Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပါရမီပျိုးခင်း သွေးလှူအသင်း ဒသမအကြိမ်မြောက် သွေးလှူဒါန်းပွဲ”

$
0
0

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ (မစိုးရိမ်) တည်ထောင်သော 
“ပါရမီပျိုးခင်း သွေးလှူအသင်း”၏ ဒသမအကြိမ်အဖြစ် ကျောက်ဆည်မြို့၊ ကံဦးရပ်၊ မင်းကုန်းမဟာစာသင်တိုက်၌ ကျင်းပမည်ဖြစ်ရာ စေတနာရှင်၊ မေတ္တာရှင်၊ ကရုဏာရှင်၊ ရဟန်း ရှင် လူ မည်သူမဆို သဒ္ဓါပေါက်၍ လာရောက်လှူဒါန်းနိုင်ပါကြောင်း စေတနာအရင်းခံ၍ ကြေညာသတင်းမှန် ပေးပို့အပ်ပါသည်။ 
ယခု “ပါရမီပျိုးခင်းသွေးလှူအသင်း”၏ ဒသမအကြိမ်မြောက် သွေးလှူဒါန်းပွဲသည် “ဘဒ္ဒန္တဝိစိတ္တာဘိဝံသ” အရှင်ဝီရသူ (မစိုးရိမ်)၏ (၄၇)နှစ်ပြည့် ဝိဇာတ မွေးနေ့အထိမ်းအမှတ်အဖြစ် ၎င်း၏ ဇာတိဖြစ်သော ကျောက်ဆည်မြို့တွင် လာရောက်ကျင်းပခြင်း ဖြစ်ပါသည်။ 

မေတ္တာဖွေးလက်
သွေးတစ်စက်
ပေးဆပ်လေသော်
ဥပပါရမီ
မြတ်ဂုဏ်ရည်
ရွှေပြည်နိဗ္ဗာန် ရောက်လေသော်။

သွေးလှူရှင်များအား ဆရာတော် ဝီရသူ ဟောကြားသော တရားခွေနှင့် အားဆေး၊ ဘောလ်ပင်များလည်း မေတ္တာလက်ဆောင်အဖြစ် အမှတ်တရ ပေးအပ်လှူဒါန်းမည်ဖြစ်ပါသည်။ 
သွေးလှူဒါန်းပွဲအပြီးတွင် သဒ္ဓါကြည်ဖြူ ပါရမီအလှူရှင်များ၏ သွေးလှူဒါန်းခြင်း “ဒါနဥပပါရမီ” ကုသိုလ်ကောင်းမှု အစုစုအတွက် ဆရာတော်ဦးဝီရသူမှ ရေစက်ချ အနုမောဒနာတရား ဟောကြားချီးမြှင့်မည် ဖြစ်ပါသည်။ 




Viewing all articles
Browse latest Browse all 2129

Trending Articles