ရုံး(လိပ်စာ) လေးကျွန်းမြေအုဌ်ကျောင်း၊ တောင်ရိုးလမ်း၊ စစ်ကိုင်းမြို့(09.2131034)/09.91033160)
စာအမှတ်၊၂၀၁၃/၁/မ.ဘ.သ/စက
ရက်စွဲ၊ ၂၀၁၄-ခုနှစ်၊ မေ(၁၂)ရက်
သဘောထားထုတ်ပြန်ကြေညာချက်
၁။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးက မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ရေး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆရာတော်ကြီးများ ဒကာ ဒကာမများ စုပေါင်း၍ ကြိုးပမ်းနေချိန်တွင် (၁၀-၄-၂၀၁၄) ရက်နေ့ထုတ် ELVEN သတင်းစာ၌ မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့်အဖွဲ့(၁၀၀) ကျော်ရှိကြောင်း ဖော်ပြ ထားပါသည်။
၂။ သို့သော် အချို့အဖွဲ့များသည် တစ်ယောက်တောင်မပြည့် နှစ်ပိုင်းတစ်ပိုင်းသာရှိ၏။ အကြောင်းမှာ တစ်ယောက်တည်းနှင့် လေးငါးဖွဲ့လောက် ဝင်ထားသောကြောင့် ဖြစ်သည်။ ထိုအဖွဲ့များသည် ကိုယ့်လူမျိုး ဒုက္ခရောက်နေသည်ကို ကယ်တင်ရကောင်းမှန်းမသိပေ။ ဘုရားကို ပန်းလှူသည့်အတွက်ကြောင် မွတ်စလင် မိသားစု၏ ရိုက်နှက် သတ်ဖြတ်မှုကို ခံရသော မစုစုလတ်(အလုံ)ကိုလည်း စိတ်မဝင်စား။ မွတ်စလင် ဘင်္ဂါလီ(၃) ယောက်တို့၏ မုဒိန်းကျင့် သတ်ဖြတ်ခြင်းခံရသော မသီတာထွေး(ကျောက်နီမော်၊ ရခိုင်ပြည်နယ်) ကိုလည်း ကိုယ်ချင်းမစာပေ။
၃။ ထိုကဲ့သို့ အနိုင်ကျင့်ခံရသည့် မိန်းကလေးများကို ဝမ်းနည်းကြောင်း စကား မပြောသကဲ့သို့ နောင်တချိန်တွင် ဤကဲ့သို့မဖြစ်ရလေအောင် ကာကွယ်စောင့်ရှောက်ပေးမည့် မျိုးစောင့်ဥပဒေကိုလည်း ဖျက်လိုဖျက်ဆီး လုပ်နေကြ၏။ ထို့ကြောင့် ထိုကဲ့သို့သော နှစ်ပိုင်းတစ်ပိုင်းသာရှိသည့် အဖွဲ့များကို အသားထဲက လောက်ထွက် သောအဖွဲ့များဟု သတ်မှတ်ပါသည်။ ထိုအဖွဲ့များကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် စစ်ကိုင်းမြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တပညာနန္ဒ
မ.ဘ.သ-မြို့နယ်
ရွေတောင်ဦးမော်ကျောင်းတိုက်
စစ်ကိုင်းမြို့။
အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဓမ္မပ္ပီယာလင်္ကာရ
မ.ဘ.သ မြို့နယ်နှင့်တိုင်းဒေသကြီးအောက်ပိုင်းတာဝန်ခံ
လေးကျွန်းမြေအုဌ်ကျောင်း
စစ်ကိုင်းမြို့။