Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“စာရေးဆရာ ထင်လင်းဦးကို ထောင်ဒဏ်ချမှတ်လိုက်ပြီ”

$
0
0
ဒီကနေ့ ၂.၆.၂၀၁၅ ရက်နေ့၊ မနက် ၁၀း၃၀ နာရီအချိန်၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ မြို့နယ်တရားရုံးမှာ အမိန့်ချမှတ်လိုက်တာပါ။
ပုဒ်မ ၂၉၅ (က) အရ ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်တာပါ။ 
အမိန့်မချခင် ဆရာထင်လင်းဦးကို တစ်ယောက်ချင်းတွေ့ခွင့်ပြုထားပါတယ်။ တရားရုံးထဲသို့ တစ်ဦးချင်း တစ်ယောက်ချင်းစီဝင်ပြီး တွေ့ဆုံအားပေးကြပါတယ်။ 
အားလုံး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ပဲ တရားရေးဆိုင်ရာ အမှုကိစ္စအဝဝကို ပြီးဆုံးနိုင်စေခဲ့ကြပါတယ်။ 
ဆရာထင်လင်းဦး ကားပေါ်ပြန်တက်အပြီးမှာတော့ ဆရာထင်လင်းဦးက “ဒီပွဲမှာ ဆရာမရှုံးနှိမ့်ပါဘူး။ အောင်ပွဲခံနေတာ”လို့ ပြောတဲ့အခါ ဆရာထင်လင်းဦးရဲ့ပရိသတ်တွေက “ဟုတ်ပါတယ် ဆရာအောင်ပွဲခံနေတာပါ”လို့ ထောက်ခံပြောကြားကြပါတယ်။
ဟန်းဖုန်းတွေကိုင်နေတဲ့ရဟန်းတွေကရော ဝိနည်းနဲ့ညီပါသလား ဟု ဆရာထင်လင်းဦးက မေးသွားပါသေးတယ်။ 
ဆရာထင်လင်းဦးကို ပုဒ်မ ၂၉၅ (က)၊ ၂၉၈ တို့ဖြင့် စွဲဆိုထားသော်လည်း ၂၉၈ ကိုပလပ်ကာ ၂၉၅ (က)ဖြင့် ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်။
အမိန့်ချပွဲသို့ ဆရာထင်လင်းဦးပရိသတ် အစိတ် သုံးဆယ်ခန့်နှင့် ရန်ကုန်၊ မန္တလေး၊ ရွှေဘို၊ အရာတော်၊ ချောင်းဦး၊ သုံးပန်လှ၊ ဆိပ်ဖြူ၊ စစ်ကိုင်းတို့မှ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော ရဟန်းရှင်လူ ပြည်သူအများအပြား တက်ရောက်ခဲ့ကြပါတယ်။ 

ပို့စ်အဟောင်းများကို ပြန်လည်တင်ပြလိုက်ပါတယ်။
====================================================


“NLD- ဆရာတော်ဦးဝိစာရနှင့် ဆရာထင်လင်းဦး”

23.10.2014 ရက်နေ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အနိမ့်ရွာ(သုံးပန်လှရွာ)မှာ စာပေဟောပြောပွဲတစ်ခု ကျင်းပခဲ့ပါတယ်။
တာဝန်ခံကျင်းပတာက NLD ပါတီပါ။
ခေါင်းစဉ်က ဆရာတော်ဦးဝိစာရနေ့ပါ။
ဟောပြောသွားခဲ့တာကတော့ ဘုန်းကြီးမကောင်းကြောင်းတွေပဲ ဖြစ်ပါတယ်။
ချောင်းဦးမြို့နယ်၊ NLD ကိုမျိုးဝင်းက တာဝန်ယူကျင်းပခြင်းဖြစ်ပြီး ဆရာသုံးယောက် ဟောပြောကြပါတယ်။
ဆရာဦးဘုန်း(ဓာတု)ရယ်၊ ဆရာညီမင်းညိုရယ်၊ဆရာထင်လင်းဦးရယ်၊ သုံးယောက်အတွဲကတော့ အတော့်ကို ညီနေပါပြီ။ ဒီပွဲမှာတော့ ဆရာထင်လင်းဦးက ဟီးရိုးပါပဲ။
ဆရာထင်လင်းဦးရဲ့ ဟောပြောချက်ထဲက အချို့ကို အမြည်းကျွေးလိုက်ပါတယ်။
အစ်ကိုက နှမကို မယူရင်
နှမက အစ်ကို့ကို မယူ(နိုင်)ရင် သာကီမျိုးလို့မပြောနဲ့။
ဒို့က သာကီမျိုးလို့ သင်္ကန်းပတ်လာတဲ့ လူကြီးက ပြောလာရင် မင်းနဲ့ငါ ဆံပင်ရှိတာနဲ့ မရှိတာပဲ ကွာတယ်ကွ ဟကောင်ရဲ့လို့ပဲ ပြောလိုက်မယ်။
လူတွေက ကတုံးကြီးတုံးပြီး သင်္ကန်းပတ်လာရင် ဖင်ကုန်းဦးချတော့တာပဲ။
ဗုဒ္ဓဘာသာကို သင်္ကန်းဝတ်တွေ ဖျက်ဆီးနေတာ။
ဒီလောက် အမျိုးချစ်နေကြရင် မြတ်စွာဘုရားကို မကိုးကွယ်ကြနဲ့။
ဘုရားက တိုင်းရင်းသားဖြစ်တဲ့ ရှမ်းလည်းမဟုတ်ဘူး။ ကချင်လည်းမဟုတ်ဘူး။ ရခိုင်လည်းမဟုတ်လို့ မျိုးချစ်တွေ ကိုးကွယ်စရာမလိုဘူး။
(ဆရာထင်လင်းဦးပြောတဲ့ သင်္ကန်းဝတ်တွေဆိုတာ ပတ်ချွတ်ကိုယ်တော်တွေကို ပြောတာမဟုတ်ပါဘူး။ မဘသ ဆရာတော်သံဃာတော်တွေကိုပြောတာပါ။ ပရိသတ်ကလည်း လက်ခုပ်တစ်ဖြောင်းဖြောင်း အားပေးကြပါတယ်။)
ဒီနေ့တော့ အမြီးလောက်ပဲ တင်ဆက်နိုင်ခဲ့လို့ အားမလိုအားမရ ဖြစ်နေသူများအတွက် ရုပ်/သံဖိုင်နှင့် စာသားအပြည့်အစုံ တင်ပြနိုင်ဖို့ ကြိုးစားနေပါတယ်။
=============================================================

23.10.2014 ချောင်းဦးမြို့နယ်၊ အနိမ့်ရွာမှာ ဟောပြောခဲ့တာပါ။
ချောင်းဦး NLD ကိုမျိုးဝင်းက တာဝန်ခံကျင်းပပြီး၊ ပွဲအမည်ကတော့ ဆရာတော်ဦးဝိစာရနေ့ ဖြစ်ပါတယ်။
ဆရာတော်ဦးဝိစာရနေ့မှာ သံဃာ ၅ သိန်းကျော်ကို စော်ကားတဲ့ ဘုန်းကြီးမကောင်းကြောင်းတွေပဲ ဟောပြောခဲ့ တာပါ။
ကိုမျိုးဝင်းနှင့် ဆရာထင်လင်းဦးတို့နှင့် ပတ်သက်ပြီး NLD(ဗဟို)က တစ်စုံတစ်ရာ အရေးယူမှု မပြုဘဲ ထားရင်တော့ သံဃာတော်များ၏ ငြိုငြင်မှုကို ခံယူသွားရပါလိမ့်မယ်။ သံဃာဆိုတာ မဲပေးခွင့်ရှိတာမှ မဟုတ်တာပဲ။ ဂရုစိုက်စရာမလိုပါဘူး ဆိုရင်တော့ ဒီမိုကရေစီ သဘောထားလို့ပဲ သတ်မှတ်ရပါမယ်။
ဝီရသူ(မစိုးရိမ်)
14.11.2014
AM 9:45
==========================================================


“NLD ပါတီ ဗဟိုပြန်ကြားရေးအရာရှိ စာရေးဆရာ ထင်လင်းဦး ဟောပြောချက်များ”

ပြောတာက တရားဓမ္မ လုပ်တာက မဟားတရား၊ ပြီးရင် ကိုယ်က ဝတ်ထားတဲ့ ဝတ်စုံနဲ့ လူတွေကို လှိမ့်ပိန့် ဟိန်းဟောက်ပြီးတော့ မတော်မတရား ပြောချင်တဲ့သူမျိုးတွေကို ကျွန်တော် အလွန်ရွံတယ်၊ ကျွန်တော် အလွန်မုန်းတယ်၊ ယခု မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်ပါဆိုသူတွေက အဲဒီ မြတ်စွာဘုရားရဲ့ သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာ အမှန်၊ ငါပြောတဲ့အတိုင်း လိုက်လုပ်လို့ ပြောနေတာ မှန်သလား? မှန်သလား?
ကျွန်တော် အဲ့တာကို သိစေချင်တာ၊ ဒီနေ့ အဲဒါကို ကျွန်တော် မပြောဘူးလို့ နေတာ ဒါပေမဲ့ ကျွန်တော်ကို မပြောပါနဲ့လို့ လာပြောတော့ အဲဒီစကားပြောတာ ဒါပဲ၊ ရှင်းရှင်းလေးပဲ။ ကျွန်တော်ဘာသာ ကျွန်တော် အဲဒီစကား မပြောဘူး ဒါပေမဲ့ ကျွန်တော်ကို ဆရာ အဲဒီစကားမပြောပါနဲ့လို့ပြောရင် ဒီမိုကရေစီဗျ ကျုပ်ပြောချင် ပြောမယ်။ ကျွန်တော်ပါးစပ်က ခင်ဗျားဆီက လပေးနဲ့ ငှားထားတာ မဟုတ်ဘူး ရှင်းလား? ကျွန်တော်ပါးစပ် ကျွန်တော်ပိုင်တယ်။
သေချာတာက မြတ်စွာဘုရား ဗမာလူမျိုး မဟုတ်ဘူး၊ ရှမ်းလူမျိုးရော ဟုတ်လား? မဟုတ်ဘူး၊ ကချင်လား? မဟုတ်ဘူး၊ ကရင်လူမျိုးလား? မဟုတ်ဘူး၊ ရခိုင်လူမျိုးလား? မဟုတ်ဘူး၊ မြတ်စွာဘုရား ချင်းလူမျိုးရော ဟုတ်လား? မဟုတ်ဘူး၊ သေချာတာက မြတ်စွာဘုရားသည် ကျွန်တော်တို့ နိုင်ငံထဲက တိုင်းရင်းသား ဟုတ်လို့လား? မဟုတ်ဘူးနော်၊ မဟုတ်ဘူး၊ အကိုတို့ အမတို့ အဲဒါသိရဲ့လား? မြတ်စွာဘုရားက မြန်မာနိုင်ငံသား တိုင်းရင်းသားမဟုတ်ဘူးနော် ဟုတ်လို့လား? ကောင်းပြီ
ကျွန်တော်တို့ ဒီနေ့ကစပြီး မကိုးကွယ်ကြနဲ့၊ မကိုးကွယ်ကြနဲ့။ ခင်ဗျားတို့ အမျိုးချစ်ရင် မြတ်စွာဘုရားကို မကိုးကွယ်ကြနဲ့။ ကျုပ်တို့ အမျိုးမဟုတ်ဘူး။ ကန်တော့ပါရဲ့။ ကျွန်တော်ပြောတာရှင်းလား? ရှင်းမယ်ထင်ပါတယ်၊ မြတ်စွာဘုရား ရခိုင်မဟုတ်ဘူးလေ။ မြတ်စွာဘုရား ရှမ်းမဟုတ်ဘူး၊ မြတ်စွာဘုရား မြန်မာ အမျိုးသားမဟုတ်ဘူး၊ ကချင်လူမျိုးမဟုတ်ဘူး အကိုတို့ အမတို့ ဘာလို့ ကိုးကွယ်လဲ? ဘာလို့ရှိခိုးလဲ? ကိုယ်တောင်မှ ဒီမြတ်စွာဘုရားက နှာခေါင်းချွန်သလား? မျက်လုံးပြူးသလား? မျက်ခုံးမွှေးကောင်းလား? မသိဘဲနဲ့ ကျွန်တော်တို့ ဘာဖြစ်လို့ ဦးချကန်တော့နေတာလဲ?
သူပြောခဲ့တဲ့ သူဟောကြားဆုံးမခဲ့တဲ့ တရားတွေကြောင့် မဟုတ်လား? ကောင်းပြီ၊ ကြိုက်တယ် အဲဒီတရားထဲမှာ ဟိုလူမျိုးကိုသတ် မုတ်ဆိတ်မွှေးနဲ့မို့လို့၊ ဒီလူမျိုးကိုပေါင်း မျက်စိမှေးမှေး အသားဖြူဖြူနဲ့လူမို့လို့ ပါသလား? ပါသလား?
ကျွန်တော် ဒီည မပြောဘူးလို့နေတာ ကျွန်တော်ကို မပြောပါနဲ့လို့ လာပြောလို့ အဲဒါပြောတာ ဒီထဲမှာ ဗုဒ္ဓဘာသာဝင်တွေ အများဆုံးပါမှာပါ ဟုတ်လား? အားလုံးထဲမှ အားလုံးထဲမှ အားလုံးထဲမှာ 99.9% ဗုဒ္ဓဘာသာ ဝင်တွေပါမှာပါ။ အကိုတို့ အမတို့ကို ကျွန်တော်မေးမယ်။ အကိုတို့ အမတို့ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာစစ်စစ်လို့ ခံယူလား? ကောင်းပြီ ကျွန်တော် မေးခွန်းမေးမယ် ၈၈ အရေးအခင်းမှာ ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဒို့အရေး မအော်ခဲ့ဘူးလား? တခွန်းလောက်မေးချင်တယ် ဒီမိုကရေစီရရှိရေး မြအေးမပါရ၊ ကိုနီမပါရလို့ အော်လား? မြအေးက လူမဟုတ်ဘူးလား? ကိုနီရော လူပဲလား?
ရှည်တိုအလတ် သုံးရပ်ခန္ဓာ သတ္တဝါ လို့ ခင်ဗျား မေတ္တာပို့လျက်သားနဲ့ ဘာကိစ္စဖြစ်လို့ မြအေးနဲ့ ကိုနီကို မုန်းရတာတုံး၊ ငြိမ်သွားသလား? ဇဝေဇဝါဖြစ်သွားသလား? ဟုတ်ပါတယ် ဆိုလို့ရှိရင် ခင်ဗျား သေသေချာချာ လေ့လာ၊ ဒါပေမဲ့ ဘယ်သူ့ကိုတော့ မေတ္တာမထားနိုင်ဘူးဆိုရင် ဃင်ဗျား ဗုဒ္ဓဘာသာ အရေခြုံ အရောင်ဆောင် ကလိမ် ဒါပဲ။
အရှင်သည် မင်းသမီးတို့နှင့် သင့်တော်တဲ့ကြင်ယာတော် ရှာလို့ မရပါက အဲဒီတော့ အမကြီးကို အမိအရာထားပြီး ကျန်တဲ့ မောင်နှမ ၁၀ ယောက် အစုံ အစုံ ကြင်ဖော်ပြုကြပါ အကိုတို့ အမတို့ မရှက်တန်း ပြောရရင် မောင်နှမခြင်း ယူကြပါ ဗဟုသုတလေးပေးတာပါ။ အဲ့တော့မှ အမအကြီးဆုံးကို အမိအရာထားပြီး အကိုအကြီးဆုံးက အမအကြီးဆုံးကိုယူ၊ အကိုလတ်က အမလတ်ကိုယူ၊ အကိုအငယ်ဆုံးလေးက အမအငယ်ဆုံးလေးကိုယူ ဆိုပြီး ယူခဲ့ကြတာ၊ ကပိလဝတ်အကြောင်း ပြောနေတာနော်၊ ကကျသာကီဝင် အကြောင်းပြောနေတာနော်၊ အဲဒီသတင်းကို ကြားလဲကြားရော ဥက္ကမင်းကြီးက အသက်ထွက်တော့မယ် သားမီးတွေ ဒီလို ဒုက္ခဆင်းဆင်းရဲရဲနဲ့ တိုင်းပြည်က နှင်ထုတ်လိုက်ရတာ စိတ်ဆင်းရဲပြီးတော့ ပတ်လက်လံပြီး တော့ နေတဲ့အချိန် အဲဒီသတင်းလဲကြားရော ဘောကုမာ သကျံ ဇီဝ ငါးရဲ့သားသမီးတွေဟာ အမျိုးနွယ်ကို စောင့်ရှောက်နိုင်ပါရဲ့ ပေတကား။ အမျိုးအနွယ်ကို စောင့်ရှောက်တယ်ဆိုတာ ကိုယ့်အမျိုးထက် နိမ့်တဲ့သူကို မယူဘူး၊ ကိုယ့်ထက်ယုတ်တဲ့သူကို မယူဘူး၊ ကိုယ့်အမျိုးချင်းချင်းပြန်ယူတယ် မောင်နှမချင်းပြန်ယူတယ် မောင်နှမချင်းပြန်ယူတယ် မောင်နှမချင်းပြန်ယူတယ် အဲဒါကို သကျလို့ ခေါ်တာ၊ အဲ့တော့ ခင်ဗျားတို့ ကျွန်တော်တို့လေ စာအုပ်တွေ ဖတ်မယ်ထင်တယ် သာကီသွေးဖတ်မိလား ဖတ်ဘူးကြလား မှတ်ထား ဒီဘက်ကိုရောက်လားမသိဘူး ဘာသာရေးအရောင်ဆောင်ထားတဲ့ စာအုပ်လေးတွေရှိသေးတယ်။ အဲဒါတွေ ပါလာလို့ ငါတို့က ဒို့ဗမာ သာကီမျိုးပါလို့ ပြောတိုင်းမှာ မှတ်ထားပါ အကိုက နှမကို မိန်းမလုပ်တာ အကိုက နှမကို ယူတဲ့အမျိုးကို သာကီမျိုးလို့ခေါ်တယ် သာကီမျိုးလို့ခေါ်တယ် လူတောထဲ ထုပ်မပြောသင့်တဲ့ ကိစ္စကြီးဗျာ အတိတ်ကာလမှာ ညီအကို မောင်နှမချင်း မျိုးရိုးစောင့်ရှောက်ဖို့ လုပ်ခဲ့တာ ဒီလိုခေတ်ကြီးမှာ ဒီလို ပြောစရာလား ညီတို့ နှမတို့ နင်တို့ ငါ့ညီတွေ နှမကို ယူကြမှာလားဟေ့ ယူမှာလား? မယူပါဘူးဗျို့။ အဲဒီလိုဆို မင်းသာကီမျိုးလို့ မပြောနဲ့ကွာ နှမလေးတွေ အကို ကို ယူမှာလားဟေ့ မယူရင် သာကီမျိုးလို့ မအော်နဲ့ကွာ၊ ကိုယ်ပြောတဲ့စကား ကိုယ်နားလည်မှ ကောင်းတာကွ သိလား? အဲဒါဘာမှ မသိဘဲနဲ့ ဒီလိုကြီး ဝတ်လာတဲ့ လူကြီးက ဒို့ကသာကီမျိုးကွ အော်တော့ “မင်းနဲ့ငါ ဆံပင်ရှိတာနဲ့ မရှိတာနဲ့ပဲ ကွာတယ်ကွ ဟကောင်ရ” လို့ ပြောချင်တာ သိလား? မှားမှာစိုးလို့ ပြောတာ သိလား?  ကျုပ်တို့တတွေ အကုန်လုံး ကတုံးကြီးတွေတုံးပြီးတော့ သင်္ကန်းပတ်လာရင် ဖင်ကုံးဦးချတာပဲ
ဆဒ္ဒန်ဆင်မင်းကို ဘယ်သူသတ်လဲ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းကြီးကို ဘယ်သူသတ်လဲ သောနုတ္တရမုဆိုးကြီးမဟုတ်လား? အဲဒီသောနုတ္တရမုဆိုးကြီး ဆဒ္ဒန်ဆင်မင်းကို အောက်ကနေ မျှားနဲ့ပစ်တော့ ဆဒ္ဒန်ဆင်မင်းကြီးက သိတယ် ဒီမျှားက အထက်က မလာဘူးတဲ့ အောက်ကလာတာ အဲ့တော့ ဦးပုည စာထဲကအတိုင်းပြောရင် ဘူမိမြေယက် ခွာတော်နဲ့ယှက်လိုက်တာတဲ့ ခွာတော်နဲ့ယှက်လိုက်တာဆိုတာ ဖနောင့်နဲ့ ပေါက်လိုက်တာပေါ့။ အောက်က မုဆိုး ဘွားကနဲပေါ်လာတယ် သောနုတ္တရမုဆိုးပေါ်လာပြီ အဲဒီတော့မှ ဒီမုဆိုးကို သတ်မယ်ဆိုပြီးတော့ နှာမောင်းနဲ့ပတ်ပြီး ဆွဲထုတ်လိုက်တဲ့အချိန်မှာ သေချင်းဆိုးတော့မယ်ဆိုတာ သောနုတ္တရ မသိဘူးလား? သိတယ် အဲ့တော့ဘာလုပ်လဲ ဘာလုပ်တုန်းဟေ့ ကိုယ်ပေါ်က သင်္ကန်းလေးကို ဖြတ်ကနဲချွတ်ပြီးတော့ ခေါက်ပြီး ဘယ်ပေါ်တင်ပေးလိုက်တုန်း နှာမောင်းပေါ်တင်ပေးလိုက်တယ် သောနုတ္တရမုဆိုးလည်း သင်္ကန်းပတ်ခဲ့တာပဲကွ မင်းတို့ နားလည်လား? အဲဒါသိစေချင်တာ… အဲဒါသိစေချင်တာ။
တို့ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်၊ အဲဒါသိစေချင်တာ အဲဒါသိစေချင်တာ ကျွန်တော်တို့ ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်။
ညနေကကြားရတယ် ဗုဒ္ဓဘာသာ သူတော်စင်တွေ သွေးအေးလို့ မနေသင့်ပြီ ဟဘာလုပ်တာတုန်း အဲဒါက ဘာတုန်း အဲဒါ ရန်တိုက်ပေးတာ နားမလည်ပဲနဲ့၊ ဗုဒ္ဓဘာသာရှင်လူများ သွေးအေးလို့မနေသင့်ပြီ သွေးအေးသေလိုက်ပေါ့ကွာ မင်းကလဲ ဘာလျှောက်ပြောနေတာလဲ။
==========================================================

“NLD ပါတီ ဗဟိုပြန်ကြားရေးအရာရှိ စာရေးဆရာထင်လင်းဦး ဟောပြောချက်များ(၂)”

23.10.2014 ချောင်းဦးမြို့နယ်၊ အနိမ့်ရွာမှာ ဟောပြောခဲ့တာပါ။
ချောင်းဦး NLD ကိုမျိုးဝင်းက တာဝန်ခံကျင်းပပြီး၊ ပွဲအမည်ကတော့ ဆရာတော်ဦးဝိစာရနေ့ ဖြစ်ပါတယ်။
ဆရာတော်ဦးဝိစာရနေ့မှာ သံဃာ ၅ သိန်းကျော်ကို စော်ကားတဲ့ ဘုန်းကြီးမကောင်းကြောင်းတွေပဲ ဟောပြောခဲ့ တာပါ။
ကိုမျိုးဝင်းနှင့် ဆရာထင်လင်းဦးတို့နှင့် ပတ်သက်ပြီး NLD(ဗဟို)က တစ်စုံတစ်ရာ အရေးယူမှု မပြုဘဲ ထားရင်တော့ သံဃာတော်များ၏ ငြိုငြင်မှုကို ခံယူသွားရပါလိမ့်မယ်။ သံဃာဆိုတာ မဲပေးခွင့်ရှိတာမှ မဟုတ်တာပဲ။ ဂရုစိုက်စရာမလိုပါဘူး ဆိုရင်တော့ ဒီမိုကရေစီ သဘောထားလို့ပဲ သတ်မှတ်ရပါမယ်။
ဝီရသူ(မစိုးရိမ်)
==========================================================

ခင်ဗျားဘာကိစ္စနဲ့ မုတ်ဆိတ်မွှေးရှိတဲ့လူတွေကို သွားမုန်းနေတာလဲ? မုန်းရမှာ အဲ့ဒီကောင်ကြီးမုန်းရမှာ။ ဒီလို ပြောလို့ မင်းက မူဆလင်ကိုယ်စားလှယ်လား? ထင်ချင်လဲ ထင်ပေါ့ဗျာ မဖြေချင်ပါဘူး။
မင်းတို့ကို အားကိုးလို့မရတဲ့ မိန်းကလေးတစ်ယောက်က ဘယ်သူ့ကို ယူမယ်လို့ မင်းတို့ထင်လဲ? မင်းတို့ကိုယ်တိုင် မိဘတွေဆီက လက်ဖြန့်တောင်းနေတာ မင်းတို့ကိုယူမလား? ဟင်းဟင်း ဟိုဒင်းကိုယူမလား? ဟာ မင်းကလဲ အမျိုးဘာသာ သာသနာ ပါးစပ်နဲ့ စောင့်ရှောက်တာ အံ့သြဖို့ကောင်းလိုက်တာ။
မြန်မာမိန်းကလေးတွေ ကာရာအိုကေ၊ KTV၊ မာဆက်ရောက်သွားတယ်၊ အဲ့ဒီမိန်းကလေးတွေ တရုပ်ရဲ့ မယားငယ်ဘဝရောက်သွားတာ၊ အဲ့ဒီမိန်းကလေးတွေ ဟိုကောင်တွေရဲ့ မိန်းမဘဝရောက်သွားတာ စစ်တပ်က မြေသိမ်းလို့ကွ နားလည်လား?
အဲဒီကတုံးနဲ့ ဘုရားသင်္ကန်းပတ်လာတဲ့သူပြောတိုင်း မင်းတို့ယုံရမှာလား? မင်းတို့ စဉ်းစားဉာဏ်မရှိဘူးလား? ဗုဒ္ဓဘာသာတွေ သွေးအေးလို့ မနေသင့်ပြီ သွေးအေးရင် သေလိုက်ပေါ့ကွာ။
မြန်မာပြည်မှာ မိန်းမ မယူတဲ့ လူတန်းစား ၅ သိန်းရှိတယ် သိလား? ငါမပြောဘူးနော် ဒါဖြစ်ရင် မင်းတို့ စဉ်းစားကြည့် ဗမာပြည်က မိန်းကလေး ငါးသိန်း ဘာလုပ်ရမလဲ? လေဥ ဥရမှာလား? အဲဒီလောက် လိုက်ပြောရ တော့ ကောင်းလား? အဲ့ဒီတော့ကွာ ဘာမသိ ညာမသိနဲ့ ဟိုဘုန်းကြီးကပြော ယုံလိုက်၊ ဒီလူကပြော ယုံလိုက် သွေးအေးလို့ မနေသင့်ပြီ သွေးအေးရင် သေလိုက်ပေါ့ကွာ ဒါပဲရှိတာပဲ သင်္ကန်းပတ်လာပြီးပြောတိုင်း အမှန်ပဲလို့ ခင်ဗျားတို့ ယုံမှာလား?
===========================================================


“NLD ပါတီ ဗဟိုပြန်ကြားရေးအရာရှိ စာရေးဆရာထင်လင်းဦး၏ ကိုယ်ရေးအကျဉ်း”

ဦးထင်လင်းဦးဟာ အဖဦးလှတင် အဖိဒေါ်တင်လှတို့မှ 24.1.1967 တွင် ဘိုကလေးမြို့၌ ဖွားမြင်သည်။
မွေးချင်းခြောက်ယောက်အနက် အကြီးဆုံးသားဖြစ်ပါသည်။
ဘိုကလေးမြို့တွင် ဒသမတန်းထိ အခြေခံပညာသင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ ရန်ကုန်တက္ကသိုလ် ပင်မတို့တွင် တက္ကသိုလ်ပညာ သင်ယူခဲ့ပါသည်။
(၈၈)အရေးအခင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့ပါသည်။
မိမိမွေးရပ်မြေဖြစ်သော ဘိုကလေးမြို့နယ်သို့ ပြန်လည်၍ ကျောင်းသားများစုစည်း၍ လှုံ့ဆော်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါသည်။
အရေးတော်ပုံကာလတွင် ဘိုကလေးမြို့နယ်လုံးဆိုင်ရာ သပိတ်စခန်းတွင် ဦးဆောင်၍ တာဝန်ယူခဲ့ပါသည်။
ဒေါင်းမာန်အောင်စာစောင်ကို တာဝန်ခံ ထုတ်ဝေခဲ့ပါသည်။
1991 ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာကထိကအဖြစ် MCCI Leven 3 တွင် အောင်မြင်ခဲ့ပါသည်။
ပန်းပျိုးလက် ကိုယ်ပိုင်သင်တန်း၊ ဝက်စတမ်းဗီလာ Training Calss ကို ထူထောင်ခဲ့ပါသည်။
2008 တွင် အဖြူရောင်နှလုံးသား ပရဟိတလူမှုရေးအသင်းတွင် အရေးပေါ်သွေးလှူရှင်အသင်းကို ပါဝင်တည်ထောင်ခဲ့ပါသည်။
ပညာဒါနကျောင်းများတွင် အင်္ဂလိပ်စာ ဘာသာရပ်ဆရာအဖြစ် ပါဝင်သင်ကြားခဲ့ပါသည်။
တောတိုက်ဓမ္မရိပ်သာတွင် ဖွင့်လှစ်သင်ကြားခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းဆရာ ဆရာမများနှင့်အတူ နွေရာသီ မွမ်းမံသင်တန်းကိုလည်း တွဲဖက်၍ မော်ကွန်းထိန်းအဖြစ် တာဝန်ယူခဲ့ပါသည်။
အမေ့အိမ်ပညာဒါနကျောင်း ဒုတိယတာဝန်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
လူမှုရေးပရဟိတအဖွဲ့များနှင့် နိုင်ငံရေးသင်တန်းများ ဟောပြောပို့ချသူအဖြစ် တာဝန်ယူ ဆောင်ရွက်နေပါသည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအဖြစ် တာဝန်ယူခဲ့ပါသည်။
2013 ခုနှစ်တွင် ပညာရေးကွန်ယက်နှင့်အတူ ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။
2014 တွင် အမေထွာ ပဲဆီသန့်မိသားစုမှ ပေးအပ်ချီးမြှင့်သော စာပေဖြင့် အကျိုးပြုခဲ့သူများကို ဆုလက်ခံ ရယူခဲ့ပါသည်။
2014 တွင် မွန်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့တဲ့ ဒီမိုကရက်(စ်)တစ် ဝေါ့စ်ရှော့သို့ တက်ရောက်ခွင့်ရခဲ့ပါသည်။
ဒီလှိုင်းဂျာနယ် Messenger ဂျာနယ်နှင့် The Voice ဂျာနယ် အဓိပတိဂျာနယ်တို့တွင် ပင်တိုင်ဆောင်းပါးရှင် အဖြစ် နိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများကိုလည်း ရေးသားခဲ့ပါသည်။
ဆောင်းပါး(၂၈၀)ကျော် ရေးသားခဲ့သည်ဖြစ်ပါသည်။
သွေးသားနုသား ဒီမိုကရေစီနိုင်ငံတော်သစ် နိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများ
မပြောမဖြစ်လို့ ပြောဖြစ်နေရတဲ့ စကားတွေ နိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများနှင့် သံလျက်ဒီမိုကရေစီ အခင်းအကျင်းသစ် စာအုပ်တို့ကိုလည်း ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။
ဆက်လက်၍ ဒီလှိုင်းစာစောင်တွင် ရေးခဲ့သော ဆောင်းပါးများကိုလည်း ဒီလှိုင်းခေတ်သံ ဆောင်းပါးများ စာအုပ်ကိုထုတ်ဝေရန် စီစဉ်ခဲ့ပါသည်။
ဇနီးဖြစ်သူ ဒေါ်စောစန္ဒာ၊ သား မောင်ဇာနည်ဟိန်းတို့နှင့်အတူ အမှတ်(၁၀) မြစံပယ်လမ်း ၉-ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်တွင် နေထိုင်သည်။

=============================================================

“ချောင်းဦးသံဃာတော်များ၏ ကျေးဇူးတရား”

17.11.2014 ရက်နေ့မှာ ချောင်းဦးမြို့သို့ ရောက်ရှိခဲ့ပါတယ်။ အနိမ့်ရွာမှ ဦးကဝိဓဇနှင့် တွေ့ခဲ့ပါတယ်။ ဦးကဝိဓဇက အနိမ့်ရွာတောင်ကျောင်းမှာ ခမ်းနေဆရာတော်လေးပါ။ ပရဟိတအားသန်လို့ ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ တောင်ကျောင်း ကျောင်းထိုင်ဆရာတော်က ဦးဇဝန ဖြစ်ပါတယ်။
23.10.2014 ရက်နေ့ ညနေပိုင်းမှာ ဆရာတော်ဦးဝိစာရနေ့ အထိမ်းအမှတ် ဟောပြောမည့် စာရေးဆရာသုံးဦး ရောက်လာကြပါတယ်။ ဒီအချိန်မှာ အနိမ့်ရွာ မြောက်ကျောင်းမှ အသံချဲ့စက်ဖွင့်တာနှင့် ကြုံရပါတယ်။ သီချင်းကတော့ ၉၆၉ သီချင်းပါ။ တိုက်ဆိုင်မှုသာဖြစ်ပြီး နှောက်ယှက်ခြင်းမဟုတ်ကြောင်း သိရပါတယ်။ ဒီလိုပဲ အမြဲတန်း ဖွင့်နေကျမို့လို့ပါ။ ဒါကို ဆရာထင်လင်းဦးကြားရတော့ မကျေမနပ်ဖြစ်တာတွေ့ရလို့ ပွဲစီစဉ်သူ ကိုမျိုးမင်းက တောင်ကျောင်းဆရာတော်ကို သွားလျှောက်ပါတယ်။ မြောက်ကျောင်းကဖွင့်တာဖြစ်လို့ မြောက်ကျောင်းကိုသွားလျှောက်ဖို့ တောင်ကျောင်းဆရာတော် ဦးဇဝနက မိန့်လိုက်ပါတယ်။ NLD ကိုမျိုးမင်းက မုံရွာမြို့ သစ္စာရောင်ခြည်ဆရာတော်ကြီး ဦးပဏ္ဍိတထံ ဖုန်းဆက်လျှောက်ပါတယ်။ ဆရာတော်ဦးပဏ္ဍိတက မြောက်ကျောင်းဆရာတော် ဦးဣန္ဒာဝုဓကို ဖုန်းဆက်ပြီး ပိတ်ခိုင်းပါတယ်။ ဦးဣန္ဒာဝုဓ ဖွင့်တာမဟုတ်ဘဲ ခန်းနေဆရာတော်လေး ဦးသာသန ဖွင့်တာဖြစ်ကြောင်း လျှောက်ထားပြီး အသံချဲ့စက်ကို ပိတ်ခိုင်းလိုက်ပါ တယ်။ ခန်းနေဆရာတော် ဦးသာသနာကလည်း ချက်ချင်းပိတ်ပေးလိုက်ပါတယ်။
၉၆၉ သီချင်းကို မကြားဝံ့မနာသာဖြစ်နေတဲ့ ဆရာထင်လင်းဦးက မကျေနပ်ချက်တွေရင်ဖွင့်ပါတော့တယ်။ ဦးဝီရသူ၊ ၉၆၉၊ မဘသ ဆရာတော်တွေ မကောင်းကြောင်း ပယ်ပယ်နယ်နယ် ပြောပါတော့တယ်။ (ဆရာညီမင်းညိုနှင့် ဆရာဦးဘုန်းဓာတုက စင်ပေါ်မှာ ဒါတွေမပြောဖို့ တားကြတယ်လို့ ဆိုပါတယ်။)
ဆရာထင်လင်းဦးက အရင်ဆုံး ဟောရတာပါ။ သူ့ကို ဘယ်ဘုန်းကြီးက ဘယ်ရွာသားကမှ လာမတားဘဲ တားသယောင်လုပ်ကာ သံဃာငါးသိန်းကျော်ကို ဒေါနှင့်မောနှင့် အားရပါးရစော်ကားပါတော့တယ်။
ဒီအချိန်မှာ ရွှေလှေရွာမှ ဆရာတော်ဦးဝိလာသရောက်လာပါတယ်။ ဦးဘုန်းဓာတုကို ဖိတ်ကြားဖူးသူဖြစ်လို့ ပုဂ္ဂိုလ်ရေးရင်းနှီးတာကြောင့်လာတွေ့တာပါ။ ဆရာထင်လင်းဦး ဟောပြောတာတွေကြောင့် မခံမရပ်နိုင်ဖြစ်ပြီး စင်အောက်ဘေးနားမှာထိုင်နေတဲ့ ဆရာနှစ်ယောက်ကို တိုင်တန်းပါတော့တယ်။ ဆရာညီမင်းညိုနှင့် ဆရာဦးဘုန်း(ဓာတု)တို့က သံဃာတွေကို ပြစ်မှားတာမဟုတ်ကြောင်း၊ ဦးဝီရသူ၊ ၉၆၉ နှင့် မဘသ ဆရာတော်များကိုသာ ရည်ရွယ်ပြောကြားတာဖြစ်ကြောင်း ပြန်ပြောပါတယ်။ သံဃာငါးသိန်းကျော်ကို စော်ကားတာ လွန်လာပြီဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
ဆရာနှစ်ယောက်က ဆရာထင်လင်းဦးကို စင်ပေါ်ရောက်ရင် ဒါတွေ မပြောဖို့ တားခဲ့တယ်လို့ ဆိုပေမယ့် ဆရာထင်လင်းဦး သံဃာမကောင်းကြောင်းပြောတဲ့အခါ ရှေ့ဆုံးမှ ဦးဆောင်ပြီး လက်ခုပ်တီးတောင် ပြပါတယ်။ ပရိသတ်အချို့က ဆရာညီမင်းညိုနှင့် ဆရာဦးဘုန်း(ဓာတု)တို့ တီးတဲ့အတိုင်း လက်ခုပ်လိုက်တီးပါတယ်။
သံဃာတွေစုမိလာပြီး ဆရာထင်လင်းဦးကို ဆုံးမဖို့ လုပ်ကြပေမယ့် သူ့အဆိုးကနေ ကိုယ့်အဆိုးဖြစ်မှာစိုးလို့ အောင့်အီးပြီး သည်းခံခဲ့ကြပါတယ်။ သံဃာတွေ စုရုံးစုရုံးဖြစ်လာတာကြောင့် ကျန်ဆရာနှစ်ယောက်က ဘုန်းကြီးမကောင်းကြောင်း ဆက်မဟောတော့တာဖြစ်ပါတယ်။
အခမ်းအနားပြီးတော့ တောင်ကျောင်းခန်းနေဆရာတော် ဦးကဝိဓဇက ဦးဘုန်း(ဓာတု)ဆီ ဖုန်းဆက်ပါတယ်။ ဆရာထင်လင်းဦးဟောပြောတာနဲ့ ပတ်သက်ပြီး ပြောစရာရှိတယ်လို့ ပြောတဲ့အခါ သူ့ဘေးနားမှာ ဆရာထင်လင်းဦးရှိကြောင်း၊ သူ့ကိုတိုက်ရိုက်ပြောနိုင်ကြောင်း အကြံပေးကာ ဆရာထင်လင်းဦးရဲ့ ဖုန်းနံပါတ် ပေးလိုက်ပါတယ်။ ချက်ချင်းပဲ ဆရာထင်လင်းဦးဆီ ဦးကဝိဓဇဖုန်းဆက်ပါတယ်။ ဆရာထင်လင်းဦးက ဖုန်းလုံးဝ မကိုင်တော့ပါဘူး။
သံဃာမကောင်းကြောင်း ဟောတဲ့နေရာမှာ အတွဲညီတဲ့ ဒီသုံးယောက်တွဲကို ဆရာတော်ဦးဝိစာရနေ့မှာ ရွေးပင့်တဲ့ NLD ကိုမျိုးမင်းက ကျောက်သင်္ဘောဝါဒီဖြစ်ပါတယ်။ သူ့အဖေက ကျောက်သင်္ဘောဝါဒအတိုင်း သံဃာကိုစော်ကားလို့ ရူးသွားပြီးနောက်ပိုင်း သွေးအန်သေသွားတာဖြစ်ပါတယ်။ ဆရာတော်တွေက ကိုမျိုးမင်းကို သူ့အဖေလို သွေးအန်သေမှာစိုးလို့ အမြဲဆုံးမခဲ့ပေမယ့် ကိုမျိုးမင်းက NLD ပါတီနှင့် ဆရာတော် ဦးဝိစာရတို့ကို ခုတုံးလုပ်ပြီး သာသနာဖျက်ဖို့ ဒီသုံးယောက်တွဲကို ဖိတ်တာဖြစ်ပါတယ်။
အနိမ့်ရွာသူ/သားတွေကနည်းပြီး၊ ကိုမျိုးမင်းဖိတ်ကြားလို့လာကြတဲ့ ချောင်းဦးမြို့နယ် NLD ပါတီဝင်က ပိုများပါတယ်။ လက်ခုပ်တီးတာလည်း အလံရှူးသဘောမျိုး လမ်းကြောင်းတဲ့အနေနဲ့ တီးပြတာများပါတယ်။
ဆရာထင်လင်းဦးက အဆင်းဘီးတပ်ပေးပြီး ဆီသုတ်ပေးလိုက်သလိုဖြစ်ကာ သူကိုယ်တိုင် မြောင်းထဲ ဒိုင်ဗင်ထိုးချရင်း NLD ပါတီကို မြောင်းထဲ တွဲခေါ်သွားတာဖြစ်ပါတယ်။
ဒီခွေကို နားထောင်ရတဲ့ ရဟန်းရှင်လူ မည်သူမဆိုဟာဆက်ဆက်တုန်အောင် ခံစားကြရပြီး စိတ်လိုက်မာန်ပါ တုန့်ပြန်ချင်စိတ်တွေ ဝင်ကြပေမယ့် ချောင်းဦးဆရာတော် သံဃာတော်များက တည်ငြိမ်ရင့်ကျက်စွာနှင့် သည်းခံနိုင်ခဲ့တဲ့အပြင် အထောက်အထားခွေကိုလည်း ခက်ခက်ခဲခဲ ရယူနိုင်ခဲ့တာတွေ့ရပါတယ်။
ချောင်းဦးမှာ မဘသ ဖွဲ့စည်းခြင်း မရှိသေးပါဘူး။ အခုတော့ ချောင်းဦးဆရာတော်တွေ မဘသဖွဲ့ဖို့ ပြင်ဆင်နေကြပါပြီ။
အက္ကောဓေန ဇိနေ ကောဓံ-ဒေါသသမားကို မေတ္တာဖြင့် အနိုင်ယူရာ၏-ဆိုတဲ့ ဘုရားတရားတော်ကို လက်တွေ့ ကျင့်သုံးနိုင်ခဲ့ကြတဲ့ ချောင်းဦးမြို့မှ ဆရာတော်သံဃာတော်များ ကျေးဇူးကြီးမားလှကြောင်းပါဘုရား။
09.33230554(ဦးကဝိဓဇ-အနိမ့်ရွာတောင်ကျောင်းခန်းနေဆရာတော်ထံ မေးမြန်းစုံစမ်းနိုင်ပါတယ်။)
=============================================================

“မရမ်းကုန်း NLD နှင့် ဆရာထင်လင်းဦးတို့ ရွာမဆရာတော်ကြီးထံ လာရောက်တောင်းပန်”

18.11.2014 ရက်နေ့ ညနေ 5:00 ခန့်က ဖြစ်ပါတယ်။ ရွာမဆရာတော်ကြီးထံ မရမ်းကုန်း NLD အဖွဲ့ရောက် လာလို့ ဆရာတော်ကြီးက သြဝါဒပေးပါတယ်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆိုတာ တစ်ဦးတစ်ဖွဲ့တည်းရဲ့ တာဝန်မဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင်အားလုံးမှာ တာဝန်ရှိတယ်လို့ ဆရာတော်ကြီးက မိန့်တော်မူပြီး ဆရာထင်လင်းဦးကိစ္စကို မေးတော်မူပါတယ်။
မရမ်းကုန်း NLD အဖွဲ့ဝင်များက ဒါ-ထင်လင်းဦးပါပဲဘုရား လို့ လျှောက်ထားအပြီးမှာ ဆရာထင်လင်းဦးက တောင်းပန်လျှောက်ထားပြီး လှူဖွယ်များ ဆက်ကပ်ပါတယ်။ ဒါကို ဓာတ်ပုံမှတ်တမ်းတင်ကြဖို့ လုပ်တဲ့အခါ ဆရာတော်ကြီး၏ တပည့်လေးများက ဓာတ်ပုံမရိုက်ဖို့ မေတ္တာရပ်ခံခဲ့ကြပါတယ်။
ဆရာတော်ကြီးက တောင်းပန်တာကိုလည်း လက်ခံတယ်။ လှူဖွယ်ခြင်းကိုလည်း အလှူခံတယ်ပြောပြီး အခြားလိုအပ်ရာမှာ သုံးစွဲကြဖို့ ပြန်လည်စွန့်ကြဲပြီး၊ ကိုယ့်တာဝန်ကိုယ်ယူဖို့ ဆရာထင်လင်းဦးကို တိုက်တွန်း လိုက်ပါတယ်။
သံဃာထုတစ်ရပ်လုံးကို စော်ကားတာက စင်မြင့်ပေါ်မှာ လူသိရှင်ကြား ဒေါနဲ့ မောနဲ့၊ လာတောင်းပန်တော့ ဆရာတော်ကြီးတစ်ပါးတည်းကို လူမသိ သူမသိ ခိုးကြောင်ခိုးဝှက် ဖြစ်နေတာ တွေ့ရမှာပါ။
ဆရာထင်လင်းဦး တောင်းပန်နေတဲ့ ပုံလေးနှင့် စော်ကားနေတဲ့ပုံလေး ယှဉ်တွဲပြီး ကြည့်ချင်လိုက်တာဗျာ။
“မြန်မာပြည်မှာ မိန်းမ မယူတဲ့ လူတန်းစား ငါးသိန်းကျော်ရှိတယ်” ဆိုပြီး သံဃာထုတစ်ရပ်လုံးကို စော်ကားတာ ဒီမိုကရေစီဆိုရင် အဲဒီ ဒီမိုကရေစီကို အဝီစိမှာပဲ ကျင့်သုံးကြဖို့ တိုက်တွန်းရတော့မယ် ထင်ပါရဲ့။
သံဃာ-၅-သိန်းကျော်ကို ဗြောင်ကျကျ စော်ကားသူ ဒီတစ်ယောက်ပဲ တွေ့ဖူးသေးတယ်ဗျာ။
စော်ကားတဲ့သူကလည်း လမ်းဘေးက အရက်သမားမဟုတ်ဘူးဗျ။ စင်ပေါ်က နိုင်ငံရေးသမားဗျ။
ပါတီမဲ့ နိုင်ငံရေးသမားလည်း မဟုတ်။
ပါတီသေးသေးလေးကလည်း မဟုတ်။
ကြံ့ဖွတ်လို အာဏာရပါတီကြီးကလည်း မဟုတ်။
အတိုက်အခံ ဒီမိုကရေစီပါတီကြီးကဗျ။
အရပ်သူ အရပ်သား စီစဉ်တဲ့ သာမဉ်ညောင်ညဟောပြောပွဲမျိုးမှာ စော်ကားတာမဟုတ်ဘူးဗျ။ ဒီမိုကရေစီ အဖွဲ့ချုပ်(မြို့နယ်)က စီစဉ်တဲ့ ပွဲကြီးဗျ။
သာမန်ဟောပြောပွဲတောင် မဟုတ်ဘူးဗျ။ လွတ်လပ်ရေးဗိသုကာ ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး ဆရာတော် ဦးဝိစာရနေ့ အထိမ်းအမှတ် ကျင်းပတဲ့ ပွဲကြီးဗျ။
ရွာမဆရာတော်ကြီးကို တောင်းပန်တာကိုတော့ ကြိုဆိုပါတယ်ဗျာ။ သာဓုလည်း ခေါ်ပါတယ်။ အားလည်းပေး ပါတယ်။
ရွာမဆရာတော်ကြီးကို တောင်းပန်ရုံနှင့်တော့ ဖြေရှင်းရာ မရောက်သေးဘူးဆိုတာ နားလည်းထားလိုက်ပါ။
တာဝန်မယူ-တာဝန်ခံတတ်တဲ့ NLD ဌာနချုပ်နှင့်စာရင်တော့ မရမ်းကုန်း NLD နှင့် ဆရာထင်လင်းဦးတို့ကို ချီးကျူးရမှာပါပဲဗျာ။
ဒါပေမဲ့ ဒါဟာ လုံလောက်တဲ့ အဖြေမဟုတ်သေးဘူးဆိုတာကိုတော့ သိကြစေချင်ပါတယ်။
ဝီရသူ(မစိုးရိမ်)
19.11.2014
PM 10:34
========================================================= 

"စာရေးဆရာထင်လင်းဦး၏ ဟောပြောချက်များနှင့် ပတ်သက်၍ မြို့နယ် သံဃနာယကအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်"

 ရက်စွဲ၊ ၁၉.၁၁.၂၀၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သံးပန်လှ(ကမ်းနိမ့်)ကျေးရွာတွင် ဦးဝိစာရနေ့ အထိမ်း အမှတ်အဖြစ် စာပေဟောပြောပွဲကို ၂၃-၁၀-၂၀၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပါသည်။
၁။ ၄င်းစာပေဟောပြောပွဲ၌ စာရေးဆရာထင်လင်းဦး၏ ဟောပြောချက်များမှာ ဗုဒ္ဓဘာသာကို၎င်း၊ ရဟန်းသံဃာ တော်များကို၎င်း၊ ဗုဒ္ဓဘာသာ သာသနာတော်ကို ညှိုးနွမ်းစေသော ဟောပြောချက်များဖြင့် ထိပါးပုတ်ခတ် စော်ကား၍ ဟောပြောချက်များပါရှိနေပါသဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တင်ပြရန် ဆုံးဖြတ်ခဲ့ ကြပါသည်။
၂။ ထိုဟောပြောချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့်အညီ  အာဏာစက်ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် ဆွေးနွေးဆုံးဖြတ်ကြပါသည်။
မြို့နယ်သံဃနာယကအဖွဲ့
ဦးဝရသမ္ဗောဓိ(ဥက္ကဋ္ဌ)
ဦးဝရသိရီ(အဖွဲ့ဝင်)
ဦးဝါယမ(အဖွဲ့ဝင်)
ဦးရေဝတ(အဖွဲ့ဝင်)
ဦးဣန္ဒာစာရ(အဖွဲ့ဝင်)
ဦးအဂ္ဂဝံသ(အဖွဲ့ဝင်)
ဦးစရိတ(အဖွဲ့ဝင်)
ဦးသောမ(အကျိုးတော်ဆောင်)
မိတ္တူကို-မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ချောင်းဦးမြို့။
မြို့နယ်သာသနာရေးမှူး၊  မြို့နယ်(လ.ဝ.က)၊ ချောင်းဦးမြို့။
မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ချောင်းဦးမြို့၊
မြို့နယ်အထောက်အကူပြုကော်မတီ၊ ချောင်းဦးမြို့။
မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ချောင်းဦးမြို့။
==============================================================

“ဆရာထင်လင်းဦးကို ချောင်းဦး မြို့နယ်ဦးစီးအရာရှိမှ တရားစွဲပြီ”

ဒီကနေ့ 20.11.2014 မွန်းလွဲ 1:00 နာရီမှာ ချောင်းဦးမြို့နယ်၊ အုပ်ချုပ်ရေးမှူးက တရားရုံးကို ဦးတိုက်လျှောက်ထား တိုင်ကြားလိုက်ပြီ ဖြစ်ပါတယ်။
ချောင်းဦးမြို့နယ်သံဃနာယကအဖွဲ့ 19.11.2014 နေ့က ပြုလုပ်သော သာသနာတော်ကို အာဏာစက်ဖြင့် အကာအကွယ်ပေးရန် စည်းဝေးဆုံးဖြတ်ချက်ကို ဒီကနေ့ အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်းနှင့် ရွာခံ သံဃာတော်များနှင့် ပြည်သူများဆန္ဒကို ကွင်းဆင်းလေ့လာပြီးမှ စွဲဆိုခြင်းဖြစ်ကြောင်း သိရပါတယ်။
ချောင်းဦးမြို့မှ ပေးပို့လာသော သတင်းကို ပူးတွဲ တင်ပြလိုက်ပါတယ်။
===============================================================

သို့
မြို့နယ်တရားသူကြီး
မြို့နယ်တရားရုံး
ချောင်းဦးမြို့

ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
အကြောင်းအရာ။ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ပေးနိုင်ရန်ကိစ္စ။
၁။ ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာတွင် စာရေးဆရာထင်လင်းဦးသည်(၂၃.၁၀.၂၀၁၄) ရက်နေ့တွင် စာပေဟောပြောပွဲပြုလုပ်ခဲ့ရာ ၄င်း၏ ဟောပြောချက်များ၌ အောက်ပါစကားလုံးများ ပါဝင်ခဲ့ပါသည်။
၂။ ဦးထင်လင်းဦး၏ ဟောပြောချက်များတွင် “အခု မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်တွေက မြတ်စွာဘုရားရဲ့ သင်္ကန်းတော်ကြီးကို ခြုံပြီးတော့ ငါပြောတာအမှန်၊ ငါပြောတာလုပ်လို့ ပြောနေတာ မှန်သလား” ဟုလည်းကောင်း၊ “မြတ်စွာဘုရား ဘာလူမျိုးလဲ၊ ရှမ်း/ကချင်/ကယား/ကရင်/ချင်း စတဲ့ အဲဒီလူမျိုးတွေရောဟုတ်လား၊ မဟုတ်ဘူးနော်၊ သေချာတာက မြတ်စွာဘုရားသည် ကျွန်တော်တို့နိုင်ငံထဲက တိုင်းရင်းသားလူမျိုး ဟုတ်လို့လား၊ မဟုတ်ဘူးနော် ကောင်းပြီ ကျွန်တော်တို့ ဒီကနေ့ကစပြီး မကိုးကွယ်ကြနဲ့ ဗျာ၊ မကိုးကွယ်နဲ့ ခင်ဗျားတို့ အမျိုးချစ်ရင် မြတ်စွာဘုရားကို မကိုးကွယ်နဲ့၊ ကျုပ်တို့ အမျိုးမဟုတ်ဘူး” ဟုလည်းကောင်း “ကတုံးကြီးတုံးလားပြီး သင်္ကန်းပတ်လာတိုင်း ဖင်ကုန်းဦးချကြတာပဲ” ဟုလည်းကောင်း၊ “ကျွန်တော်တို့ ဗုဒ္ဓဘာသာကို အဲဒီသင်္ကန်းဝတ်တွေ ဖျက်ဆီးနေတယ်” ဟုလည်းကောင်း၊ “အဲဒီကတုံးနဲ့ သင်္ကန်းပတ်လာတဲ့သူကပြောတိုင်း မင်းတို့ ယုံစရာလား” ဟု လည်းကောင်း၊ “သင်္ကန်းကြီးပတ်လာပြီးတော့ ပြောနေတိုင်း ခင်ဗျားတို့က အမှန်လို့ ယုံမှာလား” ဟု လည်းကောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
၃။ အဆိုပါ ပြောကြားချက်များသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း နေထိုင်လျှက်ရှိသော လူများ၏ ဘာသာရေးစိတ်ဓာတ်ကို နာကြည်းစေရန် တမင် မသမာသောအကြံဖြင့် ထိုလူတစားကိုးကွယ်သည့်ဘာသာ၊ သာသာနကိုသော်လည်းကောင်း၊ ဘာသာ သာသနာရေး ယုံကြည်မှုကိုသော်လည်းကောင်း၊ စော်ကား ပုတ်ခတ်ပြောဆိုခဲ့ကြောင်း ပေါ်ပေါက်နေပါသောကြောင့် ထိုသို့ ပုတ်ခတ်စော်ကားပြောဆိုသူ စာရေးဆရာ ထင်လင်းဦးအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅-က အရ အရေးယူပေးပါရန် ဦးတိုက်လျှောက်ထား တိုင်ကြားအပ်ပါသည်။
၎။ တိုင်ကြားစာနှင့်အတူ အောက်ပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြအပ်ပါသည်။
(က) ဟောပြောပွဲရုပ်သံမှတ်တမ်း DVD ခွေ-၁ခွေ
(ခ) DVD ပါ ဦးထင်လင်းဦး၏ ဟောပြောချက်များကို ရေးကူးထားသောစာရွက်-၁စုံ
(ဂ) ချောင်းဦးမြို့နယ် သံဃာ့နာယကအဖွဲ့၏(၁၉.၁၁.၂၀၁၄) ရက်စွဲပါ-၁စောင်
အစည်းအဝေးဆုံးဖြတ်ချက်
(ဃ) မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၃၆/၂၀၁၄)-၁စုံ
(င) ဦးထင်လင်းဦး၏ နေရပ်လိပ်စာ-၁စောင်
(စ) သက်သေများစာရင်း-၁စောင်
တိုင်ကြားသူ
ဦးဦးထွန်းခိုင်
မြို့နယ်ဦးစီးအရာရှိ
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
ချောင်းဦးမြို့။
=============================================================== 

“စာရေးဆရာထင်လင်းဦးအား လူမှုရေးအဖွဲ့များနှင့် ဝံသာနုအဖွဲ့များက တရားစွဲရန်စီစဉ်”

NLD ပါတီမှ ကျင်းပပြုလုပ်ခဲ့သော စာပေဟောပြောပွဲတွင် ဟောပြောခဲ့သော စကားများသည် ဗုဒ္ဓဘာသာတစ်ခုလုံးကို စော်ကားသည့် စကားလုံးများပါသည့်အတွက် စာရေးဆရာထင်လင်းဦးအား အခြားလူမှုရေးအဖွဲ့များနှင့် ဝံသာနုအဖွဲကများမှ တရားစွဲရန် စီစဉ်နေကြောင်း သိရသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ပြောရေးဆိုခွင့်ရှိသူ ကိုသွင်စစ်မာန်အောင်က “ကျွန်တော်တို့အနေနဲ့ကတော့ တရားစွဲဖို့ အစီအစဉ်မရှိပါဘူး။ မဘသ ၉၆၉ အဖွဲ့ကို စော်ကားတာမဟုတ်ပါဘူး။ သံဃာထုတစ်ဖွဲ့လုံးကို စော်ကားတဲ့အတွက် အခြားအဖွဲ့အစည်းတွေက သူ့ကို တရားစွဲသွားမှာပါ” ဟု Tomorrow ဂျာနယ်လို့ ပြောကြားသည်။
ယခုလအတွင်းချောင်းဦးမြို့နယ် NLD ပါတီမှ ဦးစီးကျင်းပခဲ့သော စာပေဟောပြောပွဲတွင် စာရေးဆရာ ထင်လင်းဦးမှ ဗုဒ္ဓဘာသာတစ်ခုလုံးကို စော်ကားသည့် စကားလုံးများ ပါလာသည့်အပြင် သံဃာထုတစ်ဖွဲ့လုံး ကိုပါ စော်ကားပြီး ဗုဒ္ဓဘာသာအဖွဲ့ဝင်များကိုလည်း ရိုင်းစိုင်းသည့် စကားလုံးများ ပါသည့်အတွက် အခြား လူမှုရေးအဖွဲ့များနှင့် ဝံသာနုအဖွဲ့များက တရားစွဲရန် စီစဉ်ခြင်းဖြစ်သည်။
“ဦးထင်လင်းဦးက စာရေးဆရာတစ်ဦးဖြစ်တယ်။ သူ့ကို ကျွန်တော်တို့က စာရေးဆရာတစ်ဦးအနေနဲ့ ဖိတ်တာပါ။ NLD ပါတီက လုပ်တယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ NLD အနေနဲ့ စာပေအတွက် လိုက်လံ ဟောပြောပေးဖို့ဆိုတဲ့ ကဏ္ဍနဲ့ဖိတ်တာပါ။ ဆရာ့အနေနဲ့ကလည်း ယခုဟောပြောချက်ကို သူဖြေရှင်းသွားမှာပါ။ သူ့ကို NLD ပါတီက ထုတ်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဟောပြောပွဲမှာလည်း သူဘယ်လို ဟောတယ်ဆိုတာ ကျွန်တော်မသိဘူး။ ၇ မိနစ်၊ ၁၀ မိနစ်စာတော့ ဟောတာကို အခွေနဲ့ နားထောင်ရတယ်။ အစအဆုံး နားထောင်ခွင့်မရဘူး။ အဲဒီလို နားထောင်လို့မရတဲ့အတွက် တစ်ဖက်က လိုသလို အသုံးပြုထားတယ်လို့ ထင်မြင်ယူဆတယ်။ ကျွန်တော်ဒီဟောပြောပွဲနဲ့ပတ်သက်လို့ သူက ဗဟိုမှာ သတင်းပြန်ကြားရေးအဖွဲ့ဝင်ဖြစ်တဲ့အတွက် တိတိကျကျမသိဘဲနဲ့ သုံးသပ်ရမယ်ဆိုရင် အင်မတန်မှ ခက်ခဲပါ တယ်” ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုငမှ ဒုဥက္ကဋ္ဌ ဦးကိုကိုလေးက ပြောသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆရာတော်ဦးဝီရသူက နိုဝင်ဘာ ၂၁ ရက်တွင် ညွှန်ကြားချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ထိုညွှန်ကြားချက်မှာ NLD ပါတီအနေဖြင့် ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အပြင် NLD ပါတီ၏ အလံများအောက်တွင် ဟောပြောသည့်အတွက် ပါတီအနေဖြင့် ရှောင်လွှဲ၍ မရသည့်အပြင် တာဝန်ယူဖြေရှင်းပေးရမည်ဆိုသော ညွှန်ကြားချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စာရေးဆရာထင်လင်းဦးက ၄င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သံဃာတော်များအား ပြန်လည်တောင်းပန်ခဲ့ပြီး ၄င်းပြောဆိုခဲ့သော စကားများအတွက် တာဝန်ယူ ဖြေရှင်းပေးမည်ဟု ရေးသားထားသည်။

ပိုင်လေး။
===============================================================

“ဦးထင်လင်းဦး၊ စာပေဟောပြောပွဲစီစဉ်သူနှင့် ချောင်းဦးမြို့နယ် NLD တို့ကို အရေးယူပေးရန် မန္တလေးအခြေ စိုက် နိုင်ငံရေးပါတီကိုးခု ကြေညာချက်ထုတ်”

မောင်တာ၊ မန္တလေး
ဗုဒ္ဓဘာသာ သာသနာကို စော်ကားပြောဆိုခဲ့သည့် ထင်လင်းဦး(Wisdom Villa)၊ စာပေဟောပြောပွဲ စီစဉ်သူနှင့် ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အား ရှုတ်ချကြောင်းနှင့် ပြင်းထန်စွာအရေးယူပေးရန် မန္တလေးတိုင်းအခြေစိုက် နိုင်ငံရေးပါတီကိုးခုနှင့် အမျိုးသားရေးအင်အားစု အဖွဲ့အစည်းများက ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။
အောက်တိုဘာ ၂၃ ရက်က ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာတွင် ပြုလုပ်ခဲ့သည့် ဦးဝိစာရဂုဏ်ပြုစာပေ ဟောပြောပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦး၏ ဟောပြောချက်များသည် ဘာသာ၊ သာသနာကို စော်ကားသည့်အတွက် ဟောပြောသူ ဦးထင်လင်းဦး၊ ဟောပြောပွဲစီစဉ်သူ ဦးမျိုးဝင်းနှင့် ချောင်းဦးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လက်ခုပ်တီးအားပေးသော ပရိသတ်များကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း မန္တလေးအခြေစိုက် နိုင်ငံရေးပါတီကိုးခုနှင့် အမျိုးသားရေးအင်အားစုများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေးကော်မတီက နိုဝင်ဘာ ၂၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။
တ.စ.ည ပါတီ၊ NDFပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ အစရှိသည့် နိုင်ငံရေးပါတီ ကိုးခုပါဝင်ဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆန္ဒဖော်ထုတ်ပွဲဖြစ်မြောက်ရေး ကော်မတီ၏ ထုတ်ပြန်ကြေညာချက်တွင် အစွမ်းကုန် မိုက်ရိုင်း ယုတ်မာစွာ၊ ယုတ်မာရိုင်းစိုင်းစွာ၊ ယုတ်မာရိုင်းစိုင်းစွာ စသည့် ကြိယာဝိသေသနများသုံးနှုန်းထားပြီး ဦးထင်လင်းဦး၏ ဟောပြောချက်များသည် ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများအား စော်ကားထားကြောင်း၊ ဘာသာရေးပြဿနာကို နိုင်ငံရေးအတွင်းသို့ ဆွဲသွင်းလာပြီး ကြီးမားသော ပြဿနာတစ်ရပ် ဖန်တီးနေသည်ဟု ယုံကြည်ကြောင်း ရေးသားဖော်ပြထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆိုထားသည်။
၎င်းတို့ကော်မတီအနေဖြင့် တရားစွဲဆိုခြင်းများ ပြုလုပ်မည်မဟုတ်ဘဲ သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုခြင်းသာဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆန္ဒ ဖော်ထုတ်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ဝင်းက ပြောသည်။
စာပေဟောပြောပွဲတွင် ဘာသာ၊ သာသနာအား စော်ကားပြောဆိုမှုများပြုလုပ်ခဲ့သည်ဟုဆိုကာ စာရေးဆရာ ထင်လင်းဦးအား ချောင်းဦးမြို့နယ် တရားရုံးတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးက တရားလိုပြု လုပ်ကာ နိုဝင်ဘာ ၂၀ ရက်၌ အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးထင်လင်းဦး၏ ဟောပြောချက်များသည် ၄င်း၏ ကိုယ်ပိုင်ဟောပြောချက် များသာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဦးထင်လင်းဦးက ၄င်း၏ ဟောပြောချက်များသည် သံဃာထုအား ပြစ်မှားစော်ကားလိုသော ရည်ရွယ်ချက်ဖြင့် ပြောကြားခဲ့ခြင်းမဟုတ်ကြောင်း၊ သို့သော် ပြင်းထန်သော စကားလုံးအသုံးအနှုန်းများ သုံးနှုန်းဟောပြောမိသည့် အတွက် ဆရာတော်၊ သံဃာတော်များအား ဝန်ချတောင်းပန်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ၄င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။
ဆရာတော်၊ သံဃတြော်များက ခေါ်ယူစစ်မေးဆုံးမမည်ဆိုလျှင် လာရောက်ခံယူမည်ဖြစ်ကြောင်းနှင့် ၄င်း၏ ပြောစကားများအတွက် တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ကြောင်း ဦးထင်လင်းဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
==============================================================


“စာရေးဆရာထင်လင်းဦးကို သပိတ်မှောက်ကံဆောင်ကြပြီ”

NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် စာရေးဆရာထင်လင်းဦးကို ချောင်းဦးမြို့နယ်လုံးဆိုင်ရာ သံဃာတော်များက ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း သပိတ်မှောက်လိုက်ကြပါတယ်။
ဒီကနေ့ 29.11.2014 ရက်နေ့ မွန်းလွဲ 2:00 မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမမဟာသိမ်တော်ကြီးမှာ စုပေါင်းကံဆောင်ကြတာ ဖြစ်ပါတယ်။
မြို့နယ်သံဃနာယကဥက္ကဋ္ဌ-အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ ဓမ္မာရုံဆရာတော်ကြီး ဘဒ္ဒန္တဝရသီရိတို့ အမှူးပြုသော ဆရာတော်သံဃာတော် ၂၇၀ ကျော်တက်ရောက်ကြပြီး အခမ်းအနား မတက်ရောက်နိုင်သော သံဃာတော် ၁၄၈ ပါးက သဘောတူကြောင်း ဆန္ဒပေးခဲ့ကြပါတယ်။
ချောင်းဦးမြို့နယ်ဆရာတော်သံဃာတော်များက ဆရာထင်လင်းဦးကို သပိတ်မှောက်ကံဆောင်ထားခြင်းနှင့် ပတ်သက်ပြီး တစ်ပြည်လုံးမှ သံဃာတော်များ လေးစားလိုက်နာကြဖို့လည်း လျှောက်ထားကြပါတယ်။
(ချောင်းဦးမြို့နယ်၊ လဝက ဦးစီးမှူးက တရားရုံးသို့ ဦးတိုက်လျှောက်ထားဖွင့်ခဲ့သည့် အမှုကိုလည်း တရားရုံးက ရဲစခန်းသို့ ပြန်လည် ချပေးလိုက်ပြီလို့ သိရပါတယ်။)
==========================================================

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သံဃာတော်အပေါင်းတို့က တစ်သာသနာလုံးရှိ သံဃာတော်အပေါင်းအား အသိပေးလျှောက်ထားချက်

ဧဝံ နိက္ကုဇ္ဇိတေ ပန ပတ္တေ တဿ ဂေဟေ ကောစိ ဒေယျ ဓမ္မော နဂဟေတဗ္ဗော အသုကဿ ဂေဟေ ဘိက္ခံ မာဂဏှိတ္ထာတိ အညေသု ဝိဟာရေသုပိ ပေသေတဗ္ဗံ-ဟု စူဠဝဂ္ဂ အဋ္ဌကထာ ခုဒ္ဒက ခန္ဓက (၅၁-၅၂) လာရှိသည်နှင့်အညီ အမှတ်(၁၀) မြစံပယ်လမ်း ၉-ရပ်ကွက် မရမ်းကုန်းမြို့နယ် ရန်ကုန်တွင် နေထိုင်သည့် စာရေးဆရာထင်လင်းဦးသည် ဗုဒ္ဓသာသနာတော်နှင့်တကွ သံဃာတော်အပေါင်းအား ရိုင်းစိုင်းစော်ကား ပြစ်မှား ကျူးလွန်သောကြောင့် ထင်လင်းဦးကို ပတ္တနိက္ကုဇ္ဇန(သပိတ်မှောက်)ကံ ပြုထားပါသည်။ သို့ပါ၍ သပိတ်မလှန်မီ ထင်လင်းဦးထံမှ တစ်စုံတစ်ခုသော ဒေယျဓမ္မကိုမျှ အလှူခံခြင်း မပြုဘဲ ရပ်ဆိုင်းထားကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား။
ပတ္တနိက္ကုဇ္ဇနကံ ပြုရခြင်း၏ ရည်ရွယ်ချက်
၁။ ထင်လင်းဦးသည် ဗုဒ္ဓဘာသာကို တကယ်တန်းသက်ဝင်ယုံကြည်၍ သူတော်ကောင်းစိတ်ဓာတ်ဖြင့် မိမိ၏ အပြစ်ကို သိရှိပြီး သံဃာတော်တို့အား ဝန်ချတောင်းပန်သောအားဖြင့် ကုစားနိုင်ရန်။
၂။ ထင်လင်းဦးသည် ရတနာမြတ်သုံးပါးအား ပုတ်ခတ်စော်ကား ပြောဆိုရေးသားခြင်းမှ ထာဝရရှောင်ကြဉ်နိုင် ရန်။
၃။ နောင်အနာဂတ်ကာလ၌ ရတနာမြတ်သုံးပါးအား စော်ကား ပုတ်ခတ် ပြောဆို ရေးသားသူတို့ မပေါ်ပေါက်စေရန် ရည်ရွယ်၍ ဤ ပတ္တနိက္ကုဇ္ဇနကံကို ပြုရခြင်းဖြစ်ပါသည်။
ချောင်းဦးမြို့နယ်လုံးဆိုင်ရာ
သံဃာတော်များ
============================================================ 

“စာရေးဆရာ ထင်လင်းဦးအမှု စတင်စစ်ဆေးပြီ”

စာရေးဆရာထင်လင်းဦး ဟောပြောမှုနှင့် ပတ်သက်ပြီး ချောင်းဦးမြို့နယ်၊ သံဃနာယက၏ ညွှန်ကြားချက်အရ လဝကဦးစီးမှူးက တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့်အမှုကို ယမန်နေ့ 4.12.2014 ရက်နေ့မှာ စတင်ကြားနာခဲ့ပါသည်။
စာရေးဆရာထင်လင်းဦးကို ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က)နှင့် ၂၉၈ တို့ဖြင့် စွဲဆိုထားပြီး တရားလို ဦးဦးထွန်းခိုင် (လဝကဦးစီးမှူး)ကို ယမန်နေ့က စတင် စစ်ဆေးခြင်းဖြစ်ပါသည်။
17.12.2014 ရက်နေ့မှာ ဆရာထင်လင်းဦးကို သမ္မန်စာဖြင့် ဆင့်ခေါ်ထားကြောင်း၊ ချောင်းဦးမြို့နယ် တရားရုံးမှ စစ်ကိုင်းတိုင်းတရားရုံးသို့ တင်ပြသော ထူးခြားမှုခင်းအရ သိရပါသည်။
ပြစ်မှုကြီးအမှတ် ၃၄၆/၂၀၁၄ ဖြစ်ကြောင်း သိရပါသည်။ ချောင်းဦးမြို့မှ ပေးပို့လာသော သတင်းလေးကို ပူးတွဲ တင်ပြလိုက်ပါသည်။
စုံစမ်းရန်
ဦးဓမ္မပိယ-ချောင်းဦးဓမ္မာရုံကျောင်း=09.402536181
ချောင်းဦး တရားရုံး=071.45102
==========================================================



“စာရေးဆရာထင်လင်းဦးရဲ့ ပထမရုံးချိန်း”

ယနေ့(4.12.2014) ရက်နေ့ ချောင်းဦးမြို့နယ် တရားရုံးတွင် NLD ပါတီမှ ပြန်ကြားရေးအရာရှိ ထင်လင်းဦး အပေါ် တရားစွဲဆိုထားသည့် အမှုအား ချောင်းဦးမြို့နယ် တရားရုံးမှ စတင်ကာ တရားလို ချောင်းဦးမြို့နယ် လဝက ဦးစီးမှူးအား တရားသူကြီး ဦးလင်းမင်းထွန်းက စတင်စစ်ဆေးခဲ့ပါသည်။
စတင်စစ်ဆေးချိန်တွင် တရားခံအဖြစ်သတ်မှတ်ခံရသူ ထင်လင်းဦး လာရောက် အစစ်ခံရန် မလိုသေးကြောင်း သိရပါသည်။
ထင်လင်းဦး ရောက်ရှိလာခြင်းမရှိသလို မြို့နယ်တရားရုံးမှ အမှုအား လက်ခံလိုက်ပြီး ဒုတိယရုံးချိန်းကို (17.12.2014) ရက်နေ့တွင် သတ်မှတ်ပေးခဲ့ပါသည်။
ယင်းနေ့တွင် ထင်လင်းဦးလာရောက်ရမည်ဟု သိရပြီး ယခုအခါ ပုဒ်မ ၂၉၅(က)နှင့် ၂၉၈ ပုဒ်မတို့ဖြင့် စွဲဆိုလိုက်ကြောင်း သိရပါသည်။
ပုဒ်မနှင့် ပြစ်ဒဏ်
ပုဒ်မ ၂၉၅(က)
သာသနာညှိုးနွမ်းမှု အာမခံမရ။  ထောင်ဒဏ်(၂)နှစ်။
ပုဒ်မ ၂၉၈ ဘာသာ သာသနာ ထိခိုက်စော်ကားမှု အာမခံမရ။ ထောင်ဒဏ်(၁)နှစ်လျှော့ရက်မရှိ။ ပုဒ်မ (၂)ရပ်ပေါင်း ထောင်ဒဏ်(၃)နှစ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
============================================================= 

“စာရေးဆရာထင်လင်းဦးကို ၂၉၅-က နှင့် ဆွဲထားပြီ”

စာရေးဆရာထင်လင်းဦးအမှုကို ဒီကနေ့ 17.12.2014 ရက်နေ့မှာ စတင်စစ်ဆေးပါတယ်။
ဒီကနေ့ 10:30 နာရီမှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ မြို့နယ်တရားရုံးမှာ စတင်စစ်ဆေးတာ ဖြစ်ပါတယ်။
တွဲဘက်တရားသူကြီး ဦးဆန်းတင့်က အာမခံချက်ယူမှာလား မေးပါတယ်။
ဆရာထင်လင်းဦးက မယူဘးလို့ ဖြေပြီး၊ နာရီပိုင်းလေးဟောပြောခဲ့တာနဲ့ ကျွန်တော့်ကို တရားခံလို့ ဘယ်လို ပြောနိုင်မလဲ? လို့ ပြန်မေးပါတယ်။
ရှေ့နေခေါ်မှာလားလို့ ဆက်မေးရာ ခေါ်မယ်လို့ ဖြေပါတယ်။ ၄င်းနောက် ဥပဒေအရာရှိထံ အာမခံချက်တင် သော်လည်း ၂၉၅-က ဖြစ်နေလို့ အာမခံမပေးခဲ့ပါဘူး။
11:40 နာရီမှာ ဆရာထင်လင်းဦးကို လက်ထိပ်ခတ်ပြီး 24.12.2014  ရက်နေ့မှာ ထပ်မံစစ်ဆေးမည့် အကြောင်း ချိန်းဆိုလိုက်ပါတယ်။
ဆရာထင်လင်းဦးဟာ 23.10.2014 ရက်နေ့ ချောင်းဦးမြို့နယ်၊ သုံးပန်လှ(အနိမ့်)ရွာ၊ စာပေဟောပြောပွဲမှာ သံဃာတော်ကို ပြစ်မှားစော်ကားမှုများ ထည့်သွင်းဟောကြားခဲ့တာနှင့်ပတ်သက်၍ 19.11.2014 ရက်နေ့မှာ ကျင်းပတဲ့ချောင်းဦးမြို့နယ်၊ သံဃနာယကအဖွဲ့ရဲ့ စည်းဝေးဆုံးဖြတ်ချက်နှင့် ပြည်သူ့ဆန္ဒအရ ချောင်းဦးမြို့နယ် သာသနာရေး(လဝက)သို့ ဦးတိုက်လျှောက်ထားတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဘာသာ သာသနာကို စော်ကားခဲ့တဲ့ ဆရာထင်လင်းဦးကို သပိတ်မှောက်ကံ ဆောင်ပွဲကို 29.11.2014 ရက်နေ့မှာ ချောင်းဦးမြို့နယ်လုံးဆိုင်ရာ သံဃာတော်များက တညီတညွတ်တည်း ကျင်းပခဲ့ကြပါတယ်။
တရားရုံးက ပြစ်မှုကြီးအမှတ် ၃၄၆/၂၀၁၄ ဖြင့် အမှုလက်ခံပြီး 4.12.2014 ရက်နေ့မှာ လဝကဦးစီးမှူး ဦးဦးထွန်းခိုင်ကို စတင်စစ်ဆေးကာ ဆရာထင်လင်းဦးကို သမ္မန်စာဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ရုံးချိန်းသို့ မဘသ(ဗဟို)မှ ဆရာတော်ဦးပါမောက္ခ၊ ဦးဓမ္မပိယ(စစ်ကိုင်း) ဆရာဦးအောင်မြိုင်၊ မန်းမဘသ တွဲဘက်အတွင်းရေးမှူါ် ဆရာတော်များဖြစ်သော ဦးယသ(လမင်းလေး) ဦးစန္ဒာသီရိ(မီးအိမ်ရှင်) ဦးစီးသော သံဃာတော်များ၊ အမျိုးသား အမျိုးသမီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ကြွရောက်လေ့လာခဲ့ကြပါတယ်။
ဆရာထင်လင်းဦးအမှုကို 24.12.2014 ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာဖြစ်ပြီး လောလောဆယ်တွင် ချောင်းဦးရဲစခန်းမှ မုံရွာထောင်သို့ ပို့လိုက်ပြီဖြစ်ပါတယ်။
ဆရာထင်လင်းဦးဟာ ဘိုကလေးဇာတိ မရမ်းကုန်းမှာနေထိုင်ပြီး၊ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် တာဝန်ယူကာ နိုင်ငံရေးဝေဖန်ရေး စာပေဆောင်းပါးများရေးသားခဲ့သူဖြစ်ပါတယ်။ ချောင်းဦးသုံးပန်လှရွာ ဟောပြောမှုနှင့် ပတ်သက်ပြီး NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင်ဖြစ်မှ ရပ်ဆိုင်ခံထားရသူလည်းဖြစ်ပါတယ်။
၂၉၅-က။ ၂၉၈ ပုဒ်မတို့ဖြင့် အရေးယူခံထားရတာကြောင့် အများဆုံးပြစ်ဒဏ် သုံးနှစ်ကျခံရမှာ ဖြစ်ပါတယ်။
ဝေဖန်တာနှင့် ပြစ်မှားတာ မခွဲခြားတတ်သေးတဲ့ နိုင်ငံရေးသမားများ၊ စာရေးဆရာများအတွက်တော့ ဆရာထင်လင်းဦးက  သင်္ခန်းစာကောင်းတစ်ပုဒ် ပေးခဲ့တာဖြစ်လို့ ကျေးဇူးတင်ကြမှာပါ။
ကျေးဇူးပဲ ဆရာထင်လင်းဦးရေ……..။

















Viewing all articles
Browse latest Browse all 2129

Trending Articles