ဒုက္ခသည်အရေးဆိုရင် လူသားအားလုံးမှာ တာဝန်ရှိတယ်။
ဒါကြောင့် စာနာမှုအပြည့်နှင့် ကူညီရမယ်။
ရိုဟင်ဂျာအရေးဆိုရင် အစိုးရပြတ်သားဖို့လိုတယ်။ ဘာဖိအားမှ မှုစရာမလိုဘူး။
ရိုဟင်ဂျာအရေးအတွက် အစိုးရမှာသာ တာဝန်ရှိတာမဟုတ်ဘူး။ ပါတီအားလုံး ပြည်သူအားလုံး တိုင်းရင်းသားအားလုံး နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။
ရိုဟင်ဂျာဆိုတဲ့အမည်နဲ့ ခေါင်းစဉ်တပ်တာတွေမှန်သမျှ ဆန့်ကျင်ရမယ်။
ဒါဟာ နိုင်ငံ့အချုပ်အခြာအာဏာကို ကာကွယ်ခြင်းပဲ။
ဝီရသူ(မစိုးရိမ်)
19.5.2015
PM 7:27
(18.5.2015 ရက်နေ့ ပြည်ထောင်စုနေ့စဉ်သတင်းစာ ပူးတွဲတင်ပြလိုက်ပါတယ်။)
“ပင်လယ်ပြင်မှရွှေ့ပြောင်းနေထိုင်သူများအရေး ပြဿနာ၏အရင်းခံမှာ မြန်မာမဟုတ်ကြောင်း သမ္မတရုံး တာဝန်ရှိသူပြောကြား”
ဘန်ကောက် မေ ၁၇
အရှေ့တောင်အာရှပင်လယ်ပြင်တွင် ဦးတည်ရာမဲ့မျောနေသော ရွှေ့ပြောင်းနေထိုင်သူများ၏ အရေးပေါ်ပြဿ နာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် လျစ်လျူမရှုသော်လည်း ပြဿနာ၏အရင်းခံမှာ မြန်မာနိုင်ငံ ဖြစ်သည်ဆိုသော အချို့သူများ၏ စွပ်စွဲချက်များကိုမူ လက်မခံကြောင်း မြန်မာနိုင်ငံမှသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်ဟု AP သတင်းဌာနကဖော်ပြထားသည်။ ထို့အပြင် အဆိုပါ ရွှေ့ပြောင်းနေထိုင် သူများ ပြဿနာနှင့်ပတ်သက်ပြီး ကျင်းပမည့် အရေးပေါ်အစည်းအဝေးသို့လည်း မြန်မာနိုင်ငံက အသိအမှတ် မပြုသည့် ရိုဟင်ဂျာဆိုသောစကားလုံးကို အသုံးပြုကာ ဖိတ်ကြားမည်ဆိုပါက တက်ရောက်လိမ့်မည် မဟုတ်ကြောင်း ၄င်းကပြောသည်။
အရေးပေါ်အစည်းအဝေးကို ယခုလ ၂၉ ရက်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကာ နိုင်ငံပေါင်း ၁၅ နိုင်ငံက ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။ ပြီးခဲ့သည့် သတင်းပတ်အတွင်း ထောင်နှင့်ချီသော ရွှေ့ပြောင်းသွား လာသူများသည် အရှေ့တောင်အာရှပင်လယ်များထဲတွင် မျောပါနေကြပြီး အင်ဒိုနီးရှား မလေးရှားနှင့် ထိုင်းနိုင်ငံတို့က ရွှေ့ပြောင်းသွားလာသူများ၏ စက်လှေများကို ၄င်းတို့၏ ကမ်းခြေများမှနေ၍ ပင်လယ်အတွင်းသို့ ပြန်လည်စေလွှတ်ခဲ့ကြသည်။
အဆိုပါရွှေ့ပြောင်းသွားလာသူများကို လူကုန်ကူးသူများကခေါ်ဆောင်ခဲ့ကြပြီး စွန့်ပစ်သွားခဲ့ကြသည်ဟု အင်ဒိုနီးရှား အာဏာပိုင်များကပြောသည်။ ၄င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ခွာလာသူများအဖြစ် ခန့်မှန်းယူဆခြင်းခံထားရသည်ဟု နိုင်ငံတကာမီဒီယာအချို့က ပြောသည်။ ပင်လယ်ပြင်တွင်မျောပါနေသည့် လူကုန်ကူးခံရသူများပြဿနာမတိုင်မီ ထိုင်းနိုင်ငံတောင်ပိုင်းတောအုပ်အတွင်း ၌ လူကုန်းကူးခံရသူများ၏ အလောင်းများကို မြှုပ်ထားသည့်ကျင်းများ တွေ့ရှိခဲ့ရာ ထိုင်းနိုင်ငံက အရေးပေါ် အည်းဝေးတစ်ရပ်ကျင်းပရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူများ၏ အလောင်းကျင်းတွေ တွေ့ရှိခြင်းဟာ မြန်မာနိုင်ငံရဲ့ ပြဿနာမဟုတ်ပါဘူး။ အဲဒါဟာ ထိုင်းနိုငင်ံရဲ့ တရားဥပဒေစိုးမိုးမှုနှင့် လူကုန်ကူးမှုကာကွယ်ရေးဆိုင်ရာ အားနည်းချက် ဖြစ်နေလို့ပါ” ဟု AFP နှင့်အင်တာဗျူးတွင် ပြောကြားသည်။
ဦးဇော်ဌေး၏ ဖေ့ဘုတ်ခ်စာမျက်နှာဖြစ်သော Hmuu Zaw တွင် “လူကုန်ကူးဂိုဏ်းတွေက ဒီနိုင်ငံတွေကို တရားမဝင်အလုပ်သမားတင်ပို့ရာမှာ အကောင်းဆုံးဖုံးကွယ်မှုက ရိုဟင်ဂျာဒုက္ခသည် ဆိုတဲ့ အကြောင်းပြချက် ပဲ။ သက်ဆိုင်ရာနိုင်ငံတွေက လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ပို့မိတဲ့အခါမှာ ဘင်္ဂါလီဒုက္ခသည်တွေပါ ဆိုပြီး သနားစဖွယ်ပုံဖော်ပြ။ ဒီလိုနဲ့ မြန်မာနိုင်ငံကိုလက်ညှိုးထိုး၊ ကိုယ့်နိုင်ငံထဲမှာ လူသတ်ချင်သတ် ကျွန်ပြုချင်ပြု လုပ်ချင်သလိုလုပ်နေတဲ့ကိစ္စတွေကို ဖုံးကွယ်ဒါတွေဟာ ကိုယ့်တာဝန်ကိုမယူနိုင်လို့ ပြောနေတာတွေပဲ ဖြစ်တယ်။ ဥပမာ ထိုင်းနိုင်ငံမှာ လူသတ်အလောင်းမြှုပ်နှံတဲ့ကိစ္စ ထိုင်းပြည်တွင်းက ရာဇဝတ်မှုပဲ။ ဒါကို ထိုင်းနိုင်ငံတာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးပြီး ဖော်ထုတ် တာဝန်ရှိသူတွေအရေးယူ၊ ဒီလူတွေ ခေါ်သွင်းလာတဲ့လူမှောင်ခိုတွေလူပွဲစားတွေကို အရေးယူ၊ မဆီမဆိုင် မြန်မာနိုင်ငံနဲ့ သုံးနိုင်ငံ ဆွေးနွေးဖို့ ပြောလာတာက ကိုယ့်အပြစ်ကို လွှဲချဖို့သက်သက်ပဲလို့ မြင်တယ်” ဟုလည်းကောင်း၊ “တရားခံမရှာဘဲ အဖြေ ရှာဖို့လိုပါတယ်။ အဲဒီပြဿနာတွေ အားလုံးရဲ့အဖြေက လူမှောင်ခိုတွေ နှိမ်နှင်းဖို့၊ တရားမဝင်အလုပ်သမားတွေ မရှိအောင်လုပ်ဖို့ တရားဝင် အလုပ်သမားတွေကို ရသင့်ရထိုက်တဲ့ အခွင့်အရေးပေးဖို့၊ လူမဆန်စွာရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းတာတွေ နိုင့်ထက်စီးနင်းပြုမူတာတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့လိုပါတယ်။ ဒေသတွင်း နိုင်ငံတွေအနေနဲ့ ကိုယ့်အားနည်းချက်၊ ကိုယ့်ထဲက ပြဿနာတွေကို ရဲရဲတင်းတင်းကိုင်တွယ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံကို လက်ညှိုးထိုးနေရုံနဲ့ ကိုယ့်ပြစ်ချက်တွေ ပြေပျောက်သွား မှာမဟုတ်ဘူး၊ တရားခံမရှာပါနဲ့ အဖြေရှာပါဆိုတာကိုပဲ မီးမောင်းထိုးတင်ပြလိုပါတယ်” ဟုလည်းကောင်း ဖော်ပြထားသည်။
TIP(Ref:AFP)