နေ့စွဲ။ ။ ၁၃၇၇ ခုနှစ်၊ နယုန်လဆန်း(၁၀)ရက်၊ ၂၀၁၅ ခုနှစ်၊ မေလ(၂၇)ရက်(ဗုဒ္ဓဟူးနေ့)
စာအမှတ်။ ။ ၃၈/မ.မ.ရ.သ/၂၀၁၅
၁။ ကုလသမဂ္ဂနှင့် နိုင်ငံတကာမီဒီယာများမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးနှင့် တကွ သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းအားလုံးတို့အား တဖက်သက် ဖိအားပေးပြောဆိုခြိမ်းခြောက်နေမှုများကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချလိုက်သည်။
၂။ ကုလသမဂ္ဂနှင့်(EU)အီးယူဥရောပအဖွဲ့အစည်းအသီးသီး နိုင်ငံတကာမီဒီယာများက ယခုလို ဖိအားပေးပြော ဆိုနေခြင်းသည် ကျွန်ုပ်တို့ပြည်တွင်းရှိ အမျိုးသားသစ္စာဖောက်များ၏ နိုင်ငံတကာရောက်ချိန်ပြောဆိုခဲ့သော အမှားများကြောင့် ဖြစ်သည်ဟု ထင်မိပါသည်။ ထိုအမျိုးသားသစ္စာဖောက်များက မိမိ၏ မိသားစု၊ မိမိပါတီ၊ မိမိအဖွဲ့အစည်းတစ်ခု၏ အစဉ်ပြေမှုတစ်ခုတည်းကို မကြည့်ဘဲ မိမိတို့ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှု့ပြောဆိုသင့်ပါကြောင်း တိုက်တွန်းလိုက်သည်။
၃။ ကျွန်ုပ်တို့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော မျိုးနွယ်စု(၁၃၅)မျိုးဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပြည်ထောင်စုဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ၏ သမိုင်းအစဉ်အဆက် ဘယ်တုန်းကမှ မရှိခဲ့သော လူမျိုးနာမည်ကို အရှိလုပ်ပြောကြား ဖိအားပေးနေ သော ကုလသမဂ္ဂနှင့်(EU) အီးယူဥရောပအဖွဲ့အစည်းအသီးသီး၊ နိုင်ငံတကာမီဒီယာများမှ ထိုလူမျိုးများကို မိမိတို့နိုင်ငံတွေထဲတွင်သာ နေရာပေးကူညီကယ်ဆယ်ပေးပါရန်နှင့် ခင်များတို့နိုင်ငံသားအဖြစ်လက်ခံပေးရန် တိုက်တွန်းလိုက်သည်။ ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏(၁၃၅)မျိုးသော တိုင်းရင်းသား ညီအကိုမောင်နှမများအားလုံးတို့မှလည်း မိမိတို့တိုင်းရင်းသားမဟုတ်သော ဘာသာမတူလူမျိုးခြား မွတ်စလင် ကုလားများအား ဘယ်သောအခါမှ တိုင်းရင်းသားအဖြစ်လက်ခံပေးမည်မဟုတ်ကြောင်း ကြေညာလိုက်သည်။
၎။ ယနေ့ ၂၇.၅.၂၀၁၅ ရက်နေ့တွင် ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲသည် ကုလသမဂ္ဂနှင့် အီးယူဥရောပအဖွဲ့ အစည်းအသီးသီးနှင့် နိုင်ငံတကာမီဒီယာများ၏ တဖက်စောင်းနင်း မိအားပေးပြောကြားခြင်းကို လုံးဝလက်မခံနိုင် ၍ တိုင်းရင်းသားညီအကိုမောင်နှမမျိုးချစ်များစုပေါင်း၍ ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲဖြစ်သည်။ နောက်နောင် ကျွန်ုပ်တို့ပြည်ထောင်စုအပေါ် ဖိအားပေးပြောဆိုမည့် မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်းကိုမဆို ဒီထက်ထိရောက်သော လက်တုံ့ပြန်မှုများဖြင့် ဆက်လက်ဆန့်ကျင်သွားမှာဖြစ်ကြောင်း အတိအလင်းကြေညာ လိုက်သည်။ ဒီကနေ့ပြုလုပ်သောဆန္ဒဖော်ထုတ်ပွဲတွင်သာ မဟုတ် နောက်နောင်အမျိုးသားအကျိုးစီးပွားကို ရှေးရှု့သော အမျိုးသားရေးပွဲအားလုံးကို မိဘပြည်သူတိုင်းရင်းသားတိုင်းရင်းသူ ညီအကိုမောင်နှမများရှေ့မှ မားမားမတ်မတ်ရပ်တည်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ ဤသဝဏ် လွှာဖြင့် ထောက်ခံအားပေး၍ ဤပွဲအား ဂုဏ်ပြုလိုက်သည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)
ဥက္ကဋ္ဌ
ဦးဉာဏဓမ္မ
အတွင်းရေးမှူး
ဦးသုစိတ္တ