Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ရှမ်းပြည်မြောက်ပိုင်း(ပြည်နယ်)အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးရုံး ဆိုင်းဘုတ်တင်ပွဲကျင်းပ”

$
0
0
ရှမ်းပြည်နယ်မြောက်ပိုင်း(ပြည်နယ်)အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို 16.5.2015 ရက်နေ့တွင် လားရှိုးမြို့ရှိ စိတ္တသုခကျောင်းတိုက်တွင်းရှိ ရှမ်း/မြောက် (ပြည်နယ်) မဘသရုံး၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သြဝါဒစရိယ ရှမ်း/မြောက် မဘသ သြဝါဒစရိယ မဟာဗောဓာရုံဆရာတော် ကြီး ဘဒ္ဒန္တနာရဒ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မြို့မကျောင်းဆရာတော် ဘဒ္ဒန္တကလျာဏ၊ ပြည်နယ်သံဃနာယက မြို့လယ်ကျောင်းဆရာတော် ဘဒ္ဒန္တသုနန္ဒ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် မဟာမြတ်မုနိဆရာတော်ဘဒ္ဒန္တကေဝလ၊ ရေကန်တောင်ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓတို့နှင့်အတူ ကျောက်မဲ၊ နောင်ချို၊ ဟိုပန် မဘသ ကိုယ်စားလှယ် ဆရာတော်များ ကြွရောက်ချီးမြှင့်ပေးခဲ့သည်ဟု ရှမ်းမြောက် မဘသ ဥက္ကဋ္ဌဆရာတော် ဦးအကုင်္ရမှ မိန့်ကြားသည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးရုံးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားနှင့် ပတ်သက်၍ ဆရာတော်ဦးအကုင်္ရမှ “ဦးဇင်းကတော့ မဘသ ဗဟိုအစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးပါမောက္ခ ဦးဝီရသူနဲ့ ဦးဇင်းကို မဘသ(ဗဟို)က အစည်းအဝေးဆုံးဖြတ်ချက်ချပြီးတဲ့ကိစ္စတွေ အကောင်အထည်ဖော်ဖို့ တာဝန်ပေး တာကြောင့် သာသနာပြုစွမ်းရည်မြှင့်တင်ရေးလက်တွေ့အသုံးချအခြေခံဥပဒေသင်တန်း၊ အွန်းလိုင်းမီဒီယာ သင်တန်း၊ တိုင်းနှင့်ပြည်နယ် မြို့နယ်အသီးသီးမှာ ကျင်းပနိုင်ရေးကိစ္စ၊ မဘသ(ဗဟို)မှ သင်ရိုးရေးစွဲ ထုတ်ဝေနိုင်ရေးကိစ္စတွေ မပြီးပြတ်သေးတဲ့အတွက် ရှမ်း/မြောက် မဘသရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကိုတောင် မပြန်နိုင်ပါဘူး။ အခမ်းအနားကို အစီအစဉ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြလို့ ဝမ်းမြောက်ပါတယ်။ အထူးဝမ်းမြောက်မှုဖြစ်တာက လွန်ခဲ့သော ၃ နှစ်လောက်ကမှ အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူ မိမိ၏ မယ်တော်ဒေါ်အေး ၈၁ နှစ်ကိုယ်တိုင် ရေစက်ချနေတဲ့ မြင်ကွင်းနှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းနေတဲ့ မြင်ကွင်း မြင်တွေ့လိုက်ရခြင်းဘဲ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။
အဆိုပါ ရှမ်း/မြောက် မဘသရုံးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မနက်ပိုင်းနှင့် နေ့လည်ပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနား၏ ပထမပိုင်းအစီအစဉ်တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တကလျာဏမှ သီလချီးမြှင့်ပြီး နောက် နိုင်ငံတော်သြဝါဒစရိယ ရှမ်း/မြောက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ရှမ်း/မြောက်၏ သြဝါဒစရိယဆရာတော်ကြီးမှ သြဝါဒစကား ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော်များက ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော်ရွတ်ဖတ်ပူဇော်၍ အခမ်းအနား ပထမပိုင်း ကျေးဇူးတင် ဝမ်းမြောက်စကားကို ဆရာဦးအောင်မြိုင်မှ လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။
အခမ်းအနား ဒုတိယပိုင်းတွင် ဆိုင်းဘုတ်ဖဲကြိုးဖြတ်ဖွင့်လှစ်ရန် လူငယ်မောင်မယ်များက ဖဲကြိုးကိုင်၍ ဆရာတော်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ပူဇော်၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

နောင်တော်လေး

















Viewing all articles
Browse latest Browse all 2129

Trending Articles