Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အရှုပ်ကြီးပဲ ဘုတ်ပီးပဲလ်”

$
0
0
လှေစီးဒုက္ခသည်တွေရဲ့ နောက်မှာရှိတဲ့ လက်မည်းဆရာကြီးတွေက ချိန်ကိုက်ဖောက်ခွဲလိုက်တဲ့ အရှုပ်ထုပ် ကြီးပါ။
ဒီလောက်များပြားလှတဲ့လူတွေ ဘယ်နေရာက ထွက်လာသလဲ? ရိုဟင်ဂျာတွေပါ။ မြန်မာကလာတာပါလို့ တစ်သံတည်း ထွက်အောင်ပြောဆိုနိုင်တယ်ပဲထား။
မြန်မာပြည် ဘယ်ရွာမှာ ဘယ်နှစ်ယောက် လျော့သလဲ?
ဘယ်ဒုက္ခသည်စခန်းမှာ ဘယ်နှစ်ယောက်လျော့သလဲ?
မြန်မာပြည်မှလာတာ မဟုတ်ဘဲနဲ့ မြန်မာပြည်မှလာတာပါပြောတယ်။
ဘင်္ဂလီတွေဖြစ်ပါလျက် ရိုဟင်ဂျာပါလို့ပြောတယ်။
ကမ္ဘာ့မီဒီယာတွေနဲ့ UN တို့ကလည်း သူတို့ကိုပဲ ထောက်ခံအားပေးပြီး မြန်မာအစိုးရကို အပြစ်ဖို့နေကြတယ်။
နိုင်ငံရေးအကြပ်အတည်း တစ်ခုတည်းဆိုရင်တော့ အစိုးရနဲ့ပဲ သက်ဆိုင်တယ်။
အခုဟာက တစ်မျိုးသားလုံးနဲ့ ပတ်သက်လာတဲ့ အမျိုးသားရေးဖြစ်နေတယ်။
ဒါကြောင့် ဘုတ်ပီးပဲလ် အရှုပ်ထုပ်ကြီးကို ပါတီတွေကလည်း ကိုင်တွယ်ရမယ်။
ပြည်သူတွေကလည်း ကိုင်တွယ်ရမယ်။
သံဃာတွေကလည်း ကိုင်တွယ်ရမယ်။
မြန်မာတိုင်းရင်းသား အားလုံးမှာ တာဝန်ရှိတယ်။
သံဃာ၊ ပြည်သူ၊ အစိုးရ၊ ပါတီ အဖွဲ့အစည်းအားလုံးက တစ်သဘောတည်းဖြစ်နေရမယ်။
ဝိုင်းဝန်းပြီး ဖြေရှင်းရမယ်။
စုပေါင်းပြီး ကာကွယ်ရမယ်။
ရပ်တည်ချက်ပြတ်သားရင် သိပ်ခက်ခဲတဲ့ အလုပ်တော့ မဟုတ်ဘူး။
ရပ်တည်ချက်မှန်ကန်ဖို့ပဲ လိုတယ်။
ပြည်ထောင်စုရဲ့ ဘုံအန္တရာယ်ကို ကာကွယ်လိုတဲ့ ဆန္ဒရှိမယ်ဆိုရင် ရပ်တည်ချက် မှန်ကန်နိုင်မယ်။
မဟာမင်းကြီး ရာထူးကို မူဆလင်ဟူစိန်ခန့်လိုက်တဲ့ အချိန်ကစပြီး လက်မည်းကြီးတွေ ကောင်းကောင်းကြီး ဂိမ်းကစားနိုင်ခဲ့တာ ကြည့်ရုံနဲ့ သိသာတယ်။
ဒီဒုက္ခသည်တွေမှာ အပြစ်မဲ့ ဓားစာခံတွေက အများစုဖြစ်တယ်။
လက်မည်းမည်းကြီးတွေရဲ့ ကေဒါတွေလည်း ပါတယ်။
ပစ်မှတ်က ရခိုင်ပြည်ပါ။
ရခိုင်ပြည်ကို သိမ်းပိုက်နိုင်ရေးပါ။
ရခိုင်ပြည်ရရင် မြန်မာပြည် မခဲယဉ်းတော့ပါဘူး။
ဒီတော့ ဒီဒုက္ခသယ်တွေဟာ သွေးရိုးသားရိုး ဒုက္ခသည်တွေမဟုတ်ဘဲ သူတစ်ပါးကို ဒုက္ခပေးဖို့ ဒုက္ခတွေ သယ်ဆောင်လာတဲ့ ဒုက္ခသယ်တွေဆိုတာ သိသာထင်ရှားတယ်။
ဓားစာခံ ဒုက္ခသယ်တွေက မြန်မာပြည်ကို ဒုက္ခပေးရုံသက်သက်ပဲ ဖြစ်ပေမယ့် ဒုက္ခသည်ရောင်ဆောင်လာတဲ့ ကေဒါတွေက ဒုက္ခတင်ပေးမှာ မဟုတ်ဘူး။ အန္တရာယ်ပါပေးမှာဖြစ်တယ်။
သြစတေးလျ ကော်ဖီဆိုင်အရေးအခင်း သက်သေရှိတယ်။ ဒါကြောင့် လုံးဝကို လက်မခံသင့်ဘူး။
ဒါတွေကို လက်မခံလို့ ပိတ်ဆို့တာတွေ၊ ဝိုင်းကြဉ်တာတွေ ဘယ်လောက်ပဲ လုပ်လုပ် တောင့်ခံထားရမယ်။ ဒါတွေကို ကြောက်ပြီး လက်ခံလိုက်ရင် ၂၀၀ မှ ၇၀၀ ဖြစ်လာမယ်။ ၇၀၀ မှ ၇၀၀၀ ထောင်ဖြစ်လာမယ်။ ၇၀၀၀ မှ ၇၀၀၀၀ ဖြစ်လာမယ်။ အဲဒါက ပိုအန္တရာယ်ကြီးတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်ချင်းကပ်နေတဲ့ မောင်တောမြို့မှာ ဘင်္ဂလီ ၆၇၀၀၀၀ ရှိတယ်။ ရခိုင်အပါအဝင် ဗုဒ္ဓဘာသာ ဝင် သုံးသောင်းပဲရှိတယ်။
မောင်တောနှင့် နယ်ချင်းစပ်နေတဲ့ ဘူးသီးတောင်မှာလည်း (၆၇၀၀၀၀/၃၀၀၀၀) အချိုးအစားရှိတယ်။
ဒါကိုထောက်ရင် သူတို့ဝင်သာတုန်းက ဘယ်လောက်ခိုးဝင်ခဲ့တယ်ဆိုတာ သိသာတယ်။
အခု မဝင်သာတော့မှ ပင်လယ်ထဲမျောပါကုန်တာ သိသာတယ်။
ခိုးသွင်းလို့ ရတုန်းက လူမသိ သူမသိခိုးသွင်းခဲ့ကြပြီး ခိုးသွင်းလို့ မရတဲ့အခါကျမှ ဘုတ်ပီးပဲလ်  လုပ်လိုက် ကြတာ။
ဘုတ်ပီးပဲလ်လုပ်တာ ကိစ္စမရှိပေမယ့် ရိုဟင်ဂျာယောင်ဆောင်ပြီး UN ဖိအားနဲ့ အနိုင်ကျင့်ပြီး ဝင်ဖို့အထိ အတင့်ရဲလာတာဟာ ရခိုင်ပြည် သိမ်းပိုက်ရေး စီမံကိန်းလုံးဝမစွန့်လွှတ်ဘူးဆိုတာတွေကို ပြနေတာပဲ ဖြစ်တယ်။ လက်မည်းမည်းကြီးတွေက အကောက်ဉာဏ်တွေသုံးပြီး အမြဲတန်း အပေါက်ရှာသွင်းနေဦးမှာပါပဲ။
ဒီလိုပဲ အမြဲလက်ခံနေရင် ဘင်္ဂလားပြည်က အစွန်းထွက် သန်း ၆၀ ပဲ ရောက်လာဦး ရခိုင်ပြည်ကုန်သွားမှာ။ ဒီအရေးကို ပါတီတွေ၊ အမတ်တွေ အဖြေရှာဖို့လိုတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေဖောင်းပွမှုဟာ ဒေသတွင်းပါမက သြစတေးလျထိပါ အန္တရာယ်ပေးနိုင်တယ်။
လက်မည်းမည်းကြီးတွေရဲ့ ပစ်မှတ်ဟာ ဗုဒ္ဓဘာသာနိုင်ငံတွေပဲ ဖြစ်တယ်။ ဒါကြောင့် လက်ခံတဲ့ ဗုဒ္ဓဘာသာ နိုင်ငံတွေ သေချာပေါက် ဒုက္ခရောက်မယ်။
လက်မည်းမည်းကြီးတွေရဲ့ ပစ်မှတ်ထဲမှာ မွတ်စလင်နိုင်ငံတွေ မပါဘူး။ မွတ်စလင်နိုင်ငံတွေကို ဒုက္ခပေးမှာ မဟုတ်။ ဒါကြောင့် မွတ်စလင်နိုင်ငံတွေကပဲ လက်ခံရမယ်။
လူမျိုးစွဲကြီးပါတယ်ဆိုတဲ့ မွတ်စလင်တွေ အချင်းချင်းကပဲ ကယ်ရမယ်။
OIC ၅၇ နိုင်ငံရှိတယ်။ မွတ်စလင်အချင်းချင်း စာနာရင် ကယ်ရမယ်။ အစည်းအဝေးထိုင်ပြီး အလှည့်ကျ အချိုးကျ ခွဲဝေယူရမယ်။
လူ့အခွင့်အရေးနိုင်ငံတွေလည်း ခွဲတမ်းထဲမှာ ပါဝင်ရမယ်။
မွတ်စလင်အချင်းချင်းကတောင်လက်မခံဘူးဆိုရင် သေချာပေါက် အကောက်ကြံနေတာလို့ မှတ်လိုက်ပါ။
လူ့အခွင့်အရေးနိုင်ငံတွေကလည်း လက်မခံဘူးဆိုရင် လူ့အခွင့်အရေးအော်တဲ့နိုင်ငံတွေ အလိုတူ အလိုပါလို့ မှတ်လိုက်ပါ။
ဒါကြောင့် အစိုးရအနေနဲ့ မြန်မာ့ပိုင်နက်ထဲ လုံးဝ အဝင်မခံဘဲ သဗ္ဗေသတ္တာ ကမ္မဿကာ စာရင်းသွင်းကာ ဥပေက္ခာပြုရမှာပဲ ဖြစ်ပါတယ်။
ရေမျောထင်းဟောင်း၊ ဆယ်သော်ကောင်း၏။
အကြောင်းမညှာ၊ ပြုတတ်စွာသည့်၊ ပညာမဲ့ထ၊
လူ့ဗာလကို၊ မစကယ်မိ၊ အပြစ်ရှိခဲ့။
မသိကျေးဇူး၊ ထိမ်မြူးဖျောက်ချေ၊
ကြက်သောက်ရေသို့၊ ပျောက်ကြေဆုံးဘိ၊
ကျိုးမရှိတည့်။
(ဧကနိပါတ်၊ သစ္စံကိရဇာတ်၊ မဃဒေဝ။ ၂၀၉။)


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...