Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မ.ဘ.သ (ဗဟို) သဘောထားထုတ်ပြန်ချက်”

$
0
0
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်
ဘာသာတစ်ခု၊ နိုင်ငံတစ်ခု၏ အလေးအမြတ်ထားရာကို ထိပါးပုတ်ခတ် စော်ကားခြင်းသည် သက်ဆိုင်ရာ ဘာသာ နိုင်ငံကို ပုတ်ခတ်စော်ကားခြင်း၊ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ လူ့အခွင့်အရေးကို ချိုးဖောကခြင်းပင် ဖြစ်ပါသည်။
ယခုအခါ မလေးရှားနိုင်ငံ၌ ဖြန့်ချိရောင်းချနေသော အရက်ပုလင်များ၌ မြန်မာနိုင်ငံ၏ အထွဋ်အမြတ်အလေး ထားရာ ရွှေတိဂုံဘုရားပုံကို အသုံးပြုထားကြောင်း လေ့လာတွေ့ရှိရပါသည်၊ အများက မကောင်းသောအမူ အကျင့် ဒုစရိုက်အားလုံး၏ အရင်းခံဟု လက်ခံထားသော အရက်သေစာပုံရိပ်နှင့် ဗုဒ္ဓဘာသာပုံရိပ်ကို တံဆိပ်လုပ် ထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံကိုလည်းကောင်း၊ ကမ္ဘာအရပ်ရပ်ရှိဗုဒ္ဓဘာသာဝင်များကိုလည်း ကောင်း ထိပါးပုတ်ခတ်ခြင်း စော်ကားခြင်း မြန်မာ့ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်း၏ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းပင်ဖြစ်သည်၊ ထို့အပြင် မလိုလားအပ်သော ပဋိပက္ခများအထိ ဦးတည်ရောက်သွားစေနိုင်ပါသည်။
အဆိုပါလုပ်ရပ်ကို မြန်မာ့လူ့အသိုင်းအဝိုင်းကသော်လည်းကောင်း ကမ္ဘာ့ယဉ်ကျေးသော နိုင်ငံအသီးသီးက သော်လည်းကောင်း ယခုဖြန့်ချိနေသော ဌာနဆိုင်ရာ တာဝန်ရှိသူများကသော်လည်းကောင်း သင့်လျော်သလို ဝိုင်းဝန်းဟန့်တားခြင်း ကန့်ကွက်ခြင်း မလွဲမသွေ ပြုရမည်သာဖြစ်ပါသည်၊ အထူးအားဖြင့် နိုင်ငံ၏ အထွဋ် အမြတ်ထားရာ စေတီတော်ကို စော်ကားခြင်းဖြစ်၍ နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာနှင့် စာပေအသိုင်းအဝိုင်းများက စတုတ္ထမဏ္ဍိုင်ပီသကြောင်း နိုင်ငံတော်ဘက်ကမည်မျှ ရပ်တည်ကြောင်း ပြသသော အားဖြင့် မဖြစ်မနေ ဝိုင်းဝန်းဟန့်တား ကန့်ကွက်ကြရမည်သာ ဖြစ်ပါသည်။
ထို့ကြောင့် အဆိုပါ မြန်မာ့အထွဋ်အမြတ်အလေးထားရာ ရွှေတိဂုံပုံကို ဒစရိုက်မှုလုပ်ငန်းဆိုင်ရာ အရက်ပုလင်းများ၌ အသုံးပြုကာ ဖြန့်ချိနေခြင်းကို မြန်မာ့ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) မဘသ အဖွဲ့ကြီးအား လုံးဝ လုံးဝ ကန့်ကွက်ရှုတ်ချပါကြောင်း နှင့် ဆက်လက် ထိုကဲ့သို့ ဖြန့်ချိမှုမပြုပါရန် အလေးအနက် တိုက်တွန်းကြောင်း သဘောထားထုတ်ပြန် ကြေညာ အပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ။



Viewing all articles
Browse latest Browse all 2129

Trending Articles