Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အတုမရှိဂျာနယ်ပါ ဇွဲကပင်ဆရာတော်ကြီး ဘဒ္ဒန္တကဝိဓဇ၏ သြဝါဒကထာ”

$
0
0
(ကရင်ပြည်နယ်၊ ဘားအံ့မြို့၊ မဲဘောင်ကျောင်းတိုက်၊ ပဓာနနာယက ဇွဲကပင်တောင်ဆရာတော်ကြီး မန္တလေးမြို့သို့ ကြွရောက်တော်မူစဉ် ၉.၅.၂၀၁၅ ရက်နေ့ ညနေ ၆း၀၀ နာရီအချိန်၊ မန်း မ.ဘ.သ ရုံးမှာ ဟောကြားခဲ့တဲ့ သြဝါဒကထာ ဖြစ်ပါတယ်။ နိုင်ငံတော်ဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်ရ၊ ဇွဲကပင်တောင်ဆရာတော်ကြီး ဘဒ္ဒန္တကဝိဓဇသည် သက်တော်(၇၈)နှစ်၊ သိက္ခာတော်(၅၈)နှစ် အရွယ်ရပြီဖြစ် သော်လည်း ဓမ္မဒူတခရီးများ ကြွချီနေဆဲပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီး ကြွလေရာမှာ ဒေသခံ မ.ဘ.သ ဆရာတော်များက ပင့်ဖိတ်သြဝါဒခံယူကာ၊ ဆရာတော်ကြီးကလည်း မ.ဘ.သ ဆရာတော်များဆီ အရောက်ကြွ ပြီး သြဝါဒချီးမြှင့်တော်မူပါတယ်။ ပြီးခဲ့တဲ့လက ကယားပြည်နယ်ခရီးမှာ ပြည်နယ် မ.ဘ.သ ဆရာတော်များ လာရောက်ဖူးမြော်ကြတာကို ကြည်နူးမဆုံးဂုဏ်ယူနေတာ တွေ့ရပါတယ်။) မ.ဘ.သ အဖွဲ့ဝင်ဆရာတော်များနဲ့ တပည့်ဒကာ ဒကာမတွေ အခုလိုလာတွေ့ရတာ အင်မတန်မှ ဝမ်းသာပါတယ်။
ဘုန်းကြီးတို့ မြန်မာနိုင်ငံကြီးမှာ မ.ဘ.သ အဖွဲ့ကြီး ပေါ်လာတာ အင်မတန်မှ ဝမ်းသာဖို့ကောင်းပါတယ်။ ဘုန်းကြီးတို့ ဟိုမှာလုပ်တဲ့အခါကျတော့ ဘာကနေ စရလဲဆိုတော့ ဗုဒ္ဓဘာသာ မျိုးဆက်သစ် လူငယ်ဆွမ်းလောင်းအသင်းဆိုပြီးတော့ ဆွမ်းလောင်းအသင်းခေါင်းစဉ်နဲ့ လုပ်တာ၊ ဘုန်းကြီးကတော့ အေးအေးဆေးဆေးပဲ နေပါတယ်။ ဒါပေမယ့် လူငယ်တွေ၊ သံဃာငယ်တွေ ဖြစ်စေချင်တယ်ဆိုတော့ စစ်အစိုးရ ခေတ်ဟာ ဘာအဖွဲ့အစည်းမှ မလုပ်ရဘူး။ အခု အဖွဲ့အစည်းလုပ်မယ်ဆိုရင်တော့ ဖမ်းတုန်းပဲ၊ ဖမ်းရင် ဘယ်သူထိမလဲ၊ ကိုယ့်တပည့်တွေပဲထိမယ်၊ ကိုယ့်သားသမီးတွေပဲ ထိမယ်။ “အေးကိုယ်တော်တို့ဖြစ်စေချင်ရင် ထည့်။” ဗုဒ္ဓဘာသာမျိုးဆက်သစ်လူငယ်အဖွဲ့ခေါင်းဆောင်ကြီးပေါ့။ အများရဲ့ လူမိုက်ငှားတာပေါ့။ ဥက္ကဋ္ဌကြီးထည့်ရတယ်ထည့်။ ရပ်ကွက်တိုင်းရပ်ကွက်တိုင်း ဆွမ်းလောင်းအသင်းတွေ ဘုန်းကြီးတို့ ဖွဲ့ဖူးပါတယ်။ ဆွမ်းလောင်းအသင်းကနေပြီးတော့ မူ(၄)ချက် ဘုန်းကြီးတို့ ထုတ်လိုက်တယ်။ မူ(၄)ချက်မှာ နံပါတ်(၁)က ဘိုးဘွားပိုင် လယ်၊ယာ၊မြေအိမ်ခြံများကို ဘာသာခြားကို မရောင်းရ။ ဒီတစ်ချက်၊ ဒီမူမထုတ်ခင်ကဆိုရင် ဝယ်ပြန်ပြီတစ်အိမ်၊ ဝယ်ပြန်ပြီတစ်ခြံ။ ဘားအံ့မြို့လည်ခေါင်မှာ ဘုန်းကြီးတို့ ကိုရင်ဘဝတုန်းကဆိုရင် ဗုဒ္ဓဘာသာတွေချည်းပဲ။ ဘာသာခြားတွေကလည်း လာကတည်းကိုက အကြံနဲ့လာတာလေ။ သွား....မြန်မာနိုင်ငံကို တစ်နေရာရာ ခြေကုတ်ယူ။ ခြေကုတ်ယူလို့ရရင် ဗုဒ္ဓဘာသာ အမျိုးသမီး ငါးယောက်ယူ ရမယ်ဆိုတဲ့ စီမံကိန်းနဲ့ ယူလည်းယူတယ်။ လယ်ယာမြေတွေကိုလည်း အစကတော့ မ စ သလိုလို။ အလကားပေးသလိုလိုပေါ့လေ။ နောက်ဆုံးများလာတော့ အကြွေးတောင်း။ တောင်းလို့မရတော့ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်း အဲဒီလိုတွေ ဖြစ်လာတယ်။ ဒါကြောင့်မို့ ဒါမျိုးမဖြစ်အောင် ဘုန်းကြီးတို့က နံပါတ်(၁)”ဘိုးဘွားပိုင် လယ်၊ ယာ၊ မြေ၊ အိမ်ခြံများကို ဘာသာခြားကိုမရောင်းရ” ဆိုပြီး ဘုန်းကြီးတို့ စည်းကမ်းထုတ်တော့ မြို့လည်ကလည်းကုန်နေပြီ။ ဒုတိယစီမံကိန်းတဲ့။ နာရီစင်က နေ ဟိုး.....လမ်းခွအထိ မိန်းလမ်းတစ်လျှောက် မွတ်ဆလင်ချည်းပဲဖြစ်ရမယ်။ ဘယ်လောက်ပေးရ ပေးရ ဝယ်၊ ဘယ်လောက် ပေးရ ပေးရငှား။ ဝယ်လို့မရရင် ငှားနေမယ်။ အဲဒီအခါကျတော့ ဘုန်းကြီးတို့ လုပ်တော့တာပေါ့။ ဒီစည်းကမ်းချက်တွေကို ဘုန်းကြီးတို့ ထုတ်လိုက်တယ်။ ထုတ်တော့ အခု သူတို့ လယ်၊ ယာ၊ မြေ အိမ်ခြံများ ဝယ်လို့မရတော့ဘူး။ ဝယ်လို့မရသလို တို့ဗုဒ္ဓဘာသာ အမျိုးသမီးတွေကလည်း နီးစပ်ရာနီးစပ်ရာပေါ့လေ။ အတူနေတော့လည်း ပါသွားတာပါပဲ။ အဲတော့ ခဏနေမူဆလင်နောက် တစ်ယောက်ပါသွားပြန်ရင်း ဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက် ပါသွားပြန်ရင်း ဒီခြားထဲမှာ အချောင်စားသလား၊ အနုကြမ်းစီးသလား၊ မုဒိမ်းကျင့်သလား အမျိုးမျိုးပေါ့လေ။ အဲဒါ ဘုန်းကြီးတို့က “ဗုဒ္ဓဘာသာအမျိုးသမီး မွတ်ဆလင်ကိုမယူရ” ဆိုတဲ့ စည်းကမ်းချက်ကို ထုတ်လိုက်တယ်။ အဲဒီစည်းကမ်းချက်ထုတ်လိုက်တော့ တော်တော်လေး ပျော့သွားတယ်။ နောက်တစ်ခုက “ဗုဒ္ဓဘာသာမှန်ရင် ဗုဒ္ဓဘာသာဆိုင်မှာဈေးဝယ် ဗုဒ္ဓဘာသာဆိုင်ကို အားပေး” ဗုဒ္ဓဘာသာ ဆိုင်က ဈေးဘယ်လောက်ကြီးကြီး သူဌေးဖြစ်ရင် သာသနာကို ပြန်လှူတယ်။ မွတ်ဆလင်တွေ သူဌေးဖြစ်ရင် သာသနာကို တစ်ပြားတစ်ချပ်မှ ပြန်မလှူဘူး။ ဒါကြောင့်မို့ “ဗုဒ္ဓဘာသာမှန်ရင် ဗုဒ္ဓဘာသာဆိုင်မှာ ဈေးဝယ်၊ ဗုဒ္ဓဘာသာကို အားပေး” အကယ်၍ ပြောပြောကြီးနဲ့ ဝယ်ခဲ့မယ်ဆိုရင် ဘုန်းကြီးဝယ်ရင် ဒဏ်ငွေတစ်သိန်း၊ လူဝယ်ရင် ဒဏ်ငွေငါးသောင်း။ ဘာဖြစ်လို့ ဘုန်းကြီးက ဈေးကြီးတာလဲ။ သူက ဘာသာရေးခေါင်းဆောင်ကြီး ဖြစ်ပါလျက်နဲ့ ဒီအသိတရားတွေ ရှိမထားတော့ သူ့ကိုဒဏ်ပိုတပ်တယ်။ အခု အဲဒီဈေးဝယ်တဲ့ကိစ္စတွေလည်း ရပ်သွားတယ်။ ရပ်သွားတော့ ဘာဖြစ်လာလဲဆိုတော့ မြေကြီးတွေဝယ်လို့မရတော့ သူတို့လုပ်ငန်း တိုးချဲ့လို့ မရတော့ဘူး။ ဘာပြောတာလဲ၊ သူတို့လုပ်နေတာ ဒီမှာ ပိုက်ဆံရှိတယ်။ မြေဝယ်လို့မရဘူး။ လုပ်ငန်းဘယ်လို တိုးချဲ့မလဲ။ အဲ သူတို့ အခက်အခဲတစ်မျိုး ပေါ်လာတယ်။ အဲတော့ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာတွေက သစ္စာမရှိ တော့လေ။ “သူငယ်ချင်း သတို့ခြံ၊ သူတို့အိမ် ငါဝယ်မယ်။ ငါ့နံမည်နဲ့ဝယ်လို့မရဘူး။ မင်းနံမည်နဲ့ဝယ်ပေး။ ရော့ ငါးသိန်း၊ ဆယ်သိန်း” ဆိုပြီးပေးတာ ပိုက်ဆံငါးသိန်း ဆယ်သိန်းကို ကြည့်ပြီးတော့ ဝယ်ပေးတဲ့သူလည်း ရှိတယ်။ ဒါကြောင့်မို့ စည်းကမ်းချက် တစ်ခုထပ်တိုးလာတယ်။ “ဗုဒ္ဓဘာသာအမည်ခံပြီးတော့ လယ်၊ ယာ၊ မြေ၊ အိမ်ခြံ များ ဘာသာခြားကို ဝယ်မပေးရ”။ အခုတော့ သူတို့အကုန်လုံး ဝယ်ရခက်ကုန်ပြီ။ ဒီစည်းကမ်းချက်ကိုတော့ တိုင်းနဲ့ပြည်နယ် အသီးသီးလိုက်နာကျင့်သုံးသင့်တယ်။ ဒီလိုမှ စည်းကမ်းချက်မထုတ်ရင် အချက်အခြာကောင်း တွေမှာ သူတို့ကအကုန်နေရာဝင်ယူထားတယ်ဆိုတော့ ဘုန်းကြီးတို့ ဘားအံမြို့လည်ခေါင်မှာ ရဲကျောင်းရဲ့ အရှေ့မှာ ဗလီ၊ အဲဒီဗလီဝင်းမှာနေတဲ့သူတွေ ဟိုး....ရဲကျောင်းဘက်ကို အိမ်သာတွေအကုန်လှည့်ထားတယ်။
နောက်တော့ ရွာတစ်ရွာမှာ ကရင်မလေးတွေက ဆင်းရဲတယ်။ မွတ်ဆလင်အိမ်မှာ နွားကျောင်းတာ အပျိုလေး ဖြစ်လာတော့ မွတ်ဆလင်သားကလည်း မော်လမြိုင်မှာ ကျောင်းသွားတက်တယ်။ ပြန်လာရင် သူ့အိမ်ဆိုတော့ သူ့သဘောပေါ့လေ။ အပျော်စားပေါ့၊ စားရင်းစားရင်းနဲ့ ကလေးမလေး ကိုယ်ဝန်ရရော။ ကိုယ်ဝန်ရတော့ ရွာသားတွေကမခံဘူး။ ပြဿနာတက်တယ်။ အဲဒီအခါကျတော့မှ သူတို့က အပြီးအပိုင်ယူမယ်ပေါ့။ ရွာသားတွေ ကမကျေနပ်ဘူး။ မရဘူး။ ကောင်မလေးကို အိမ်ပေါ်က သွားဆွဲချတော့ သူတို့က ဒုတ်ဆွဲဓားဆွဲပေါ့။ တစ်ရွာလုံး ဒုတ်ဆွဲဓားဆွဲ ဝိုင်းရိုက်ကြတာ။ သူတို့အိမ်တွေက(၂၄)အိမ်၊ တော်တော်ကောင်းကောင်းတွေ ဆောက်ထားတယ်။ ဗလီလည်းဆောက်ထားတယ်။ တစ်ညထဲကရင်တွေ အပြီးရှင်းရတယ်။ လုံးဝရွာထဲ ပြန်မလာရဘူး။ မိုးလင်းတာနဲ့ ဗလီကြီးကို ဖျက်ပြီး ချက်ချင်းဘုရားတည်ထည့်လိုက်တာ။ အခုတော့ အဲဒီရွာ မူဆလင်တွေ လုံးဝ ဝင်ခွင့်မရတော့ဘူး။ ဘုန်းကြီးတို့ကို ပင့်တော့ ဘုန်းကြီးတို့သွားကြည့်လိုက်တော့ တကယ်ဆိုရင် ကျောင်းမျက်နှာစာဟာ လမ်းကနေလာရင် ကျောင်းထဲဝင်တဲ့လမ်းမကြီးတစ်ခုရှိရမယ်။ သူတို့ ကျောင်းမျက်နှာစာမှာ အိမ်တွေဆောက်ပြီး သူတို့အိမ်သာတွေဟာ ဘုန်းကြီးကျောင်းဘက်ကို အကုန်လှည့်ထားတယ်။ အို......တော်တော်ရင်နာစရာကောင်းတယ်။ အမျိုးဘာသာ သာသနာကို စော်ကားတဲ့ထဲမှာတော့ ဒီလူတွေလောက်ရိုင်းတာ ဘယ်သူမှမရှိဘူး။ ဒါကြောင့်မို့ တို့မြန်မာနိုင်ငံမှာ ရှိကြတဲ့ ဆရာတော်သံဃာတော်အရှင်မြတ်တွေရော၊ လူပုဂ္ဂိုလ်တွေပါ အမျိုးဘာသာ သာသနာချစ်တဲ့ စိတ်ဓာတ်ကို များများမွေးပြီးတော့ အမျိုးဘာသာ သာသနာနဲ့ပတ်သက်ရင် အရိုးကြေကြေ အရေခမ်းခမ်းငါလုပ်မယ်။ ငါကူညီမယ်။ ငါပံ့ပိုးမယ်ဆိုတဲ့ စိတ်ဓာတ်ကိုမွေးပြီးတော့ မန္တလေး မ.ဘ.သ ဆရာတော်များကိုရော၊ တပည့်ဒကာ၊ ဒကာမတွေကိုပါ အထူးပဲအသိပေးပါတယ်။ သတိပေးပါတယ်။ ဘုန်းကြီးတို့ထက် ဦးဝီရသူက ပိုနားလည်ပါတယ်။ ဦးဝီရသူတစ်ပါးရှိတာနဲ့တင် မန္တလေးမြို့ကြီး အင်မတန်မှ ဂုဏ်ရှိပါတယ်။
ဘုန်းကြီး ရန်ကုန်အစည်းအဝေးက ပြန်သွားတော့ ကားပေါ်မှာ တယ်လီဖုန်းလာတယ်။ ဘာကိစ္စလဲလို့မေးတော့၊ ကုလသမဂ္ဂက ဒကာမကို ဦးဝီရသူ ပြောဆိုလိုက်တာပါ။ ဆရာတော်က မ.ဘ.သ ဒု-ဥက္ကဋ္ဌဆိုတော့ ဆရာတော်သဘောထားကို သိချင်တယ်လို့ဆိုတယ်။ အေး... ငါက ဥက္ကဋ္ဌက ငါ့ကိုခန့်လိုက်တာပဲ။ ငါနေတာ တောထဲတောင်ထဲဆိုတော့ တီဗွီလည်းမကြည့်ရ၊ သတင်းစာလည်းမဖတ်ရ၊ ဝီရသူဘာပြောလို့ ပြောမှန်းလည်း မသိဘူး။ ငါ့သဘောထား မင်းမေးရင် ငါဘယ်ပြောတတ်မလဲ။ နောက်မှပြန်မေး။ နောက်တော့ သိတဲ့သူတွေ မေးတော့ ဟေ့ ဦးဝီရသူ အဲဒီကာမကို ဘာပြောလိုက်လဲ၊ ဒီလို ဒီလို ပြောလိုက်တာပဲ။ ကောင်းတယ် ဆက်ပြော၊ (ရယ်ကြသည်)၊ ဒါ ကိုယ့်တိုင်းပြည်ကို လာစော်ကားတာပဲလေ။ ဘယ်ခံနိုင်မလဲနော်။ ဘာပဲဖြစ်ဖြစ်လေ လုပ်သင့်ရင် လုပ်ရမှာပဲ။ ကောင်းတယ်ဆက်ပြော။ အဲဒီတော့ အမျိုးဘာသာ သာသနာနဲ့ ပတ်သက်လာရင်တော့ ဘာပဲဖြစ်ဖြစ် ဘာပဲလုပ်ရလုပ်ရပေါ့လို့ ဘုန်းကြီးတို့က အဲဒီလို စိတ်ဓာတ်မွေးတယ်။
တလောက ဘုန်းကြီးဘန်ကောက်ရောက်သွားတော့ ဘန်ကောက်မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်တဲ့ အဖွဲ့ရှိတယ်။ ဥက္ကဋ္ဌကိုယ်တော်က ဘုန်းကြီး ဘန်ကောက်ရောက်တယ်ဆိုတော့ “ဟာ ဆရာတော် ဘန်ကောက်ရောက်နေတယ်ကြားတယ်။ ဆရာတော် ဘယ်မှာတည်းလဲ၊ ဆရာတော်ရဲ့ လုံခြုံရေးက ဘယ်လိုလုပ်လဲ။” “တပည့်တော် ဘာလုံခြုံရေးမှ မလိုဘူးလို့ ယောက်ျားပဲ သေတစ်နေ့ မွေးတစ်နေ့ ဘယ်သူ့မှ မကြောက်ဘူးလို့” “ဟာ မဟုတ်ဘူးဘုရား။ အဲဒီမှာ လုံခြုံရေးက လိုပါတယ်ဘုရား။” သူကိုယ်တိုင်လာပါတယ်။ သူ့အဖွဲ့တွေနဲ့။ အေး ဒီလို မ.ဘ.သ အဖွဲ့တွေ ဘယ်ရောက်ရောက် စိတ်ဓာတ်လေးတွေဟာ အမျိုးဘာသာ သာသနာစောင့်ရှောက်တယ်ဆိုတော့ ဘုန်းကြီးတို့ ဝမ်းသာတယ်နော်။ ဒါကြောင့်မို့ မန္တလေးမှာလည်း ဦးဝီရသူနဲ့ မန္တလေးမြို့ပေါ်က ဆရာတော်ဘုရားတွေ အမျိုးဘာသာ သာသနာကို အခုလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့လုပ်ကြတာ ကြားတော့ ဘုန်းကြီးအင်မတန်မှ ဝမ်းသာပါတယ်။ ဘုန်းကြီး မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ တမ္ပဝတီကျောင်းမှာ လေးနှစ်လောက်နေခဲ့ဖူးပါတယ်။ မန္တလေးလို့ပြောရင် သွေးကစကားပြော ပါတယ်။ ဘာဖြစ်တာလဲ ဘုံဆွမ်းခံတာပါ။ ဟိုနေရာလည်း ဆန်အလှူ၊ အလုပ်အကြွေး ကျေးဇူးဆိုတော့ မန္တလေးမြို့က ဒကာ၊ ဒကာမတွေ ဆွမ်းတစ်ဇွန်းလောင်းထားတဲ့ ကျေးဇူးလေးတွေဟာ တစ်နေ့နေ့ မန္တလေးမြို့ ကို ကျေးဇူးဆပ်မယ်ပေါ့နော်။ လူပဲဖြစ်ဖြစ် ဘုန်းကြီးပဲဖြစ်ဖြစ် ကျင့်စဉ်တစ်ခုကို ကျင့်ထားရင် အဲဒီကျင့်စဉ်က အကျိုးပေးတာ။ ဓမ္မစကြာ၊ ပရိတ်၊ ပဋ္ဌာန်း၊ အောင်ခြင်းရှစ်ပါးကို အမြဲရွတ်၊ ပရိတ်ကြီး(၁၁)သုတ်တို့ အကုန်ရွတ်တယ်။ စေတနာနဲ့လည်း ရွတ်တယ်၊ အဓိဋ္ဌာန်နဲ့လည်းရွတ်တယ်ပေါ့။ အခုတော့ ပရိတ်အစွမ်းနဲ့ ဘယ်နေရာရောက်ရောက် ဇွဲကပင်ဆရာတော် ရန်ကုန်ကြွမယ်ဆိုရင် ဟိုမှာ ကြိုတင် ဘုတ်ကင်၊ သူ့အိမ်လာပြီး ပရိတ်ရွတ်ပေးပါပေါ့။ အခုမန္တလေးရောက်တော့ တရေးနိုးလို့ ထရော့ “တပည့်တော်အိမ် ပရိတ်ရွတ် ကြွပေးပါ ဘုရား။” အဲဒါကြောင့်မို့ တပည့်တော်တို့ သံဃာတော်အရှင်သူမြတ်တွေကလည်းပဲ ကျင့်စဉ်တစ်ခုတစ်ခုကို အဓိဋ္ဌာန်မပျက်ကျင့်ရင် တိုးတက်ပါတယ်။ အောင်မြင်ပါတယ်လို့ အထူးပဲ မှားကြားပါတယ်။

တို့မြန်မာနိုင်ငံမှာ အကျိုးမရှိအောင်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်သူတွေရှိသလဲ။ မ.ဟ.န ပါ။ အခု သန္တိသုခကျောင်းကြီးကို သိမ်းပြီးတော့ သူတို့လည်း နေလို့မရဘူး။ အခု ချိတ်ပိတ်ထားပြီ။ ပျက်ဆီးဖို့ပဲရှိတယ်။ သာသနာအတွက် တကယ်အကျိုးရှိအောင် အလုပ်လုပ်လေ။ နိုင်ငံတော်အစိုးရကလည်း အကျိုးမရှိတာ လုပ်တာပဲ။ ကြားလိုက်လည်း သူတို့ပဲ။ အခုပဲ တပည့်တော်တို့ ပြည်နယ်ထဲမှာ ဝပ်သောက်ကားတွေ ပေါသလားလို့ မမေးနဲ့ကိုယ်တော်။ ဖယ်လို့တောင် မလွတ်ဘူး။ အဲဒါ တကယ်ဆိုရင်တော့ ဝပ်သောက်လုပ်မယ့်အစား လိုင်စင်ချပေးလိုက်။ နိုင်ငံတော်လည်း ဘတ်ဂျတ်ဝင်မယ်။ ပြည်သူတွေလည်း ကောင်းကောင်းမွန်မွန်စီးရမယ်။ ကိုယ့်တိုင်းပြည်က ကိုယ့်လူမျိုးတွေ စီးရမယ့်ဟာ သူတို့ကျတော့ ဟို..... မဲဆောက်မှာ ကားအသစ်နဲ့ ထည်လဲစီးလိုက်၊ ပည်သူကျတော့လည်း စီးခွင့်မရ။ ဝပ်သောက်စီးတဲ့လူဟာလည်း နှလုံးရောဂါစွဲတယ်သိလား။ ဟို.....ဘက်မှာပဲစီးတာ(ရယ်ကြသည်) ဘုန်းကြီးကအစ တပည့်တော် တရားပွဲပဲ တပည့်တော်ထွက်ဟောတာ “နတ်သားက မြတ်စွာဘုရားကို မေးတယ်။ ဘာကိုလှူလို့ရှိရင် ဖြစ်လေရာဘဝမှာ ချမ်းချမ်းသာသာနဲ့ သွားလို့ရမလဲ။ မြတ်စွာဘုရားက ယာဉ်လှူ” ဖို့ မြတ်စွာဘုရားက ယာဉ်လှူတဲ့ပုဂ္ဂိုလ်ဟာ ဖြစ်လေရာဘဝတိုင်းမှာ ချမ်းချမ်းသာသာနဲ့ သွားလာနိုင်တယ်။ အခုတော့ ယာဉ်မလှူဘဲ ယာဉ်သိမ်းတယ်ဆို တော့ ဒီကောင်တွေ နောက်ဘဝကျတော့ ခြေထောက်တစ်ချောင်းမှ ပါမှာမဟုတ်တော့ဘူး။ ကဲ ဒီလောက်ဆိုရင် တော်လောက်ပါပြီ။ သာဓု သာဓု သာဓု။


Viewing all articles
Browse latest Browse all 2129

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်