Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဖိုက်စတား တရားပွဲ”

$
0
0
 ၈.၅.၂၀၁၅ ည ၈း၀၀ နာရီ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု၊ ရွှေယမင်းကျေးရွာ၊ ပထမအကြိမ် အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဓမ္မသဘင်။
စာရေးသူမဟောခင် ရှေ့ထွက်အဖြစ် ဦးဇင်းလေးတွေ ဟောကြပါတယ်။ ဟောပြောပွဲပုံစံမျိုး ဟောပြောကြတာပါ။ စာရေးသူနှင့် လိုက်ပါလာသူများမဟုတ်ဘဲ ရွာခံဦးဇင်းလေးတွေဖြစ်ပါတယ်။ သုံးပါးက ကျောင်းထိုင်ဘုန်းကြီးများဖြစ်ပြီး တစ်ပါးက ဓမ္မာစရိယတန်းဖြေဆိုနေဆဲ  (ဥပဒေဘွဲရ) စာသင်သားတစ်ပါးဖြစ်ပါတယ်။
ရွှေယမင်းကျောင်းဆရာတော်လေး ဘဒ္ဒန္တအဂ္ဂဝံသ
 ခင်ဦးမြို့၊ အလယ်ကျောင်းဆရာတော်လေး ဘဒ္ဒန္တသာသနပါလ
 မြို့သစ်ကျေးရွာ၊ ကျောင်းထိုင်ဆရာတော်လေး ဘဒ္ဒန္တဣန္ဒောဘာသ
မြို့သစ်ကျေးရွာ စာသင်သားဦးဇင်းလေး ဦးဝိစိတ္တသာရ (လယ်တီ)တို့ပဲ ဖြစ်ပါတယ်။
တစ်ပါး ဆယ်မိနစ်ခန့်ဟောပြီးမှ စာရေးသူဟောပါတယ်။ ရှေ့ထွက်လေးပါးနဲ့တင် ပြည့်စုံပြီဖြစ်လို့ စာရေးသူ အတော်သက်သာသွားပါတယ်။
ရွှေယမင်းကျေးရွာသူတွေ ကုသိုလ်ကံထူးပါတယ်။ တစ်ညတည်း ဓမ္မကထိက ငါးပါးကြီးများတောင် ဖူးမြင် နာကြားလိုက်ရတာ။
ဒါကြောင့် ဖိုက်စတား တရားပွဲလို့ ပြောလိုက်တော့ တဝါးဝါးနဲ့ သဘောကျကုန်ကြပါတယ်။
တရားပွဲပြီးမှ မိုးလေကြမ်းလို့ တော်ပါသေးတယ်။ 



Viewing all articles
Browse latest Browse all 2129

Trending Articles