Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ပုခတ်နှင့် သေနတ်”

$
0
0

မိန်းကလေး...
မင်းရဲ့ ခြေဖဝါးနုနုလေးတွေဟာ
စာသင်ကျောင်းခန်းမထဲက ကော်ဇောနီတွေနဲ့သာ ထိုက်တန်တာပါ မိန်းကလေး။
မိန်းကလေး...
မင်းရဲ့ လက်ဖဝါးနုနုလေးတွေဟာ
နိုင်ငံသားကောင်း ရင်သွေးငယ်လေးများအတွက် ပုခတ်လွဲဖို့သာ သင့်တော်တာပါ မိန်းကလေး။
မိန်းကလေး...
မင်းရဲ့ နှုတ်ခမ်းပါးပါးလေးဟာ
သာယာနာပျော်ဖွယ် ပုံပြင်တေးတွေ သီဆိုနေဖို့သာ ကောင်းမွန်တာပါ မိန်းကလေး။
မိန်းကလေး...
မင်းရဲ့ နွေးထွေးတဲ့ရင်ခွင်ကျယ်ကြီးဟာ
ရင်သွေးငယ်တွေ လုံခြုံရေးအတွက်သာ အသုံးပြုသင့်တာပါ မိန်းကလေး။
အခုတော့
မင်းဘဝနှင့် မင်းအလှ
မြင်ရတာ စိတ်မချမ်းသာစရာ။
ခရောင်းလမ်းကို ဖြတ်
စစ်သေနတ်ကို ကိုင်
ကျောက်စိုင် ကျောက်တုံးကို ရင်ဝယ်ထားလို့
စစ်ထွက်မိန့်ခွန်းချွေနေပြီကော။
ဂုဏ်ယူပါတယ် မိန်းကလေး။
တကယ်တော့ မင်းဟာ
မင်းမျိုးဆက်အနာဂတ်အတွက်
ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ဖန်တီးဖို့
အဓမ္မဝါဒီ ချေမှုန်းရေး
အသက်သွေးချွေး စတေးဝံ့သူပါပဲ။
ဂုဏ်ယူပါတယ် မိန်းကလေး
မင်းဟာ ငါ့နှမဖြစ်ရင်တောင်
ငါဟာ မင်းအစ်ကိုဖြစ်တဲ့အကြောင်း
ကမ္ဘာကြီးကို ကြေငြာမောင်းခတ်မိနေမှာပါ။
“တူရကီစစ်မျက်နှာပြင်မှ ကဒ်အမျိုးသမီးစစ်သည်တော်လေးဟာ
ကျုပ်နှမအရင်းပါဗျ” လို့။

ဝီရသူ (မစိုးရိမ်)

8.5.2015, AM.

Viewing all articles
Browse latest Browse all 2129

Trending Articles