Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မျိုးစောင့်ဥပဒေမူကြမ်းရေးဆွဲရေး ပြင်ဆင်နေမှု သက်ဆိုင်သူအသီးသီးနှင့် တွေ့ဆုံကန့်ကွက်သွားမည်”

$
0
0
အားသဲ၊ ရန်ကုန်၊ မေ-၁၀။
မျိုးစောင့်ဥပဒေသည် လူ့အခွင့်အရေးအရ နိုင်ငံရေးရှုထောင့်အရ၊ အမျိုးသမီးများရှုထောင့်အရ လက်မခံနိုင်ဘဲ မလိုလားအပ်သည့် အမုန်းတရားများ၊ ပဋိပက္ခများ၊ ဖြစ်လာနိုင်သောကြောင့် မျိုးစောင့်ဥပဒေမူကြမ်း ရေးဆွဲရန် ပြင်ဆင်နေမှုကို သက်ဆိုင်သူအသီးသီးနှင့် တွေ့ဆုံကာ ဆွေးနွေးကန့်ကွက်သွားမည်ဟု အမျိုးသမီးအဖွဲ့များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၁၀ ကျော်တို့က မေ ၉ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။ ယင်းသဘောထား ထုတ်ပြန်ပွဲကို မေ ၉ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ မြန်မာမီဒီယာရုံးခန်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။(အပေါ်ပုံ)။
“ပြောဆို”
“ဒီဥပဒေမူကြမ်းရေးဆွဲရေးကို အမိန့်ထုတ်တဲ့ နိုင်ငံတော်သမ္မတကြီးကို တင်ပြတွေ့ဆုံချင်တယ်။ လွှတ်တော် နာယကနဲ့ တွေ့ချင်တယ်။ ဒီဥပဒေကြမ်းရေးဆွဲရေး တာဝန်ပေးတဲ့သူတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်တဲ့ အတွက်တွေ့ဆုံဖို့ရှိပါတယ်” ဟု Equality Myanmar အဖွဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းက သဘောထား ထုတ်ပြန်ပွဲတွင် ပြောဆိုခဲ့သည်။
“အလေးထား”
ထို့ပြင်ရှေ့နေချုပ်များ၊ နိုင်ငံတော်သံဃနာယကအဖွဲ့တို့နှင့်တွေ့ဆုံပြီး တင်ပြသွားရန်လည်းရှိကြောင်း၊ မျိုးစောင့်  ဥပဒေကြမ်းရေးဆွဲရေးထက် ပြည်သူအများစုလိုလားနေသော ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်း ရေး ဖော်ဆောင်ရေး ပိုမိုအလေးထား ဆောင်ရွက်သင့်ကြောင်းလည်း ၄င်းက ပြောဆိုသည်။
“ကျွန်မစိတ်ပူတာက ဒီမိုကရေစီ အရေးနဲ့ငြိမ်းချမ်းရေးကိစ္စတွေကို မျိုးစောင့်ဥပဒေရေးဆွဲခြင်းကိစ္စတွေက ပြဿနာဖြစ်လာနိုင်ပါတယ်။ ထိခိုက်ရှနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်မဟာ ဒီဥပဒေကို ဒီနေ့အထိ လက်မခံနိုင်ဘဲရေးဆွဲရန် ရေးဆွဲရန် ကြိုးပမ်းကြသူများနဲ့ ဖြစ်ပေါ်ရန် အားထုတ်သူ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ နိုင်ငံတော်သမ္မတကြီးကို မေတ္တာရပ်ခံပြီး ဆောင်းပါးတွေရေးနေခြင်း ဖြစ်ပါတယ်ဟု” ပါဝင်တက်ရောက်သူ စာရေးဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ)က ဆွေးနွေးခဲ့သည်။
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးကို အမိန့်အာဏာများနှင့် ပြုလုပ်၍ မရကြောင်း၊ ရင်ထဲမှ ယုံကြည်မှုနှင့် သာပြုလုပ်၍ရကြောင်း၊ ယုံကြည်မှုသဒ္ဓါတရားသည်လည်း သက်ဆိုင်ရာ ဘာသာအသီးသီး၏ သွန်သင်မှု၊ မိမိကိုယ်တိုင်ယုံကြည်မှုကြောင့်သာ ဖြစ်နိုင်ကြောင်း၊ မျိုးစောင့်ဥပဒေ၏ နောက်ကွယ်တွင် နိုင်ငံရေး လှည့်ကွက်များရှိနေကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးတိုင်းအတွက် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အာမခံနိုင်သော ဥပဒေထွက်ရန်သာလိုကြောင်း၊ ဗုဒ္ဓဘာသာအမျိုးသမီးအတွက်၊ ခရစ်ယာန်အမျိုးသမီးအတွက် မလိုကြောင်း၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)အမျိုးသမီးဌာန ဒုတိယတာဝန်ခံ မမီးမီးက ဆွေးနွေးပြောကြားခဲ့သည်။



Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...