော အန္တရာယ် ဖြစ်နေခြင်း။
၇။ ထိုစီမံကိန်းကြီးကို တည်ဆောက်လိုသူများအနေဖြင့် ရန်ကုန်မြို့ရှိ အခြားသော မြေနေရာ မြောက်များစွာတွင် ဆောက်လုပ်နိုင်ခြင်း။
၈။ စီမံကိန်းကြီးတည်ဆောက်ရန် သစ်ပင်များစွာကို ခုတ်လှဲခြင်းကြောင့် မြေကြီးအောက်တွင် စီးဆင်းနေသော မြေအောက် ရေအနေအထား ပြောင်းလဲသွားသဖြင့် ရန်ကုန်မြို့ကြီးအတွက် ပုံမှန်လည်ပတ်နေသော မြေအောက်ရေသိုလှောင် သုံးစွဲမှု မရနိုင်တော့သော အနေအထား ဖြစ်လာခြင်း။ မြေအောက်ရေသိုလှောင်မှု မိုးရေကို မသိုလှောင်နိုင်တော့ပါက ရန်ကုန်မြစ်အတွင်းမှ ဆားငံရေးများမှ မြေအောက်ရေချိုနေရာများကို အစားထိုးဝင်ရောက်လာနိုင်ခြင်း။ ဆက်စပ်မှုအဖြစ် သဘာဝအတိုင်း တည်ရှိနေသော ကန်တော်ကြီးရေပြင်အနေအထား ထိခိုက်နိုင်ခြင်း။
၉။ မြေအောက်သို့ မိုးရေစိမ့်ဝင်မှု လျှော့ကျသွားခြင်းကြောင့် နိမ့်ရာအရပ်များသို့ မိုးရေများ စီးဆင်းသွားခြင်းဖြင့် ရန်ကုန်မြို့ အနီးတစ်ဝိုက် ရေးကြီးရေလျှံမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း။
၁ဝ။ စီမံကိန်းတည်ဆောက်ရန် မြေကြီးများတူးဖော်ခြင်းကြောင့် မြေလွှာကျောက်သားများ ဘေးတိုက် ရွေ့လျားမှုဒဏ်၊ မြေလွှာနိမ့်ကျမှုဒဏ်များကို သိင်္ဂုတ္တရကုန်းတော်နှင့် အနီးပတ်ဝန်းကျင်နေရာများတွင် ခံရနိုင်ခြင်း စသည့် ဘေးအန္တရာယ်များကို ခံစားရနိုင်ပြီး၊ အခြားသော ထည့်သွင်းစဉ်းစားရမည့် အချက်အလက်များလည်း ရှိနေပါသေးသည်။
"ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း"

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကာကွယ်စောင့်ရှောက်ရန် လိုအပ်လာပြီဖြစ်ကြောင်း  သိရှိလာသော သံဃာ့အဖွဲ့အစည်းများ ဘာသာရေး လူမှုရေး အမျိုးသားရေး ၀ံသာနုရက္ခိတအသင်းအဖွဲ့များ မှ ပေါင်း၍ ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို (7.6.2015)ရက်နေ့တွင် ထေရဝါဒဓမ္မကွန်ရက် ရုံးစိုက်ရာ ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်လမ်း၊ ရွှေတိဂုံစေတီတော် အလယ်ပစ္စယရှိ မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပပြီး ဖွဲ့စည်းခဲ့ကြပါသည်။

Viewing all articles
Browse latest Browse all 2129

Trending Articles