ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၅၁ရပ်ကွက်၊ အောင်မေတ္တာလမ်း၊ အမှတ် ၂၈၆ ၌၂၀၁၄ .၉လပိုင်း မှစပြီး Ooredoo ဖုန်းတာဝါတိုင် ဆောက်လုပ်နေမှု့အား ရပ်ကွက်နေပြည်သူများမှ အန္တရာယ်ရှိသဖြင့် စတင်ကန့်ကွက်ခဲ့သော်လည်း မြို့နယ် မယကနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လက်မှတ်ထိုးပြီး ဆောက်လုပ်စေခဲ့ရာ ဆရာတော်ဦးပါမောက္ခဦးဆောင်သော မ.ဘ.သ သံဃာတော်များနှင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ သံဃာတော်များ ကြွရောက်မေတ္တာရပ်ခံမှုကြောင့် (၁၅.၄.၂၀၁၅)ရက်နေ့တွင် တာဝါတိုင်ဆောက်လုပ်နေမှုများ ပြန်လည်ရုပ်သိမ်းသွားခဲ့ကြောင်း သိရသည်။
၎င်းတာဝါတိုင်ဆောက်လုပ်မှုကိစ္စကို ရပ်ကွက်နေပြည်များမှ မ.ဘ.သ ဗဟိုဦးဆောင်ဆရာတော် ဦးပါမောက္ခနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မ.ဘ.သ ဆရာတော်များထံ တင်ပြလျှောက်ထားလာရာ သံဃာတော်များမှ တာဝါတိုင်စတင်ဆောက်လုပ်သည့် ၂၀၁၄ ခုနှစ် ၉ လပိုင်းကတည်းက မေတ္ထာရပ်ခံ အကြောင်းကြားခဲ့သော်လည်း မယကနှင့် ရယက တို့ပေါင်းကာ ဆောက်လုပ်စေခဲ့ခြင်းကြောင့် (၁၅.၄.၂၀၁၅)ရက်နေ့တွင် ဆရာတော်ဦးပါမောက္ခဦးဆောင်သော မ.ဘ.သ သံဃာတော်များနှင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ သံဃာတော်များတို့ သွားရောက်မေတ္တာရပ်ခံခဲ့ရကြောင်း၊ ၎င်းနေ့မှာပဲ ဆောက်လုပ်သည့်ပစ္စည်းများကို ကားနဲ့ပြန်လည်တင်ဆောင်သွားခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဇောမှလည်း သံဃနာယက ရပ်ကျေးဆရာတော်အား သွားရောက်ပင့်ဆောင်ခဲ့ပြီး သံဃာချင်းပြန်လည်တိုက်ခိုက်စေသည့်နည်းဖြင့် ထိပ်တိုက်တွေ့ဆုံစေခဲ့သော်လည်း သံဃာတော်များသည် အချင်းချင်းနားလည်မှုကွဲလွဲခြင်းမရှိဘဲ ညီညွတ်ချမ်းသာစွာ ညှိနှိုင်း၍ ပြေလည်မှု ရရှိသွားခဲ့ကြောင်း သိရသည်။