၁.၅.၂၀၁၅ မနက် ၉း၀၀ နာရီ၊ ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ နဝင်းဂုဏ်းကျောင်းမှာ တွေ့ဆုံကြတာပါ။
မြန်အောင်တောရကျောင်းဆရာတော်လေး ဦးဝိမလ၊ ကြံခင်းမြို့ နဝင်းဂုဏ်းကျောင်းဆရာတော်လေး ဦးဣဿရိယတို့ ကြွရောက်ချီးမြှောက်ကြပါတယ်။
မြန်အောင် အရှေ့ဗလီဂေါပကဥက္ကဋ္ဌ ဦးကျော်ကျော်(ဟာဖစ်ကျော်ကျော်)၊ အနောက်ဗလီဂေါပကဥက္ကဋ္ဌ ဦးထွန်းရွှေ၊ ကြံခင်းမြို့မှ ဦးဂျမား၊ ဦးအိသူတို့ဦးဆောင်တဲ့ မူဆလင်ခေါင်းဆောင်များ တက်ရောက်ကြပါတယ်။
နာရေးကူညီမှုအသင်းမှ ဦးခင်မောင်ကြည်၊ ဦးမော်ကြီး၊ နဝင်းဂုဏ်းကျောင်း ဂေါပကဥက္ကဋ္ဌ ဦးမောင်မောင်၊ ဦးအောင်ဟိန်း၊ ဦးသိန်းလှိုင်နှင့် အဖွဲ့တို့ တက်ရောက်ကြပါတယ်။
စာရေးသူက ဂုဏဇာတ်တော်လာ ခြင်္သေ့မြေခွေး ချစ်ကြည်ညီညွတ်ရေးတရား သြဝါဒပေးပြီး ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ သဘောထားဖို့ ပြောပြပါတယ်။
စောင့်လေမျိုးနွယ်ဇာတ်လမ်းထဲက မစုစုလတ်အသတ်ခံရပုံကို ပြောပြတော့ မူဆလင်ခေါင်းဆောင်ကြီးတွေ ထိတ်လန့်တုန်လှုပ်ကုန်ပါတယ်။
သူတို့အားလုံး ပြန်လည်ဆွေးနွေးကြတာတွေအားလုံးဟာ အားရစရာပါ။ အပြုသဘောဆောင်ပြီး ပူပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းအဖြေရှာခြင်းများ ပြုလုပ်ကြသူများ ဖြစ်ပါတယ်။
မစုစုလတ် အသတ်ခံရတာက ၂၀၀၀ ခုနှစ်ပါ။ စာရေးသူတရားဟောတာက ၂၀၀၁ ခုနှစ်ပါ။ ကြံခင်းမြို့၊ နဝင်းဂုဏ်းကျောင်းမှာပဲ စတင်ဟောကြားတာပါ။
အမျိုးသားရေးတရား စတင်ဟောကြားတာလည်း ကြံခင်းမြို့ နဝင်းဂုဏ်းကျောင်းပါပဲ။
၂၀၁၂ ခုနှစ် ဧပြီလမှာ မူဆလင်များနှင့် ချစ်ကြည်ရေးတည်ဆောက်တာလည်း ကြံခင်းမြို့ နဝင်းဂုဏ်းကျောင်းပါပဲ။
ကြံခင်းမြို့မှာ ၂၀၀၁ ခုနှစ်က အဖ့အသုဘတောင် လိုက်ချခွင့်မရတဲ့ အမျိုးသမီးတစ်ယောက်ကို အကြောင်းပြုပြီး တရားဟောဖြစ်သွားတာပါ။
အခုတော့ ကြံခင်းမူဆလင်တွေ အများကြီး ပြောင်းလဲသွားပါပြီ။ သူတို့မူဆလင်အချင်းချင်းပဲ အိမ်ထောင်ပြုကြပါတယ်။ ကြံခင်းမြို့သူ မြို့သားများနှင့်လည်း သဟဇာတဖြစ်အောင် နေကြပါတယ်။ ဘုန်းကြီးကျောင်းတွေကိုလည်း အမြဲဝင်ထွက်ပြီး ရင်းနှီးမှု တည်ဆောက်ကြပါတယ်။ ဆရာတော် သံဃာတော်တွေဆုံးမမှုကိုလည်း နာခံကြပါတယ်။ ကြံခင်းမူဆလင်တွေဟာ ကြံခင်းပြည်သူ ပြည်သားများ စိတ်အနှောင့်အယှက်ဖြစ်အောင် ဘာတစ်ခုမျှ မလုပ်ကြပါဘူး။
မြန်အောင်ကတော့ ကြံခင်းထက်မူဆလင်များလို့ ကြိုးစားကြဆဲပါ။ ပြဿနာရှာတဲ့မူဆလင်တွေကို မြို့မှာမထားဖို့ထိ စီစဉ်ထားပါတယ်။ မြန်အောင်ဆရာတော် သံဃာတော်များနှင့် အမြဲထိတွေ့မှု ရှိပါတယ်။ ပြဿနာဖြစ်လာတိုင်း တရားခံကုလားကို ရဲစခန်းအပ်တာ၊ ထိထိရောက်ရောက်ကိုင်တွယ်တာ၊ နစ်နာသူကျေနပ်သည်အထိ အရေးယူပေးတာတွေ ပြုလုပ်ခဲ့လို့ မြန်အောင်မြို့လည်း အလားအလာရှိပါတယ်။
မေလတစ်ရက်နေ့ နေ့ဆွမ်းကို ကြံခင်းမူဆလင်များက လှူဒါန်းပြီး မေလနှစ်ရက်နေ့ နေ့ဆွမ်းကို မြန်အောင်မူဆလင်များက လှူဒါန်းပါတယ်။ ကုန်ကျစရိတ်အတွက် နဝကမ္မလှူဒါန်းတာဖြစ်ပြီး ဝေယျာဝစ္စအဖွဲ့က ကျောင်းမှာပဲ ချက်ပြုတ်ဆက်ကပ်တာပါ။
ကုလားအလှူ ဗမာကောင်းမှု ဖြစ်ပါတယ်။
ချစ်ကြည်ညီညွတ်ရေး ငြိမ်းချမ်းရေးကို လိုလားပါတယ်ဆိုတဲ့ မူဆလင်အဖွဲ့ချုပ်ကြီး သိစေဖို့ပါ။
ဝီရသူ (မစိုးရိမ်)
2.5.2015
AM-10:32