“အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(ပြည်နယ်) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
စာအမှတ်-၆/ရှမ်းမြောက်/၂၀၁၄
ရက်စွဲ-၂၀၁၄-ခုနှစ်၊ မေလ ၁၀ ရက်
“သဘောထားကြေငြာချက်(၆/၂၀၁၄)”
၁။ အမျိုးစောင့်ဥပဒေကို တာဝန်ယူခေါင်းဆောင်ကန့်ကွက်သူများဖြစ်သော အောင်မျိုးမင်း၊ ထွန်းထွန်းဦး၊ ဇင်မာအောင်၊ ရွှေရွှေစိန်လတ်၊ သင်းသင်းအောင်၊ မေစပယ်ဖြူ၊ ခင်လေးတို့သည် လုပ်ဇာတ်ခင်း၍ ထုတ်ပြန် ကြေငြာသောကြောင့် အမျိုးသားရေးသစ္စာဖောက်အဖြစ် မှတ်တမ်းတင်ကြောင်း ကြေငြာသည်။
၂။ အမျိုးစောင့်ဥပဒေကို ကန့်ကွက်သည်ဆိုသော ၉၇-ဖွဲ့တို့တွင် နှစ်ယောက်တစ်ပိုင်းဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်ခြင်း၊ ၃၂-ဖွဲ့လောက်မှာလည်း မိမိအဖွဲ့ ကန့်ကွက်သည်ကိုပင် မသိရှိရကြောင်း ပြောကြား ခြင်းတို့ကြောင့် တာဝန်ယူဦးဆောင်ကန့်ကွက်သူများ၏ လုပ်ဇာတ်ဖြစ်နေကြောင်းကို ရှမ်း/မြောက်(မ.ဘ.သ) က စုံစမ်းသိရှိရ၍ ထိုတာဝန်ယူ ခေါင်းဆောင်ကန့်ကွက်သူများကို တာဝန်ခံဖြေရှင်းပေးရန် ကြေငြာသည်။
၃။ အနာဂတ် အမျိုးဘာသာ သာသနာနှင့် နိုင်ငံတော်အတွက် မဖြစ်မနေ လိုအပ်သည့် ကိစ္စဖြစ်သောကြောင့် ပညာဥာဏ် အမျှော်အမြင်ကြီးမားစွာဖြင့် သီလ သမာဓိ ပညာနှင့် ပြည့်စုံပြီး ရဟန်းရှင်လူပြည်သူများ လေးစား ကြည်ညိုအားထားသော မ.ဘ.သ(ဗဟို) ဥက္ကဋ္ဌ ကျေးဇူးတော်ရှင် အင်းစိန်ရွာမ ဆရတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသ ဦးဆောင်ကာ(မ.ဘ.သ)၏ အဓိက လုပ်ငန်းစဉ်တစ်ခုအဖြစ် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးကို ကြိုးပမ်းရာတွင် သေချာစွာ မလေ့လာဘဲ ယခုကဲ့သို့ မမှန်မကန် လုပ်ဇာတ်ခင်း၍ ကန့်ကွက် ဟန့်တားကြသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်း(၉၇)ဖွဲ့တို့အပေါ် ကန့်ကွက်ရှုတ်ချကြသော သက်ဆိုင်ရာ (မ.ဘ.သ) အဖွဲ့အားလုံးတို့နှင့် တူညီသောဆန္ဒရှိကြောင်း ထုတ်ပြန်လိုက်သည်။
အရွင္အကုၤရ
အထွေထွေအတွင်းရေးမှူး
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
(ပြည်နယ်)လားရှုး၊ ရှမ်း/မြောက်။