Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

"ခေတ်နှင့်အညီ ဖျက်ဆီးနေမှုကို လက်မခံပါ (၂)"

$
0
0

အရှင်ထာဝရက''အဓိကအနေနဲ့ မ.ဘ.သ အဖွဲ့ကြီးရဲ့ မလျော်ညီတဲ့အပြုအမူလုပ်ရပ်တွေ ကြောင့် နိုင်ငံတကာအသိုင်းအဝန်းမှာ မျက်နှာ ပျက်စရာတွေနဲ့အလွန်များနေပြီဖြစ် ပါတယ်''လို့ ရေးသားထားပါတယ်။ မ.ဘ.သ အဖွဲ့ကြီးရဲ့ ဘယ်လုပ်ရပ်ကများဘာတွေနဲ့ မလျော်ညီနေတာပါလဲ။ မ.ဘ.သ အဖွဲ့ကြီးရဲ့ လုပ်ရပ်ဟာ ဓမ္မဝိနယကိုသွေဖည်ဆန့်ကျင်တဲ့ လုပ်ရပ်ကိုတော့ လမ်းစဉ်ချမှတ်ခြင်းလည်းမရှိ၊  လုပ်ကိုင်ဆောင်ရွက်ခြင်းလည်းမရှိပါဘူး။ လူ့ အခွင့်အရေးလို့ ကုန်းအော်နေသူတို့ရဲ့ ပေတံနှင့်တိုင်းတာ ရင်တော့ လူ့အခွင့်အရေး သမားတွေသတ်မှတ်ချက်နှင့် မလျော်ညီဘူးလို့ တော့ အစွပ်စွဲခံရနိုင်ပါတယ်။
    ''အမုန်းတရားတွေကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံလှုံ့ဆော်ပြောဟောရမယ့် အလုပ်ဟာ သံဃာတော်တို့အလုပ်မဟုတ်ပါဘူး''လို့ရေးသားထားပြန်တယ်။ ဘာသာခြား လူမျိုး ခြားတို့ရဲ့ ပေါ်တင်တစ်မျိုး တိတ်တိတ်တစ်ဖုံနဲ့ မြန်မာပြည်,မြန်မာလူမျိုး,မြန်မာတို့ကိုးကွယ် ရာဗုဒ္ဓအဆုံးအမ ဗုဒ္ဓသာသနာတော်ကြီးကို ကွယ်ပျောက်သွားအောင် စီမံကိန်းတွေချပြီး ပြည်တွင်းပြည်ပကြိုးစားအား ထုတ်နေကြတာဟာ ဒဏ္ဍာရီမဟုတ်ပါဘူး။ တကယ်ဖြစ်နေတဲ့ဖြစ် ရပ်တွေပါ။ တစ်ချိန်ကဗုဒ္ဓဘာသာဝင်တွေ နေထိုင်တဲ့အရပ်ဒေသတွေမှာ ဘာသာခြားတစ် ယောက်လောက်ရောက်လာတာနဲ့ သူတို့ရဲ့လူ ဖေါက်ပြီးသူတို့ဘာသာတရားပြန့်ပွါးအောင် ပြုလုပ်မှု၊ စီးပွါးရေးအရဝါးမျိုမှုတွေကြောင့် အဲဒီဒေသတွေ မှာ ဆယ်နှစ်ဆယ့်ငါးနှစ်အတွင်း ဗုဒ္ဓဘာသာဝင်ဦးရေ ပျောက်ကွယ်သွားပြီး ဘာသာခြားတွေလွှမ်း မိုးသွားတဲ့အရပ်ဒေသ တွေမရှိပါဘူးလို့ အရှင်ထာဝရငြင်းနိုင်ပါသလား။ ဒီလိုအယူဝါဒရှိသူတွေဟာ ဒီလိုခြေလှမ်းတွေ ရှိတယ်၊ သတိထားဆောင်ရွက်ကြပါလို့ပြောဟောတာကို အမုန်းတရားတွေကိုလှုံ့ဆော်   ပြောဟောနေတယ်လို့ စွပ်စွဲချင်တာလား။ အခုအမျိုးသားရေးတရားဟောကြားနေတဲ့ သံဃာတော်တွေဟာ ဘယ်ဘာသာခြားကို သတ်ပါ၊ ရိုက်ပါ၊ နှိပ်စက်ပါလို့ပြောတာမျိုး မရှိကြပါဘူး။ ရဟန်းစစ်ရဟန်းမှန် အနေနဲ့ဒီလို လည်း မပြောပါဘူး။ ပြောလည်းမပြောကောင်း ပါဘူး။ ဒါပေမယ့်တကယ်ဖြစ်တဲ့ ဖြစ်ရပ်မှန်ကို တော့ နောင်ဒီလိုအဖြစ်မျိုး အဖြစ်မခံရအောင် သင်ခန်းစာယူပြီး ရှောင်ကြဉ်နိုင်ရေးအတွက် တော့ ဟောရမှာပေါ့။ အဲဒီလို ဟောတာကို အမုန်းတရားဟောတယ်လို့ဆိုချင်တာလား။ ဘာသာခြားတို့ရဲ့နေ့စဉ်သူတို့သက်ဆိုင်ရာ ဝတ်ကျောင်းတွေက ဘာတွေအော်နေတယ် ဆိုတာရော အရှင်ထာဝရကျကျနနသိပါ ရဲ့လား။ တကယ်ရိုးသားမှုရှိပါက မြန်မာ ပြည် မှာနေရင်မြန်မာအများနားလည် နိုင်တဲ့အသံနဲ့  မဆော်သြသင့်ဘူးလား။ ဘာသာပြန်တွေကို ဖတ်ကြည့်ပြီးသိရှိရတဲ့ အဓိပ္ပါယ်အရတော့ အမုန်းတရားတွေဖြစ်ပွါး အောင်လှုံ့ဆော်နေတာဟာ ဘယ်သူတွေလဲဆို တာကို အရှင်ထာဝရသန္တာန်မှာ စစ်မှန်တဲ့မျက်စိ နားပါရင် မြင်နိုင်ကြားနိုင်ပါလိမ့်မယ်။ ဒီလိုမှ မမြင်တတ်ရင်တော့''ဒုက္ခော ဗာလေဟိ သံဝါသော၊ အသေဝနာစ ဗာလာနံ''အစရှိတဲ့ ဓမ္မဒေသနာတော်တွေကို ဟောကြားတော် မူတဲ့ဗုဒ္ဓရှင်တော်မြတ်ကိုတောင် အမုန်း တရားဖြန့်ဖြူးနေသူလို့ အရှင်ထာဝရတို့အုပ်စု ကစွပ်စွဲကြမလားမသိဘူး။
   ''မေတ္တာတရားလက်ကိုင်ထားပြီး လူသား တွေငြိမ်းချမ်းဖို့အတွက် ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီ သာသနာပြုကြရမှာဖြစ်ပါတယ်''တဲ့။  တော်တော် နားထောင်လို့ကောင်းတဲ့ စကားလုံးဖြစ်ပါတယ်။ ဒါကြောင့်ပဲ အခုတလောမှာ မေတ္တာတရားနဲ့ နိုင်ငံတော်ဆိုတဲ့ခေါင်းစီးကို အသုံးပြုပြီးတွေ့ဆုံ ဆွေး နွေး အပုပ်ချရေးအလုပ်တွေလုပ်နေကြတာ ထင်ပါရဲ့။ အမျိုးသားရေးအကြောင်းအရာများ ကို ဟောပြောရေးသား အသိÓဏ်ပွါးအောင် ဆောင်ရွက်နေကြတဲ့သံဃာတော်တွေနဲ့ အမျိုး ချစ်စာရေးဆရာတွေဟာ တစ်ဖက်ဘာသာနှင့် ¤င်းတို့ရဲ့ဘာသာဝင်တွေကို မုန်းလို့,ရန်ပြုချင် လို့ ဟောပြောရေးသားနေကြတာမဟုတ် ပါဘူး။ ကိုယ်ယုံကြည်ရာကို ကိုယ်ဟာကိုယ် လွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်၊ ရေးသားခွင့် မြန်မာပြည်မှာ ပေးထားပါတယ်။ ဒါပေမယ့် သူတို့ယုံကြည်ရာကို သူတို့ကိုးကွယ်သလို တခြားပုဂ္ဂိုလ်တို့ ယုံကြည်ရာကိုလည်းလွတ် လွတ်လပ်လပ်ယုံကြည်ကိုးကွယ်ခွင့်ကိုပေးရမှာပေါ့။ အဲဒီလိုပေးတယ်ဆိုရင် သပြေညွှန့်လေး သောက်ရေခွက်ထဲထည့်ပြီးယတြာချေမိတာနဲ့ ရက်ရက်စက်စက်အသတ်ခံရတဲ့  အလုံမြို့က စုစုလတ်ရဲ့ ဖြစ်ရပ်မျိုး ဖြစ်စရာအကြောင်း မရှိပါဘူး။ ဘာသာခြားနဲ့မျက်စိလည်လမ်း မှားပြီး   ညားကြတဲ့မြန်မာတိုင်းရင်းသူတွေဟာ တစ်ရာ ဆိုရင် ကိုးဆယ့်ကိုးယောက်လောက်က မိမိတို့ကိုးကွယ်ရာ  ဗုဒ္ဓဓမ္မသံဃကိုစွန့်ပယ်ပြီး ဘာသာခြား လင်ယောက်ျားရဲ့အလိုကျ သူတို့ ကိုးကွယ်ရာဘာသာကိုပြောင်းပြီး ကိုးကွယ် ရတာဖြစ်ပါတယ်။ ဒီလိုဘာသာပြောင်းပြီး ကိုးကွယ်ရတာဟာ မိန်းကလေးက အဲဒီ ဘာသာကို နှစ်သက်သဘောကျလို့ပြောင်းပြီး ကိုးကွယ်တယ်ဆိုတာ အင်မတန်နည်းပါတယ်။ ခြိမ်းခြောက်အကျပ်ကိုင်ပြီး အတင်းဘာသာ ပြောင်းခိုင်းတဲ့အတွက် ပြောင်းလဲကိုးကွယ်ရ ခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ် မျိုးမြန်မာပြည်မှာ မရှိပါဘူးလို့ အရှင်ထာဝရတို့အုပ်စုငြင်းရဲ သလား။ အရှင်ဘုရားတို့ မေတ္တာတရားတွေကို မြန်မာပြည်အနောက်ခြမ်း ရခိုင်ပြည်နယ် ဗူးသီး တောင်မောင်တောဒေသတို့၊ အမရပူရ မြို့နယ် ဗုံးရွာတို့၊ ကျောက်ဆည်မြို့နယ်လက်ပန်ရွာတို့ အထက်ပိုင်း မြန်မာပြည် မြစ်ကြီးနားမှ အစ အောက်ပိုင်းမြန်မာပြည် ရန်ကုန်အထိ ရထားလမ်းတစ်လျှောက် မွတ်ဆလင်ကုလားအုပ်စု များစွာနေကြတဲ့ အရပ်ဒေသများကြို<ွကရောက် ၍ဖြစ်စေ၊ မော်လမြိုင်, ဘိတ်, ထားဝယ်ဘက် အရပ်ဒေသများကိုြ<ွကရောက်၍ဖြစ်စေ၊ ဆော်ဒီနိုင်ငံတို့ အိုင်အက်စ်လွှမ်းမိုးထိန်းချုပ် ထားရာဒေသများကိုြ<ွကရောက်၍ဖြစ်စေ အဲဒီလို အယူဝါဒရှိတဲ့သူတွေကို အခြားသူတို့ကို လည်း  သူယုံကြည်ရာ လွတ်လွတ်လပ်လပ် ကိုးကွယ်ပါစေလို့  မေတ္တာတရားထားပြီး ဟောကြားပေးပါရန်တောင်းပန်လိုပါတယ်။
     နောက် အရှင်ထာဝရက''စစ်တစ်ပိုင်းအစိုးရ ရဲ့အထောက်အပံ့အတွေနဲ့လည်ပတ်လှုပ်ရှား နေတဲ့ မ.ဘ.သအောက်ခြေသံဃာငယ်တွေရဲ့ ဟောပြောမှုတွေကို နားထောင်ကြည့်တဲ့အခါ စကားအပြောအဆို ကြမ်းတမ်းလှပါတယ်''လို့ ရေးသားပြန်ပါတယ်။ မိမိရေးသားထားတဲ့ အရေးအသားအပေါ်မှာ တာဝန်ယူရဲသလား။ စစ်တစ်ပိုင်း အစိုးရအထောက်အပံ့တွေနဲ့ဆိုတဲ့ အရေးအသားမှာ ဘယ်နေရာမှာ ဘယ်စစ်တစ် ပိုင်းအစိုးရပုဂ္ဂိုလ်က ဝတ္ထုငွေတွေဘယ်လောက်၊ အခြားပစ္စည်းတွေ ဘယ်လောက်အထောက် အပံ့ ပေးတာတွေ့ဖူးပါသလဲ။ လက်ခံတဲ့ သံဃာတော်တွေက ဘယ်သံဃာတွေပါလဲ။ မိမိရေးသားချက်ကို ဘုရားရှေ့မှာ သစ္စာဆိုရဲ ပါသလား။ မိမိတို့ကဘယ်စစ်တစ်ပိုင်းအစိုးရရဲ့ အထောက်အပံ့ ကိုမှယူပြီး မ.ဘ.သလုပ်ငန်း စဉ်တွေကိုလုပ်ကိုင်နေတာ မဟုတ်ဘူးဆိုတာ ဘုရားရှေ့မှာသစ္စာဆိုရဲတယ်။  မိမိတို့ မ.ဘ.သ ရဲ့ ရပ်တည်ချက်ဟာ စစ်တစ်ပိုင်းအစိုးရရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေတာမဟုတ်ဘူး။ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့    ပြည်ထောင်စုဖွါးတိုင်းရင်းသားများရဲ့ အထောက် အပံ့နဲ့ ရပ်တည်နေတယ်ဆိုတာကို အခြေအမြစ် မခိုင်ပါဘဲစွပ်စွဲပြောဆိုရေးသားနေတဲ့ အရှင် ထာဝရတို့လိုပုဂ္ဂိုလ်များ သိစေချင်ပါတယ်။ အမျိုး ဘာသာ သာသနာအရှည် တည်တံ့ရေး အသိÓဏ်ပေး ဟောပြောနေတဲ့သံဃာငယ်တွေရဲ့ အပြောအဆို တွေဟာ ကြမ်းတမ်းလှပါတယ် လို့ရေးသားတဲ့ အရှင်ထာဝရဟာ မိမိနှင့်ဘာသာမတူသူတွေကို ခေါင်းဖြတ်သတ်ရမယ်လို့ပြောဆိုဝါဒဖြန့်ပြီး တကယ်တမ်းလည်း သူတို့နှင့်ဘာသာမတူ သူတွေကို ရက်ရက်စက်စက်ကြိမ်းမောင်းဆဲဆို သတ်ဖြတ်နေသူတွေရဲ့စကားသံနဲ့ လုပ်ရပ်ကို တော့ အတော်နားဝင်ချိုပြီး နှစ်သက်သဘောကျ နေပုံရတယ်။
   ''ဗုဒ္ဓသာသနာတော်မှာအပြစ်ရှိတဲ့လူ တွေက ပြန်လည်ဝန်ချတောင်းပန်ရင် ခွင့်လွှတ်ပေးရတဲ့ မေတ္တာတရားကိုဥပေက္ခာပြု ပြီး မ.ဘ.သအဖွဲ့အနေနဲ့ အာဏာရှင် အကြိုက် လုပ်ဆောင်နေတာကို ဆရာထင်လင်းဦး ဖြစ်ရပ်နဲ့အတူ မျက်မြင်တွေ့နေရပြီးဖြစ်ပါတယ်''လို့ အရှင်ထာဝရက ရေးသားထားပြန်ပါ တယ်၊ သြော် လက်စသတ်တော့ အရှင်ထာဝရ ဟာ ထင်လင်းဦးရဲ့ရှေ့နေဖြစ်နေတာကိုး။ ထင်လင်းဦးပြောဆိုတဲ့စကားတွေ သူတို့ ပါတီ အလိုကျ နှဖားကြိုးထိုးပြီး သူတို့ခိုင်းတာလုပ်၊ သူတို့ဘက်ကရပ်တည်နေတဲ့ ကိုယ်တော် အချို့ကိုတော့ ဝေဖန်အပြစ်ပြောတာ မပါပေမယ့်၊ ဗုဒ္ဓရှင်တော်မြတ်ကိုရယ် အမျိုးဘာသာ သာသနာ  ကာကွယ်စောင့်ရှောက်ရေးကိစ္စကို ဆောင်ရွက်နေတဲ့သံဃာတွေကိုရယ် စော်ကား ပုတ်ခတ်တာသေချာနေပါတယ်။ ဘုရား၊ တရား၊ သံဃာကိုစော်ကားရင် သပိတ်မှောက်ကံဆောင် ရမယ်ဆိုတာ ဘုရားဝိနည်းတော်မှာပါပါတယ်။ အင်းစိန်ရွာမဆရာတော်ကြီးထံ ဝတ်ကျေ တန်းကျေလာရောက် တောင်းပန်တဲ့အတွက် ဆရာတော်ကြီးက ငါတို့ကတော့ခွင့်လွှတ်ပါ တယ်လို့မိန့်ကြားတာလည်းရှိပါတယ်။ ချောင်းဦး မြို့နယ်ကသံဃာတော်တွေကသပိတ်မှောက် ပါတယ်။ အဲဒါကို ထင်လင်းဦးဆိုတဲ့ ပုဂ္ဂိုလ်က သူ့မှာဒီလိုပြောလို့ဘာအပြစ်မှမရှိပါဘူးတဲ့။ ဒါပေမယ့် ဆရာတော်တွေ စိတ်မချမ်းမသာ   ဖြစ်နေတာတွေ့ရလို့ တောင်းပန်ပါတယ် လို့ ပြောဆိုတာကိုသိရပါတယ်။ ထိုင်ပြီး လက်အုပ်ချီမိုးရှိခိုး ကန်တော့တောင်းပန်တာ ဟုတ်မဟုတ် မိမိတို့မသိရပါ။ ပြီးတော့သူ့မှာ အပြစ်ရှိလို့ တောင်းပန်တာမဟုတ်ဘူး။ သူ့မှာအပြစ်မရှိဘူးဆိုတဲ့ ယူဆချက်ဟာ ဘယ်လို ယူဆချက်မျိုးဖြစ်ပါသလဲ။ ဒီလောက် ကြီး ဘာသာသာသနာနဲ့ သံဃာတော်တွေ ကို စော်ကားထားတာကို အပြစ်မရှိဘူးလို့ ခံယူထားသလား။ အဲဒီလို တောင်းပန်လို့သံဃာ တော်တွေကသဘောထားကြီးစွာဘယ်လောက်ပဲ ကျေနပ်ခွင့်လွှတ်သည်ဖြစ်စေ ဥပဒေဟာ ဥပဒေအတိုင်းဆောင်ရွက်မှာပါပဲ။ အရှင် ထာဝရရဲ့ရေးသားချက်မှာ မ.ဘ.သဗဟို ဥက္ကဋ္ဌ ဆရာတော်ကြီးက ခွင့်လွှတ်ပါလျက် အောက် ခြေကဖမ်းဆီးထောင်ချအောင်ဖိအားပေးနေ တယ်လို့ စွပ်စွဲရေးသားထား တာတွေ့ရပါတယ်။ ထင်လင်းဦးကိုတရားစွဲတာဟာ မ.ဘ.သ က စွဲတာ မဟုတ်ပါဘူး။ ချောင်းဦးမြို့နယ်သာသနာ ရေးမှူးကစွဲတာပါ။ ဘုရား၊ တရား၊ သံဃာကို စိန်ပြေနပြေ စော်ကားပုတ်ခတ်ဆဲရေးတာကို ဟန်ဆောင် ပန်ဆောင်တောင်းပန်တာနဲ့ ခွင့်လွှတ်နိုင်တယ်ဆိုရင် အရှင်ထာဝရကို လက်တွေ့ စမ်းသပ်ချင်ပါတယ်။ အရှင် ထာဝရ မျက်မှောက်မှာတည်ရှိပြီးအရှင်ထာဝရ ရဲ့ ငယ်ကျိုးငယ်နာ မိဘမျိုးရိုး ကိုယ်ကျင့် သိက္ခာအစရှိတာတွေကို ရစရမရှိအောင်ဆဲရေး ပုတ်ခတ်တိုက်ခိုက်ပြောဆိုပြီးမှ အရှင်ဘုရား တပည့်တော်မသိမိုက်မဲလို့ ပြောဆိုမိတာ ခွင့်လွှတ်ပါ လို့တောင်းပန်ရင် အရှင်ထာဝရ ပြုံးပြုံးကြီးနဲ့ လက်ခံခွင့်လွှတ်နိုင်တယ်ဆိုရင် လက်တွေ့ စမ်းသပ်လိုက်ကြရအောင်။ ကိုယ့် အလှည့်ကျရင်မနွဲ့စတမ်း။ ဘယ်လိုလဲ၊ လက်ခံနိုင်မလား သိချင်ပါတယ်။
   ''ကမ္ဘာမှာ ဘာသာရေး လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာပြည်ဟာ နှစ်ပေါင်း မြောက်များစွာပါဝင်နေပါတယ်''လို့ အရှင် ထာဝရက စွပ်စွဲလိုက်ပြန်ပါပြီ။ အရှင် ထာဝရ ကမ္ဘာလှည့်နေတာဟာကိုယ့်အမိ မြန်မာပြည်ရဲ့ ဂုဏ်ကိုဖျက်ဖို့အတွက်လှည့်လည် နေတာလား။ တက်ဖို့အတွက် လှည့်လည်နေ တာလားမေးချင်ပါတယ်။ မြန်မာနိုင်ငံမှာတည် ရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေ တနင်္ဂနွေနေနေ့ တိုင်း သူတို့ရဲ့ချာခ်ျကျောင်းတွေမှာ ဝတ်ပြု           ဆုတောင်းမှုလွတ်လွတ်လပ်လပ် ပြုခွင့် ရှိပါတယ်။ ဘယ်သူကမှ တားမြစ်ခြင်း မရှိပါဘူး။ မြန်မာပြည်မှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေ သောကြာနေ့တိုင်း သူတို့ရဲ့    ဗလီတွေမှာ ဝတ်ပြုဆုတောင်းတာကို ဘယ်သူ မှ ကန့်ကွက်တားမြစ်ခြင်းမရှိပါဘူး။ အစ္စလာမ် ဘာသာဝင်တွေဟာ အခြားနေ့တွေမှာလည်း နံနက်(၅)နာရီအချိန်လောက်ကစပြီး သူတို့ သတ်မှတ်တဲ့အချိန်ရောက် တိုင်းလော်စပီကာ တပ်ပြီးဝတ်ပြုဆုတောင်းနေတာကို ဘယ်သူမှ ဝတ်မတက်ရလို့ ကန့်ကွက်ချုပ်ချယ်တား မြစ်ခြင်းမရှိပါဘူး။ ဟိန္ဒူဘာသာဝင်တွေလည်း သူ့တို့ယုံကြည်ချက်အတိုင်း လွတ်လပ်စွာ ဘာသာရေးဆောင်ရွက်ခွင့်ရရှိနေပါတယ်။
     အစိုးရက နိုင်ငံရေးနှင့်ပတ်သက်လာရင်သာ တားမြစ်ပါလိမ့်မယ်။ ဘာသာရေးနဲ့ပတ်သက်လို့ တော့ သူတို့လည်းသိပ်စိတ်ဝင်စားခြင်းမရှိတဲ့ အတွက် တားမြစ်မှုမရှိပါဘူး။ ဒီလိုလွတ်လပ်စွာ ကိုယ်ယုံကြည်ရာကို ပြုလုပ်ခွင့်ရပါလျက် မြန်မာ ပြည်မှာဘာသာရေးလွတ်လပ်ခွင့်မရှိဘူးလို့      အရှင်ထာဝရပြောဆိုရဲတာဟာ အရှင်ထာဝရ ကိုယ်တိုင် မြန်မာလူမျိုးမှဟုတ်ပါလေစွ။ မြန်မာလူမျိုးဟုတ်ခဲ့ရင်လည်း ဒေါ်လာကို ယူပြီးတော့များ လူ့အခွင့်ရေးလို့အော်နေသူတို့ စိတ်ကြိုက်လိုက်ပြီး ရေးသားနေသလားလို့ တောင် သံသယဖြစ်မိပါတယ်။  ဒီလို ဆိုရင်  ဆော်ဒီအာရေဗျလို အစ္စလာမ်ဘာသာပေါ်ထွန်း တဲ့နိုင်ငံမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတည်ပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဘာသာရေးအခမ်းအနားကို လွတ်လွတ်လပ်လပ် ပြုလုပ်ခွင့်ရအောင် အရှင်ထာဝရဆောင်ရွက် နိုင်မယ်ဆိုရင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ကို တိုက်တွန်းနှိုးဆော်ပြီး အရှင်ထာဝရကို ဗုဒ္ဓသူရဲကောင်းဆုအပ် နှင်းလှူဒါန်းပါ့မယ်။ အရှင်ထာဝရကြိုးစားကြည့်ပါအုံး။
    ''မ.ဘ.သအဖွဲ့ကြီးဖွဲ့ပြီး မျိုးစောင့်ဥပဒေရေး ဆွဲပြီး လွှတ်တော်မှာ အတည်ပြုပေးဖို့ နိုင်ငံ ရေးပါတီတွေကို ဖိအားပေးနေတာဟာ သံဃာရဲ့ အလုပ်မဟုတ်ပါဘူး''လို့ အရှင်ထာဝရဟာ သူရဲဖြုတ်ဦးနှောက်နဲ့ ရေးသားထားတာတွေ့ရ ပြန်ပါတယ်။ စောစောပိုင်းမှာကတည်းက ရေးသားခဲ့ပြီးဖြစ်ပါတယ်။  ကိုယ့်ကိုယ်ကိုယ်မှ ကာကွယ်စောင့်ရှောက်ရကောင်းမှန်း မသိတဲ့သူ ဟာ တိရစ္ဆာန်အဆင့်တောင် မရှိပါဘူး။ အမျိုးစောင့် ဥပဒေပြဋ္ဌာန်းပေးနိုင်ဖို့ ဘယ် နိုင်ငံရေးပါတီကိုမှ ဖိအားမပေးပါဘူး။ ဖိအား ပေးနိုင်တဲ့ အာဏာပါဝါလည်း မ.ဘ.သ မှာ မရှိပါဘူး။ တကယ်လို့အမျိုးစောင့်ဥပဒေ အတည်ဖြစ်သွားခဲ့ရင်လည်း ပြဋ္ဌာန်းပေးဖို့ တိုက်တွန်းနှိုးဆော်တဲ့ သံဃာတွေ ဘာအကျိုး ကျေးဇူးမှ ရရှိလာမှာမဟုတ်ပါဘူး။ တကယ်  ဆိုရင် ဒီလိုအလုပ်တွေကို ပြည်သူ့ဆန္ဒမဲ တွေယူထားပြီး လွှတ်တော်မှာတက် ရောက်နေ တဲ့ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တွေက အမိမြန်မာပြည်ရဲ့ အနာဂတ်အရေး မြော်တွေးပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဆိုသူတွေက အမိမြန်မာပြည်ရဲ့ အနာဂတ်အရေး မြော်တွေးပြီး မရှိသေးဘဲလိုအပ်နေတဲ့ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်တာကို ဘာတစ်ခုမှ လုပ်ဆောင်  ခြင်းမရှိတဲ့အတွက် အနာဂတ်အရေးတွေးပြီး စိတ်မအေးနိုင်တဲ့ သံဃာတော်တွေက တိုက်တွန်း နှိုးဆော်ပြီး ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်။ သံဃာတော်တွေအနေနဲ့ နေသာသလိုနေမယ် ဆိုရင် အနေသာကြီးပါ။ အဲဒီလိုနေနိုင်ပါလျက် ဒေါ်လာစား လူ့အခွင့်အရေးလို့အော်နေသူ များ၊ အမိမြန်မာပြည်ဖြစ်ချင်သလို ဖြစ်စေဆိုတဲ့ စိတ်ဓာတ်ရှိတဲ့သူများ။ ဗုဒ္ဓအမွေအနှစ် ဗုဒ္ဓယဉ်ကျေးမှုများကို ဖျက်လိုဖျက်ဆီးပြုလုပ် လိုသူများရဲ့ အဆဲအဆို၊ အငြူအစူ အထင် လွဲခံ၊ အမုန်းခံ၊ အကြိမ်းအမောင်းခံပြီးဆောင်ရွက် နေခြင်းဖြစ်ပါတယ်။
     အခုတော့ အလုပ်နဲ့ နေရာတွေလွဲချော်နေတာ က တစ်ကမ္ဘာလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ စိတ်နှလုံးကို မသာမယာဖြစ်စေပါတယ်လို့ အရှင်ထာဝရက ရေးသားပြန်ပါတယ်။ ဘယ် အလုပ်ကလွဲနေတာပါလဲ။ ဘယ်နေရာက လွဲချော်နေတာပါလဲ။ ရှင်းပြစေလိုပါတယ်။ မ.ဘ.သရဲ့လုပ်ငန်းစဉ် ခုနှစ်ရပ်ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို အကုန်လုံးအကောင်အထည် မဖေါ်နိုင်သေးတဲ့အတွက်လုပ်နိုင်တဲ့ လုပ်ငန်း စဉ်အချို့ကို စတင်အကောင်အထည်ဖေါ်နေပါ တယ်။ ဥပမာအနေနဲ့ သင်တန်းရေးရာဌာနဆို တာ အနာဂတ်ရင်သွေးငယ်တို့ရဲ့နှလုံးသား မှာ ဗုဒ္ဓ,ဓမ္မ,သံဃအဆုံးအမတွေကိန်းဝပ်  အောင် သင်ကြားပေးတဲ့ဌာနပါ။ ဒါကို တကယ် အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေဟာ နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေးလို့ သန်သန်အော်နေကြတဲ့ လူတွေနဲ့အရှင်ထာဝရ တို့လိုပုဂ္ဂိုလ်တွေ မဟုတ်ကြပါဘူး။ အာဏာ နဲ့နေရာကိုငဲ့ကွက်မှုမရှိဘဲ အမျိုးချစ်၊ ဘာသာချစ်၊ သာသနာချစ်ပုဂ္ဂိုလ်တွေက ဘယ် အစိုးရရဲ့အထောက်အပံ့မှမပါဘဲ ကိုယ့်မှာရှိ တဲ့ဝတ္ထုငွေကြေးတို့ကို မူးစုပဲစု စုပြီးဆောင်ရွက် နေကြတာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့စိတ်နှလုံးကို မသာမယာဖြစ်စေ ပြီလို့ ရောမချလိုက်ပါနဲ့။ အရှင်ထာဝရတို့လို သာပေါင်းညာစား ပုဂ္ဂိုလ်တစ်ယောက်ကို အထင်ကြီးရှေ့တန်းတင်နေတဲ့ ရောင်ဝါး အမည်ခံ ဗုဒ္ဓဘာသာဆိုသူတွေကတော့ ဟန်ဆောင် ပန်ဆောင် စိတ်နှလုံးမသာမယာ ဖြစ် ချင်ဖြစ်ပါလိမ့်မယ်။ တကယ့်ဗုဒ္ဓ အဆုံးအမ ဗုဒ္ဓသာသနာ ဗုဒ္ဓယဉ်ကျေးမှုနဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကိုချစ်မြတ်နိုးတဲ့ စစ်မှန်သော ဗုဒ္ဓဘာသာဝင်တွေကတော့ ကိုယ့်ဗုဒ္ဓအဆုံး အမ မကွယ်ပျောက်အောင် ဆောင်ရွက်နေတဲ့ လုပ်ရပ်တွေကို နှစ်သက်သဘောကျလို့ သူတို့ ချွေးနှဲစာ ဖြင့်စုထားတဲ့ဝတ္ထုငွေကြေးတို့ကို စွန့်လွှတ်လှူဒါန်းပြီး အားပေးနေတာတွေ အမှန်တကယ်ရှိပါတယ်။
    မ.ဘ.သအဖွဲ့ဟာ သာသနာတော်ကို တကယ်ချစ်တယ်ဆိုရင် သံဃာအချင်းချင်း ညီညွတ်ရေးကို အထူးပြု လုပ်ဆောင်ရမှာပါလို့ ဆရာကြီးစတိုင်နဲ့ ရေးထားပြန်ပါတယ်။ မ.ဘ.သလုပ်ဆောင်ချက်ဟာ သံဃာအချင်းချင်း ညီညွတ်ရေးကို လုပ်ဆောင်မှုရှိတယ် မရှိဘူးဆိုတာ သိချင်ရင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး သံဃာတော်တွေက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး လုပ်ငန်းတွေကို ကိုယ်တတ် နိုင်သလောက် လုပ်ကိုင်ဆောင်ရွက်နေတာကို ကြည့်ရင်သိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မ.ဘ.သအဖွဲ့ဆိုတာ ဘာမှ အာဏာပါဝါရှိတဲ့အဖွဲ့မဟုတ်တဲ့အတွက် ဘယ်သူ့ကိုမှ အမိန့်ပေးစေခိုင်းလို့မရပါဘူး။

မန္တလေးသား
ဆက်လက်ဖော်ပြပါမည်။
(၉.၆.၂၀၁၅) အတွဲ(၂) အမှတ်(၄) အတုမရှိ ဂျာနယ်



Viewing all articles
Browse latest Browse all 2129

Trending Articles