ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံးမငေးမြို့ ပန်းခူးရွာနေ အသက် ၁၂၀ နှစ်အရွယ် ဖွားသက်ရှည် ဒေါ်တက်ပုံအတွက် ကျုံးမငေး မ.ဘ.သ ဦးစီးဆောင်ရွက်ပေးနေပါတယ်။
ဖွားသက်ရှည်က လာမည့်နှစ်မှပဲ အိမ်ပြင်ဆောက်ပေးစေလိုပြီး လောလောဆယ် ဓနိအကာ၊ ပျဉ်အခင်းနှင့် စားနပ်ရိက္ခာပဲ ထောက်ပံ့ပါဆိုလို့ စာရေးသူက အလှူငွေ တစ်သိန်းကျပ် လှူဒါန်းထားပါတယ်။
ကျုံးမငေး မ.ဘ.သ အဖွဲ့ လာရောက်အားပေးတဲ့အခါ အဖွားဒေါ်တက်ပုံက ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျရှာပါသတဲ့။ ဇာတာထဲမှာ အသက် ၁၂၀ ရှည်စေသော်လို့ ဆုတောင်းပေးကြပေမယ့် အသက် ၁၂၀ ရှည်သော်လည်း အခုလို ဒုက္ခဆိုးကြီးကို နိစ္စဓုဝ ခံစားနေရတဲ့အခါကျပြန်တော့လည်း အသက် ၁၂၀ ဟာ မက်စရာမဟုတ်တော့ပါဘူးဗျာ။
လူသားချင်းစာနာတတ်သူများ ဝိုင်းဝန်းစောင့်ရှောက်တတ်ပါစေ။
ဝီရသူ(မစိုးရိမ်)
17.5.2015
PM 9:00