Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) သဘောထားကြေညာချက်”

$
0
0
သာသနာတော်နှစ် ၂၅၅၉ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၇ ခု၊ ခရစ်နှစ် ၂၀၁၅ ခု
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဒဂုံစီးတီး ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဆောက်လုပ်ခွင့် ပြုလုပ်ပေးသော သက်ဆိုင်ရာ လူကြီးမင်းများသိစေရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၏ သဘောာထားကြေညာချက်

နေ့စွဲ။     ။ ၁၃၇၇ ခု၊ ပထမဝါဆိုလဆန်း (၁)ရက်၊ ၂၀၁၅ ခု၊ ဇွန်လ (၁၇)ရက်၊ ဗုဒ္ဓဟူးနေ့။
စာအမှတ်။      ။ ၄၀/မ.မ.သ/၂၀၁၅။

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ (၁၃၅)မျိုးသော တိုင်းရင်းသား တိုင်းရင်းသူ ညီအစ်ကို မောင်နှမများနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ အလေးဂရုပြုအပ်သော ဗုဒ္ဓဘာသာဝင်အားလုံး၏ ကိုးကွယ်ရာအစစ်ဖြစ်တော်မူသော ကမ္ဘာ့ရှေ့ဟောင်းအဓိပတိ စာရင်းဝင် ဗုဒ္ဓလေးဆူတို့၏ ဓာတ်တော်မွေတော်များစုဝေးရာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ထိခိုက် နစ်နာ ဆုံးရှုံးစေမည့် ဒဂုံစီးတီးစီမံကိန်းအား အပြီးအပိုင် ဖျက်သိမ်းပေးရန် တိုက်တွန်းတောင်းဆိုလိုက်သည်။ 
၂။ ဒဂုံစီးတီး စီမံကိန်းအား အကောင်အထည်ဖော် ဆောက်လုပ်မည့် ပိုင်ရှင်နှင့် ဆောက်လုပ်ခွင့်ပြုပေးသည့် မည်သည့် တာဝန်ရှိ ပုဂ္ဂိုလ်အားလုံးတို့သည် မိမိတို့၏ အကျိုးစီးပွားတစ်ခုတည်းကိုသာ မကြည့်ဘဲ ဘာသာ သာသနာတော်၏ အကျိုးကို မျှော်ကိုး၍ ကာကွယ်ပေးပါရန် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူအားလုံးတို့၏ ကိုယ်စား မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။ 
၃။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ပရဝုဏ်နှင့်နီးစပ်သော မြေနေရာများတွင် နိုင်ငံတကာအဆင့်မှီ အထပ်မြင့်တိုက်ကြီးများ ဆောက်လုပ်မည့် စီမံကိန်းအားလုံးတို့အား သက်ဆိုင်ရာ နိုင်ငံတော်သမ္မတကြီးနှင့် ဒုတိယသမ္မတကြီးများ လွှတ်တော်အသီးသီး၏ နာယကကြီးများနှင့် ဥက္ကဋ္ဌကြီးများ လွှတ်တော်အမတ်များအားလုံး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စည်ပင်ဝန်ကြီးနှင့် အိုးအိမ်နေရာစီမံ ဝန်ထမ်းအားလုံး၊ တိုင်းဒေသကြီးအသီး၏ ဝန်ကြီးချုပ်များမှ ဤစီမံကိန်းကြီးနှင့် ၎င်းနည်းတူ စီမံကိန်းအားလုံးတို့အား ဘယ်တော့အခါမှ ခွင့်ပြု ဆောက်လုပ်ခွင့် မပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုက်သည်။ 
၎။ ယခုပြုလုပ်နေသော ဒဂုံစီးတီး စီမံကိန်းနှင့် မည်သည့်စီမံကိန်းဖြင့် ဆောက်လုပ်မည့် စီမံကိန်းအားလုံးတို့သည် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အနီးပရဝုဏ်နှင့် အခြားစေတီတော်မြတ်ကြီးများ၏ အနီးပရဝုဏ်၊ ရှေးဟောင်းယဉ်ကျေးမှုလက်ရာ အဆောက်အအုံများအား ပျက်စီးစေမည့် စီမံကိန်းများအား မပြုလုပ်ကြရန် တောင်းဆိုလိုက်သည်။ ထိုသို့သောနေရာများတွင် ဆောက်လုပ်ခြင်း ဖျက်ဆီးခြင်းများ ပြုလုပ်မည်ဆိုပါက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချသွားမည်ဖြစ်ကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ သဘောထားကြေညာချက် ထုတ်ပြန်သတိပေးလိုက်သည်။ 

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ
(ရန်ကုန်)
ဥက္ကဋ္ဌ 
ဦးဉာဏဓမ္မ
အတွင်းရေးမှူး 
ဦးသုစိတ္တ


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...