Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အရေးကြုံရင် မ.ဘ.သ ရှိတယ်”

$
0
0


(၈.၅.၂၀၁၅)ရက်နေ့ နေ့လည် (၁)နာရီတွင် အောင်ပန်းမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် ဦးဣန္ဒာစရိယထံ ရွှေနန်းတော်တည်းခိုခန်းပိုင်ရှင် ဦးမျိုးဝင်းတို့ဇနီးမောင်နှံ ရောက်လာပါသည်။
ရောက်လာသည့်အကြောင်းမှာ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် ပြည်ထောင်စုလမ်းမပေါ်ရှိ ရွှေနန်းတော်တည်းခိုခန်း၏ ရှေ့မျက်နှာစာရှိ (၇၈၆)ထမင်းဆိုင်ပိုင်ရှင် ဒေါ်မာမာဌေးက မြို့နယ်စည်ပင်မှ (၃၁.၁.၂၀၁၅)နေ့တွင် အပြီးရှင်းလင်းဖယ်ရှားပေးရန် အမိန့်စာရရှိပြီးပါလျက် ဖယ်ရှားပေးရန် ငြင်းဆန်နေခြင်းကိစ္စပါ။ (စည်ပင်အမိန့်စာပူးတွဲပါ)
၎င်းကိစ္စကို ဖြေရှင်းပေးရန် ဦးဣန္ဒာစရိယမှ (၈.၅.၂၀၁၅)နေ့တွင် ဗလီဥက္ကဋ္ဌဦးစိန်ဝင်းထံ ဖုန်းဆက်အကြောင်းကြားခဲ့ပါသည်။
(၉.၅.၂၀၁၅) နေ့ နေ့လည် (၁)နာရီတွင် ဗလီဥက္ကဋ္ဌဦးစိန်ဝင်းက ဒေါ်မာမာဌေးအား ခေါ်ယူပြောဆိုခဲ့ပါသည်။ ဒေါ်မာမာဌေးမှ နှစ်ဦးနှစ်ဘက် တွေ့ဆုံဖြေရှင်းပေးပါရန် တောင်းဆိုခဲ့ပါသည်။
ထို့ကြောင့် ဦးဣန္ဒာစရိယနှင့် သဒ္ဓါပိုင်ရှင်မိသားစုကွန်ယက်မှ အသင်းသားနှစ်ဦး၊ ဗလီဥက္ကဋ္ဌဦးစိန်ဝင်း၊ ရွှေနန်းတော်တည်းခိုခန်းပိုင်ရှင် ဦးမျိုးဝင်းနှင့် ဇနီး၊ ဒေါ်မာမာဌေးနှင့် ၎င်း၏မိခင်တို့သည် ပစ္ဆိမာရုံကျောင်းတိုက်တွင် ညှိနှိုင်းဖြေရှင်းခဲ့ကြသည်။
ရွှေနန်းတော်တည်းခိုခန်းပိုင်ရှင်နှင့် ဒေါ်မာမာဌေးတို့၏ ထွက်ဆိုဖြေရှင်းချက်၊ တောင်းဆိုချက်တို့ကို ဝေဖန်ထောက်ရှူလျက် ရွှေနန်းတော်တည်းခိုခန်းရှေ့မျက်နှာစာမှ ဒေါ်မာမာဌေး (၇၈၆)ထမင်းဆိုင်အား (၃ဝ.၅.၂၀၁၅)ရက်နေ့တွင် အပြီးတိုင် ဖယ်ရှားပေးရမည်ဟု မှန်ကန်မျှတစွာ ဆုံးဖြတ်ခဲ့ပါသည်။
ထိုဆုံးဖြတ်ချက်အတိုင်း လိုက်နာကြမည်ဖြစ်ကြောင်း ရွှေနန်းတော်တည်းခိုခန်းပိုင်ရှင်နှင့် ထမင်းဆိုင်ပိုင်ရှင် ဒေါ်မာမာဌေးတို့က ဝန်ခံလက်မှတ်ထိုးကာ ငြိမ်းချမ်းစွာ ဖြေရှင်းခဲ့ပါသည်။
ထိုသို့ ပြဿနာတစ်ရပ်ကို ငြိမ်းချမ်းစွာဖြေရှင်နိုင်ခြင်းမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မ.ဘ.သ)အဖွဲ့ကြီး ပေါ်ပေါက်လာခြင်းကြောင့် ဖြစ်ပါသည်။


Viewing all articles
Browse latest Browse all 2129

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


နာမည်ကျော်နေတဲ့ (Eaint Treasure)အိမ့်ရတနာရဲ့ HD Video


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ယူကေစစ်သံမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးနှင့်တွေ့ဆုံ၊


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


သွေးအုပ်စုများ ဖခင်စစ်-မစစ် အငြင်းမပွါး