ည မြန်အောင်မြို့မှာ တရားဟောပါတယ်။ တရားမဟောမီ ကံလှကျောင်းမှာ ခဏနားရင်း ကံလှဆရာတော်ကြီးနှင့် အမျိုးဘာသာအရေး ဆွေးနွေးကြပါတယ်။ လေးမျက်နှာကျောင်း မဟာစည်ဆရာတော်ကြီးလည်း ကြွရောက်ချီးမြှောက်ပါတယ်။
တောရကျောင်းမှာ တရားဟောရပါတယ်။ မြန်အောင် မ.ဘ.သနှင့် ဝံသာနုအဖွဲ့ ဦးစီးကျင်းပတဲ့ပွဲပါ။
မ.ဘ.သ အဖွဲ့ ပေါ်ပေါက်ရခြင်းအကြောင်းတရားနှင့် အကျိုးကို ဓမ္မပဒ၊ စူဠသုဘဒ္ဒါဝတ္ထုကို အခြေခံပြီး ဖြစ်ရပ်မှန် သာဓကပေါင်းများစွာဖြင့် ဟောကြားရင်း မြန်အောင်မူဆလင်ခေါင်းဆောင်တွေ ဆောင်ရွက်ချက် အားရဖွယ်ကောင်းကြောင်းနှင့် မြန်အောင်ပြည်သူများအနေဖြင့် မ.ဘ.သ ဆရာတော်ကြီးများ၊ သံဃနာယကဆရာတော်ကြီးများရဲ့ ဦးဆောင်မှုအောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းကြဖို့ တည့်သွင်းဟောကြားခဲ့ပါတယ်။
မြန်အောင် မ.ဘ.သ အဖွဲ့အတွက် နဝကမ္မဝတ္ထုငွေ သုံးသိန်းကျပ် လှူဒါန်းခဲ့တဲ့အပြင် ဓမ္မပူဇာအလှူငွေ ၄၅၁၈၀၀ိ ကိုလည်း မြန်အောင် မ.ဘ.သ အဖွဲ့အား ပြန်လည်လှူဒါန်းခဲ့ပါတယ်။