ပါရမီပျိုးခင်း သွေးလှူအသင်းရဲ့ နဝမအကြိမ် သွေးလှူဒါန်းပွဲကို ၉.၆.၂၀၁၅ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်၊ ပြည်လုံးအံ့လှေတန်းဓမ္မာရုံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မန္တလေး၊ သာသနာ့တက္ကသိုလ်၊ မစိုးရိမ်တိုက်သစ်၊ စသောကျောင်းတိုက်များမှ သံဃာတော်များ၊ စစ်ကိုင်းမြို့၊ မတ္တရာမြို့စသော နယ်မြို့များနှင့် မန္တလေးမြို့မှ သွေးလှူရှင် အမျိုးသား အမျိုးသမီးများ စုပေါင်းသွေးလှူကြပါတယ်။
စုစုပေါင်း သွေးအိတ် (၇၈)အိတ် ရရှိခဲ့ပါတယ်။
သွေးလှူရှင်များကို နတ်သုဒ္ဓါထမင်းဘူး၊ အအေးဘူး၊ သောက်ရေသန့်ဘူး၊ စာအုပ်၊ စီဒီများ၊ အားဆေးများ လှူဒါန်းခဲ့ပါတယ်။
ပါရမီပျိုးခင်း သွေးလှူအသင်းကို စာရေးသူကိုယ်တိုင် ၂၀၀၁ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ပြန်လည်လှူဒါန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခုအကြိမ်ဟာ နဝမအကြိမ်ဖြစ်ပြီး ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာ၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်နှင့် ကျောက်ဆည်မြို့တို့က အမြဲတမ်း သွေးလှူဒါန်းကြပါတယ်။
ယခုလ ၂၆ ရက်နေ့မှာ ကျရောက်မည့် စာရေးသူရဲ့ ၄၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စာရေးသူရဲ့ဇာတိ ကျောက်ဆည်မြို့မှာ ကျင်းပဦးမှာ ဖြစ်ပါတယ်။