Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

"လှေစီးဘင်္ဂါလီများ မောင်တောသို့ စုပြုံလာခြင်းမှာ တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း မောင်တောအရပ်ဘက်အဖွဲ့အစည်းများ ကြေညာချက်ထုတ်"

$
0
0
မောင်ကံ
မောင်တော- လှေစီးဘင်္ဂါလီများ မောင်တောခရိုင်အတွင်းသို့ စုပြုံရောက်ရှိလာခြင်းကြောင့် မောတောခရိုင်အတွင်း တည်ငြိမ်အေးချမ်းရေးထိခိုက်မည်ကိုစိုးရိမ်ပြီး ဘင်္ဂါလီအရေး ဖိအားပေးသည့်နိုင်ငံများနှင့် ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)အဖွဲ့တို့ကို သပိတ်မှောက် ကန့်ကွက်သွားမည်ဟု မောင်တောဒေသခံ အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်က ကြေညာချက်ထုတ်ပြန်သည်။
အဆိုပါကြေညာချက်ကို ဇွန်လ ၃ ရက်တွင် အချက် (၁၃)ချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ကြေညာချက်တွင် လှေစီးဘင်္ဂါလီများ အတားအဆီးမရှိ ဝင်လာသမျှလက်ခံထားမည်ဆိုပါက မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသားပြည်သူများအတွက် စိုးရိမ်စိတ်များပိုလာစေသည့်အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းနေသည့်အခြေအနေကို  ထိခိုက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
"အရင် ကယ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ရာကျော်ကိုတောင် ပြန်မပို့နိုင်သေးတဲ့အချိန်မှာ နောက်ထပ် ခုနစ်ရာကျော် မောင်တောနယ်စပ်ကိုရောက်လာတယ်ဆိုတော့ မောင်တောမြို့ဟာ လူသားအမှိုက်ပုံဖြစ်နေပါပြီ။ အခုလိုလက်ခံထားတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက်သွားမှာဖြစ်တယ်"ဟု ရခိုင်လူမှုကွန်ရက်(မောင်တော)မှ အဖွဲ့ခေါင်းဆောင် ဦးစိန်လှဖြူက ပြောကြားသည်။
မေလ ၂၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း တွေ့ရှိခဲ့သည့် လှေစီးဘင်္ဂါလီ ခုနစ်ရာကျော်မှာ ဇွန်လ ၃ ရက်တွင် ဟိုင်းကြီးကျွန်းမှတစ်ဆင့် မောင်တောမြို့ ကညင်ချောင်းဆိပ်ကမ်းသို့ရောက်ရှိလာကာ ကညင်ချောင်းမှတစ်ဆင့် တောင်ပြိုလက်ဝဲမြို့သို့ ပြောင်းရွှေ့နေရာချထားပေးကြောင်း အစိုးရက ကြေညာချက်ထုတ်ပြခဲ့သည်။
လှေစီဘင်္ဂါလီများနှင့်အတူ အကြမ်းဖက်သမားများဝင်လာမည်ကို မောင်တောခရိုင်အတွင်းမှ ဒေသခံများက စိုးရိမ်နေကြကြောင်း စစ်တွေမြို့မှ တောင်ပြိုလက်ဝဲမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။

7 Day Daily (5.6.2015)

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...