Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမျိုးသားရေးကို နိုးကြားစေခဲ့သော ရခိုင်သမီးပျို မသီတာထွေး(၂၆)နှစ်၏(၃)နှစ်ပြည့်အလှူ”

$
0
0
၂၀၁၅ ခုနှစ်၊ မေလ၂၈ရက်နေ့၌ မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ် အရှေ့ဘက်မုခ်တွင် ၂၀၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့က မွတ်ဆလင်ဘင်္ဂါလီ(၃)ဦးတို့၏ အကြမ်းဖက်မုဒိမ်းကျင့် လှည်လှီးသတ်ဖြတ်ခြင်းခံခဲ့ရသော ရခိုင်သမီးပျို မသီတာထွေး(၂၆)နှစ်အား ရည်စူး၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မထက်မြန်မာ ပြည်) မန္တလေးက သံဃဒါန ဆွမ်းလောင်းလှူပွဲကျင်းပကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာနေ ရခိုင်သမီးပျို မသီတာထွေး(၂၆)နှစ်ကို အောက်မေ့သရတိရခြင်းများစွာဖြင့် ကောင်းရာသုဂတိ ဘုံဘဝသို့ ရောက်ပါစေခြင်း အကျိုးငှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်) မန္တလေး မဟာမုနိ အရှေ့ဘက်မုခ်တွင် အရပ်လေးမျက် နှာမှ ကြွရောက်လာသော သံဃာ(၃၅၀)ကျော်တို့အား ယနေ့နံနက်(၄း၃၀)အချိန်တွင် စတင်၍ ဝက်သားဟင်း၊ ပဲနှပ်၊ ပုဇွန်ငါးပိကျော်၊ သရက်ချဉ်သုတ် ဟင်းလျာ(၄)မျိုးနှင့် ဆွမ်းလောင်းလှူကြကြောင်း သိရသည်။
အဆိုပါသံဃာ့ဒါနဆွမ်းလောင်းလှူပွဲသို့ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) ဒုတိယအတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တပညာသာမိ၊ ဦးဆောင်ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)နှင့် မဘသအဖွဲ့ဝင် သံဃာတော်(၂၂)ပါး၊ မဘသအဖွဲ့ဝင် လူပုဂ္ဂိုလ်(၃၅)ဦးတက်ရောက်ကြပြီး လောင်းလှူကြ သည်။ မသီတာထွေး၏ သံဃာ့ဒါနဆွမ်းလောင်းပွဲသို့ ရှေ့ဆုံးမှ တန်းစီကြွရောက်တော်မူလာသော သံဃာတော်ကို မန်း မ.ဘ.သ အတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)က CYC သင်္ကန်းဒွိစုံနှင့် ဝတ္ထုငွေ(၁)သောင်းကျပ် လှူဒါန်းပြီး ၉၆၉ မီးအိမ်ရှင်က ရခိုင်သမီးပျိုကျဆုံးချိန်(၂၆)နှစ်မြောက်ဝမ်းနည်းခြင်း အထိမ်အမှတ်အဖြစ်(၂၆)ပါးမြောက် ဆွမ်းအလှူခံ ကြွရောက်တော်မူလာသော သံဃာတော်အား မာတင် သင်္ကန်းခြင်းတစ်ခြင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆွမ်းလောင်းလှူပြီးသည့်နောက် နံနက် ၆ နာရီခွဲအချိန်တွင် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက စီတန်း၍ အလွမ်းနှင်းဆီပန်းခိုင်များကိုင်ဆောင်လျက် မဟာမုနိရုပ်ရှင်တော် အရှေ့ဘက်ရင်ပြင်ပေါ်တွင် လုပ်ကြံခံရသော မသီတာထွေးနှင့်တကွ ရခိုင်အရေးအခင်းတွင် ကျဆုံးခဲ့ကုန်သော တိုင်းရင်းသားပြည်သူအပေါင်းတို့အားလည်း ယနေ့ပြုခဲ့သမျှ ကုသိုလ်အဖို့ဘာဂကြောင့် သာဓုအနုမောဒနာခေါ်ဆိုနိုင်ကာ၊ ကောင်းရာသုဂတိလားနိုင်စေရန် ဆုတောင်းခြင်း အမျှအတမ်းပေးဝေခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြိုရင် ဗမာငိုရလိမ့်မည်မဟုတ်ပါလော၊ ရခိုင်တွေအမျိုးမစောင့်ခဲ့ရင် မြန်မာဆိုတာ ရှိတော့မည်မဟုတ်ပါ လော၊ အမျိုးသီလနှစ်ဌာနကို ပြည့်ဝမဏ္ဍိုင် စွမ်းဆောင်နိုင်သည့် ဂုဏ်ပုဒ်ကြောင့် ရက္ခိတ(ရခိုင်)ဟု အမည်တွင်သည် မဟုတ်ပါလော.......။
ထို့ကြောင့် မသီတာထွေး၏ ကြမ္မာဆိုးဖြစ်ရပ်ကို အစဉ်အောက်မေ့ကာ အမျိုးသားရေး သွေးနွေးသင့်ပြီ။ မြန်မာတိုင်းရင်းသားမှန်လျှင် အမျိုး ဘာသာ သာသနာကို တန်ဖိုးထား မြတ်နိုးနိုင်ကြပါစေ......။
၉၆၉-မီးအိမ်ရှင် ပေးပို့သည်။

Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...