မိန်းကလေးဖြူဖြူသန်းက အသက် ၂၂ နှစ်ရှိပါပြီ။ ကျောင်းမနေခဲ့ရတဲ့ ကရင်+ဗမာ တိုင်းရင်းသူလေးပါ။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ ကရင်ကုန်းရွာဇာတိဖြစ်ပါတယ်။ ဖခင် ဦးသောင်းသောင်း အဆက်အသွယ်နှင့် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်း၊ အမှတ်(--)၊(၄)လွှာနေ မွတ်စလင် ကိုကျော်ဇေယျာလင်း အိမ်မှာ အိမ်ဖော်လုပ်ခဲ့ပါတယ်။
အိမ်ရှင်အမျိုးသမီးရဲ့ နှိပ်စက်မှု၊ အိမ်ရှင်အမျိုးသားရဲ့ ဘာသာရေးသိမ်းသွင်းမှုတွေကို ကြောက်လန့်ပြီး ထွက်ပြေးလာတာဖြစ်ပါတယ်။
ဒီနေ့ 22.5.2015 ရက်နေ့မှာ အိမ်ရှင်က ဈေးဝယ်ခိုင်းတာနှင့် ထွက်ပြေးခွင့်ရပြီး ကွမ်းယာဆိုင်ကို အကူအညီတောင်းရာမှ ဆိုင်ရှင်က ကယ်တင်ထားခြင်းဖြစ်ပါတယ်။
မိန်းကလေးရဲ့ ဖခင်လိုက်လာပြီး ကုလားအိမ်ပြန်ထားမှာ ကြောက်နေရှာပါတယ်။ မိန်းကလေး အကြမ်းဖက်ခံရခြင်း ရှိ/မရှိကိုတော့ မသိရသေးပါဘူး။
မိန်းကလေးဖခင်က ကြိုတင်ထုတ်ယူထားတဲ့ လစာငွေကို ကုလားထံပြန်အပ်နှံဖို့နှင့် မိန်းကလေးအတွက် လုပ်ငန်းနှင့် နေစရာရှာပေးဖို့အတွက် BPNA အသင်းမှ ဒေါ်ယုဇနတို့က တာဝန်ယူဆောင်ရွက်နေပါတယ်။
ဤသို့သော မိန်းကလေးမျိုးတွေ့ရှိက သတင်းပေးပို့နိုင်ပါတယ်။
မိန်းကလေးနှင့်ပတ်သက်ပြီး အကူအညီပေးလိုက ဆက်သွယ်နိုင်ပါတယ်။
မောင်ထွန်းနောင်(သွေးမေတ္တာအသင်း)-09.795143599
ဒေါ်ယုဇန(မြန်မာလုပ်သားကူညီရေးကော်မတီ)-09.250198681
==========================================================
အမည်-မဖြူဖြူသန်း အဘ - ဦးသောင်းသောင်း အသက်-၂၂ နှစ်
ပညာ -စာမဖတ်တတ် ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်၊ကရင်ကုန်းကျေးရွာမှလာရောက်အလုပ်လုပ်။
မောင်နှမ ၁၁ယောက်တွင် ၉ ယောက်မြောက် ယခုအိမ်ရှင်အမည်မှာကိုဇေယျာလင်း အသက်၃၅နှစ်ခန့်ရှိ အစ္စလာမ်ဘာသာဝင် ၊မိန်းမနှင့်ကလေး၃ယောက်ရှိသည်။
လစာငွေတစ်လလျှင်၃၀၀၀၀ကျပ်ဖြင့် ၅လစာ စာချုပ်ထားခဲ့ပါသည်။ ဖခင်ဖြစ်သူမှဆက်သွယ်ပို့ဆောင်ပေးခဲ့။
လိပ်စာမှာ ၂၆လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့။အိမ်အမှတ်မမှတ်မိ ၊၄လွှာ။
မဖြူဖြူသန်းမှာ ကရင်/ဗမာ/ဗုဒ္ဓဘာသာဖြစ်ပါသည်။
ကုလားအိမ်တွင်မနေချင်သည့် အကြောင်းအရာမှာ အိမ်ရှင်အမျိုးသမီးမှ ဘာခိုင်းခိုင်းဆဲဆိုကာ ပြသနာအမြဲရှာတတ်ပါသည်။
တစ်ခုခုအမှားလုပ်မိပါကအမူးသမားကဲ့သို့မပြီးစီးနိုင်အောင် ရစ်တတ်ပါသည်။
တရက်တွင် မဖြူဖြူသန်းအဝတ်လျှော်ပြီး ခါးအလွန်နာနေသောကြောင့် ထိုအိမ်မှဒါဏ်ကြေလိမ်းဆေး ယူလိမ်းမိရာမှ ခွင့်မတောင်းဘဲယူလိမ်းလို့ဟုဆိုကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခါ ဆုံးမပါသည်။ ထို့ကြောင့်မဖြူဖြူသန်းမှ သမီးမနေနိုင်တော့ဘူး ရွာပြန်မယ်ဟုပြောရာ တံခါးပိတ်ထားပြီး ဘယ်မှမခိုင်းတော့ပါ။
သူတို့ဘာသာထဲသို့ကူးပြောင်းရန်လည်း ကိုဇေယျာလင်းမှ စည်းရုံးခဲ့ဖူးရာ ကြောက်သောကြောက် ဟုတ်ကဲ့မိဘများခွင့်ပြုပါက ပြောင်းပါမည်ဟု ပြောခဲ့ရပါသည်။
ထိုအတောအတွင်း အိမ်မှထွက်ပြေးရန်လမ်းစရှာနေသည်ကို ရိပ်မိသောကြောင့် ထွက်ပြေးရင်ရဲစခန်းမှာအမှုဖွင့်ဖမ်းခိုင်းမယ်ဟု ချိန်းခြောက်ဖူးသောကြောင့် ၅လစာ လစာငွေများကိုလက်ခံလက်မှတ်ထိုးထားသော ဖခင်ကိုပြသနာရှာမည်ကြောက်သောကြောင့် ပြန်မည်ဟု မပြောရဲတော့ပါ။
တစ်ရက်တွင် ရွာကိုပြန်ရန်အတွက် အိမ်ရှင်ကလေး၏ငွေတစ်သောင်းအား ယူထားပြီး ၅၀၀၀ကိုကလေးအားပြန်ပေးခဲ့ပါသည်။
ကလေးကဘာလုပ်မလို့လဲဟုမေးရာ အစ်မရွာပြန်ဖို့လို့ပြောခဲ့ပါသည်။
ကလေးကမိဘများပိုပြန်တိုင်ရာ ငွေ၅၀၀၀အားလဲပြန်ပေးခဲ့ပါသည်။
ထိုငွေ၅၀၀၀တန်နှင့် မဖြူဖြူသန်းအား ဓာတ်ပုံရိုက်ခါ ထွက်ပြေးပါက အင်တာနက်မှာတင်ပြီး အရှက်ခွဲမည်။နင့်ပုံကိုငါတို့ရိုက်ပြီး ရဲတိုင်ပြီးပြီဟု ပြောခဲ့ပါသည်။ ယနေ့၂၂.၅.၂၀၁၅တွင်မှ ဈေးဝယ်ခိုင်းရာ ထွက်ပြေးပြီးရွာကိုဖုန်းဆက်ရန်ကြိုးစားခဲ့ပါသည်။ လမ်းတွင်တွေ့သောအမျိုးသမီးတစ်ဦးအား အကူအညီတောင်းရာမှ ယခုကဲ့သို့အကူညီရခဲ့ခြင်းဖြစ်ပါသည်။