Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

မနောမြေသို့ အမောဖြေစို့(၂)

$
0
0


၂၅.၂.၂၀၁၅ ရက်နေ့ မနက်ဆွမ်းစားကြပါသည်။ တည်းခိုရာ သီရိမင်္ဂလာကျောင်းမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသမဟာထေရ်က နမ့်မွန်းရွာဇာတိ ဖြစ်ပါသည်။ ရွာမှာပင်ကျောင်းပြန်ထိုင်ခြင်းကို ရွာနားမြက် ရွာနွားမစား စကားပုံဖြင့် ဟာသနှော၍ ပြောနေပါသည်။ CDMA ဖုန်းလိုင်းမိခြင်းကြောင့် ညအခါ အင်တာနက်လိုင်းမိချိန်မှာ သတင်းဆော့ဖ်ဝဲလ်တွေဝင်တတ်ကြောင်း၊ မနက်ရောက်လျှင်ဖတ်ရကြောင်း ပြောပြနေ၍ စာရေးသူ၏ Application သတင်းဆော့ဖ်ဝဲလ်လေး ထည့်ပေးခဲ့ပါသည်။
မနက်ဆွမ်းစားပြီးသည့်အခါ မ.ဘ.သ အဖွဲ့ဝင်များလာ၍ ကန်တော့ကြပါသည်။ စာရေးသူက “မေးစရာရှိတာမေးကြပါ၊ လျှောက်စရာရှိတာလျှောက်ကြပါ”ဟု ပြောသည့်အခါ လူကိုယ်တိုင်ဖူးရသည်နှင့်ပင် ကျေနပ်နေကြပြီဖြစ်ကြောင်း၊ မေးဖွယ် လျှောက်ထားဖွယ်အထူးမရှိကြောင်း လျှောက်ထားကြပါသည်။ တရားပွဲဖြစ်မြောက်ရေးအတွက် ကြိုးပမ်းသူများတွင် ခန်းနေဆရာတော် ဦးသုန္ဒရနှင့် ဒေါ်စမ်းစမ်း၊ ဒေါ်အေးကြိုင်၊ ဒေါ်ဝင်းငွေတို့က တက်ကြွထက်သန်သူများ ဖြစ်ကြပါသည်။ ၂၀၁၄ ခုနှစ်ကတည်းက စာရေးသူထံ ဖုန်းတဂွမ်ဂွမ်ဆက်၍ ပြဿနာများတင်ပြခြင်း၊ ခံစားချက်များရင်ဖွင့်ခြင်း၊ အကြံဉာဏ်များတောင်းခံခြင်း အဆက်မပြတ်ပြုလုပ်ခဲ့ကြသည့် မျိုးချစ်ယောဂီများ ဖြစ်ကြပါသည်။
နမ့်မောက္ကန်ရွာသို့ ခရီးဆက်ကြပါသည်။ လိုက်ပို့သူများ လာကြိုသူများဖြင့် ယာဉ်တန်းကြီးတစ်ခု ဖြစ်သွားခဲ့ပါသည်။ နမ့်မောက္ကန်ရွာ ဉေယျဓမ္မကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စမဟာထေရ်သည် အင်းစိန်ရွာမဆရာတော်ကြီး၏ တပည့်ရင်း ဖြစ်ပါသည်။ ဆရာကောင်းတပည့် ပီသပါသည်။ နမ့်မောက္ကန်ရွာ မ.ဘ.သ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေပါသည်။ စာရေးသူပါလာသော စာအုပ်စာစောင်များအားလုံးကို ဈေးဖြတ်၍ ယူထားလိုက်ပါသည်။ အင်တာနက်ဆိုသည်ထားဘိဦး၊ ဖုန်းလိုင်းပင် အနိုင်နိုင်ဖြစ်နေ၍ ရွာသူရွာသားများ စာအုပ်ကိုသာ အားထားနေရမှန်း သိသာပါသည်။
ဒေသစာများဖြင့် နေ့ဆွမ်းစားပြီးသည့်အခါ ခဏမျှအနားယူပြီး ဘုရားဖူးထွက်ခဲ့ကြပါသည်။ အင်းတော်ကြီးဘုရားပွဲကျင်းပနေချိန်ဖြစ်ပါသည်။ စက်လှေဖြင့် သွားရပါသည်။ ရေငွေ့လေကို ရှူရှိုက်ရ၍ လန်းဆန်းရွှင်ပျသွားပါသည်။ ရွှေမဉ္ဇူရေလယ်ဘုရားကိုရောက်ပါသည်။ အနေကဇာတင်၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပြီး ငါးစာကျွေးပါသည်။ စင်ယော်ငှက်လေးတွေလည်း ပေါပါသည်။ အုံနှင့်ကျင်းနှင့် ငှက်စာကျွေးဖူးသည်မှာ ပထမဦုးဆုံးဖြစ်ပါသည်။ အလုအယက်တိုးဝှေ့စားကြသော ငှက်ကလေးများ၊ ငါးကလေးများကိုကြည့်ရသည်မှာ ပျော်ရွှင်စရာကောင်းလှပါသည်။
ပွဲဈေးတန်းကို ဆက်သွားဖို့ရန် ဖိတ်ခေါ်သော်လည်း မသွားဖြစ်ခဲ့ပါ။ စက်လှေလည်းစီးရ၊ ရေငွေ့လေလည်း ရှူရ၊ ဘုရားလည်းဖူးရ၊ ငှက်စာ ငါးစာလည်းကျွေးရသည်နှင့်ပင် ကျေနပ်ပြီဖြစ်ကြောင်း လျှောက်ထားရပါသည်။ ပရိသတ်ရုန်းစု ရုန်းစုနှင့် လူစည်ကားသည့်နေရာသွားဖို့ရန်မှာ အလွန်တရာဝန်လေးသောကြောင့် ဖြစ်ပါသည်။
လုံခြုံရေးတာဝန်ယူသော မီးသတ်တပ်ဖွဲ့များ၊ ဘုရားဖူးလိုက်ပို့သူများနှင့် ဓာတ်ပုံရိုက်ကြပါသည်။ ခြေထောက်တစ်ဖတ်သိမ်ငယ်နေ၍ ချိုင်းထောက်ဖြင့်သွားလာရသော ဦးဇင်းတစ်ပါးလည်း ပါလာပါသည်။ တရားပွဲစီစဉ်သောဦးဇင်းဟု ဆိုပါသည်။ ဆေးထိုးမှား၍ ဘေးဆိုးကြုံရခြင်း ဖြစ်ပါသည်။ မန္တလေးမှာနေသည်ဟု ဆိုပါသည်။ နှစ်သိမ့်အားပေးခဲ့ပါသည်။
အပြန်လမ်းတွင် စာကလေးခွေများ ပစ်တင်ကျွေးပါသည်။ စင်ယော်ငှက်လေးများ လိုက်ပါပျံသန်းရင်း လုယက်စားသောက်ကြပါသည်။ ပျော်စရာကောင်းပါသည်။ စိတ်အပန်းပြေပါသည်။ မနောမြေသို့ အမောဖြေဖို့ရောက်လာသည်မှာ အင်းတော်ကြီးဘုရားဖူးရသည်နှင့်ပင် ထိုက်တန်သွားပြီ ဖြစ်ပါသည်။ ဘဝအမောတွေ ပြေပျောက်ခဲ့လေသောကြောင့် ဖြစ်ပါ၏။
နမ့်မောက္ကန်ရွာ ဉေယျဓမ္မကျောင်းဝင်းထဲမှာ ညောင်ပင်ကြီးတစ်ပင်ရှိပါသည်။ ငှက်ကလေးများ ညောင်သီးလာစားကြပါသည်။ မြစ်ဆုံတောရကို သတိရမိပါသည်။ ညောင်ပင်ကြီးအောက်မှာ ဘဝတူများ ရယ်စရာတွေပြောခဲ့ကြသည်ကို လွမ်းဆွတ်မိပါသည်။ ညောင်ပင်ကြီးအောက်မှာ ပရိတ်ရွတ် အမျှဝေခဲ့ရသည့် ဘဝတက္ကသိုလ်ကျောင်းသားကြီးဘဝကို ပြန်လည်မြင်ယောင်မိပါသည်။ ပဋ္ဌာန်းရွတ်ပြီး ရုက္ခစိုးနတ်ကြီးအား အမျှဝေလိုက်ပါသည်။ ရင်ထဲတွင် အငြိမ်းဓာတ်များ ပျံ့နှံ့သွားပါသည်။
ကချင်ပြည်နယ်သို့မလာခင် သတင်းမတင်ခဲ့ရသေးသော စာရေးသူ၏ဆောင်ရွက်ချက်များအတွက် သတင်းရေးပါသည်။ CDMA ဖုန်းဖြင့်ဖတ်ပြရာ တပည့်လေးကအသံသွင်းထားကာ အွန်လိုင်းသတင်းတင်ပေးနေပါသည်။ ဓာတ်ပုံများပို့၍မရသောကြောင့် ဓာတ်ပုံများဝေဆာမှုကား မရှိပါ။
ညနေစောင်းမှာ တရားပွဲအတွက် ပြင်ဆင်နေသူများကို တွေ့ရသည်။ ပန်းကလေးတွေ တောင်းထဲမှာတင် ပွင့်ဖတ်ကလေးတွေကိုခြွေ၊ လျှောက်လမ်းတစ်ခုလုံး ပတ်ဖြန်းနေကြသည့် တိုင်းရင်းသူ ယောဂီလေးများကိုကြည့်၍ ကြည်နူးမဆုံး ဖြစ်နေပါတော့သည်။
ညတရားပွဲ စောစီစွာကျင်းပပါသည်။ နယ်မြေဒေသအရ အစောကြီး ကျင်းပရခြင်း ဖြစ်ပါသည်။ တရားပွဲလာပရိသတ်များနှင့်ပင် ကျောင်းပြည့်သွားပြီဖြစ်သောကြောင့် ရွာသူရွာသားများက ကျောင်းအောက်မှာ နေရာယူကြရပါသည်။
တရားပွဲပြီးသည့်အခါ ညောင်ပင်ကြီးအောက်မှာပင် ပရိတ်ရွတ်ပါသည်။ ရွတ်ဖတ်နေကြ မဟာသမယသုတ် ခုနှစ်သုတ်ဖြစ်ပါသည်။ အိုးဘိုအမွေဖြစ်ပါသည်။ ပရိတ်ရွတ်ပြီး အမျှဝေရသည်မှာ ဘဝင်အစဉ်ချမ်းမြေ့ဖွယ်ပင် ဖြစ်ပါသည်။
စာရေးသူ၏ ဘဝကြမ်းတမ်းသော်လည်း စာရေးသူ၏စိတ်နှလုံးက နူးညံ့ပျော့ပျောင်းပါသည်။ စာရေးသူ၏ဘဝက ပူလောင်သော်လည်း စာရေးသူ၏ စိတ်နှလုံးက ငြိမ်းချမ်းအေးမြပါသည်။ စာရေးသူ၏အလုပ်က စိတ်ရှုပ်စရာဖြစ်သော်လည်း စာရေးသူ၏စိတ်က ကြည်လင်သန့်ရှင်းနေတတ်ပါသည်။ ဤသည်မှာ သတိပဋ္ဌာန်၏အမွေအနှစ် ဖြစ်ပါသည်။ သတိပဋ္ဌာန်ဖြင့် စိတ်အပန်းဖြေလေ့ရှိပါသည်။ ထို့ကြောင့် ဝေဒနာနှင့် အလုပ်မလုပ်တတ်ခြင်း ဖြစ်ပါသည်။ ဒေတာနှင့်သာ အလုပ်လုပ်နိုင်ခြင်း ဖြစ်ပါသည်။
စာရေးသူက အိပ်ရာဝင်ပြီဖြစ်သော်လည်း ရွာသားများက လွယ်အိတ်ကိုယ်စီလွယ်ကာ အလှည့်ကျကင်းလှည့်ခြင်း၊ ကင်းစောင့်ခြင်းများ ပြုလုပ်ကြပါသည်။ နမ့်မွန်းရွာသားများလည်း ထို့အတူပင်။ တာဝန်ကျေသော ရွာသူရွာသားများ၏ မေတ္တာတရားကား ကျေးဇူးတင်ဖွယ်ပင် ဖြစ်နေပါတော့၏။
၂၆.၂.၂၀၁၅ ရက်နေ့တွင် မိုင်းနောင်ရွာသို့ ခရီးဆက်ပါသည်။ ဝမ်းကမရပ်သေးပါ။ သုံးရက်ရှိပြီဖြစ်သော်လည်း အပူဆင်းရုံမျှသာဖြစ်ပြီး ဝမ်းပျက်ခြင်းမဟုတ်၍ နေသာထိုင်သာရှိသော်လည်း ငှက်သိုက်ကြောင့်လော၊ သောက်ရေကြောင့်လော အဖြေရှာမရ ဖြစ်နေပါသည်။ ရေနွေးကြမ်းသာ သောက်နေရပါသည်။
မိုင်းနောင်ရွာ ဗောဓိရွှေကျောင်းတိုက် ဆရာတော်ကြီးက ကျောင်းအောက်ဆင်း၍ ကြိုဆိုကာ ပလ္လင်ပေါ်ထိလိုက်ပို့ပြီး ကန်တော့ခံဖို့ မိန့်တော်မူပါသည်။ ညကျမှတရားနာကြ၊ တရားပွဲမလစ်ဟင်းအောင် ပြင်ဆင်ကြ၊ စာရေးသူအတွက်မကြောင့်ကြနဲ့၊ ရေနွေးကြမ်းနှင့် ပျားရည်သာရှိလျှင်ရပြီဟု ပြောလိုက်ရာ အားလုံးဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြပါသည်။
ညပိုင်းတွင် မ.ဘ.သ ဖွဲ့လိုသည့် ဆရာတော်လေးများ၊ ဒကာ၊ ဒကာမများနှင့် အစည်းအဝေးထိုင်ပါသည်။ အန္တရာယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မ.ဘ.သဖွဲ့ရမည်။ လုပ်စရာမရှိလျှင် ယဉ်ကျေးမှုသင်တန်း၊ ဓမ္မစကူးလ်များဖွင့်ရမည်။ ယခုလို ရတနာနယ်မြေကို ကာကွယ်စောင့်ရှောက်ဖို့ အထူးလိုသည်ဟု ဆုံးမသြဝါဒ ပေးခဲ့ပါသည်။
လူငယ်လူရွယ်များ များပြားသော်လည်း စာကြည့်တိုက်ဟူ၍ မရှိသေးပါ။ အင်တာနက်လိုင်းမမိ၊ လမ်းခရီးလည်းဝေးလံလွန်း၍ စာအုပ်စာစောင် ဖတ်ခွင့်ရကြပုံမပေါ်ပါ။ စာရေးသူပါလာသော သတင်းစာ၊ ဂျာနယ်များကို စုပြုံဖတ်နေကြသည်ကို တွေ့ရပါသည်။ လူသားအရင်းအမြစ်များ အလဟသဖြစ်နေပုံရပါသည်။ နှမြောစရာကောင်းပါသည်။ စာကြည့်တိုက်များထောင်ပေးမည်။ စာဖတ်အလေ့အကျင့်များ ပြုစုပျိုးထောင်ပေးမည်။ စာပေဟောပြောပွဲများ၊ ဘာသာရပ်အသီးသီးဖြင့် သင်တန်းများဖွင့်လှစ်ပေးမည် ဆိုလျှင် လူငယ်လူရွယ်များ၏ အသိဉာဏ် အသိတရားနှင့် အထွေထွေဗဟုသုတများသည် မြို့ကြီးသားနှင့်မခြား တိုးတက်ကြမည်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးခြင်းသည် သာသနာပြုခြင်းပင် ဖြစ်ပါသည်။
ဖုန်းလိုင်းဟူ၍ ကောင်းစွာမမိသော်လည်း လူငယ်တိုင်း၌ ဟန်းဆက်ကိုယ်စီရှိပါသည်။ ဗီဒီယိုဇာတ်လမ်းကြည့်ခြင်း၊ သိချင်းနားထောင်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ကြပါသည်။ စာရေးသူနှင့်ပါလာသောတပည့်များက ကမ္ဘာတဝှမ်းသောင်းကျန်းနေသော ဂျီဟဒ်ဝါဒီ အစ္စလာမ်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဟန်းဆက်တိုင်း လိုက်ထည့်ပေးနေကြပါသည်။ တအံ့တသြဖြစ်နေကြပါသည်။ အောင်မြင်သည်ဟု ဆိုရပါမည်။ တစ်ရေးနိုးသည့်အခါမှာလည်း ကင်းစောင့်ရင်း ၎င်းဖိုင်လ်များ ကြည့်နေကြသည်ကိုတွေ့ရပါသည်။ ဂျီဟဒ်အဓိပ္ပါယ်ကို ကောင်းကောင်းကြီး သိသွားကြပါသည်။ မွတ်ဆလင်အန္တရာယ်ကို မျက်ဝါးထင်ထင် တွေ့မြင်သွားကြပါသည်။ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်လိုစိတ်များ ထက်သန်လာကြပါသည်။
မကြာမီ အမျိုးသမီးတစ်ဦးလာလျှောက်ပါသည်။ ကုလားနှင့် ချစ်ကြိုက်နေသော မိန်းကလေးတစ်ယောက်အကြောင်း လျှောက်ထားရင်း မခံချိမခံသာ ဖြစ်နေပုံရပါသည်။ ကောင်မလေးကို နယ်ပို့ပစ်ထားသော်လည်း ကုလားက ခိုးယူဖို့ပြင်ဆင်နေသည့်သတင်းကိုကြားရ၍ သွေးမတော်သားမစပ်ဘဲ ရင်တုန်ပန်းတုန် ဖြစ်နေပါသည်။
ညတရားပွဲတွင် မ.ဘ.သ ဖွဲ့စည်းရခြင်းအကြောင်းနှင့် မ.ဘ.သ ဖွဲ့စည်းရခြင်းအကျိုးတို့ကို ဖြစ်ရပ်မှန်သာဓကပေါင်းများစွာဖြင့် အထူးပြုဟောကြားခဲ့ပါသည်။ 
မိုင်းနောင်သူ မိုင်းနောင်သားများ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မ.ဘ.သ)အဖွဲ့ ဖွဲ့စည်းနိုင်ပါစေသတည်း။ ချစ်စရာမနောမြေကို အပြစ်ရှာထောင်ချီသော သွေးရောမြေမဖြစ်အောင် ကာကွယ်စောင့်ရှောက်နိုင်ပါစေသတည်း။


Viewing all articles
Browse latest Browse all 2129

Trending Articles