ကချင်ပြည်နယ်၊ ရှင်ဗွေယံမြို့နေ ကိုမြင့်ကို+မတင်တင်ဌေး မိသားစုက မန်း မ.ဘ.သ အား လှူဒါန်းခဲ့သော အလှူငွေ(၆၁)သိန်းခွဲကျပ်အတွက် ရေစက်သွန်းချ အမျှဝေတဲ့ပွဲပါ။
ကိုမြင့်ကိုမတင်တင်ဌေး မိသားစုအလှူငွေကို ၂၀၁၄ ခုနှစ်မှာ လူကြုံဖြင့် လှူခဲ့တာဖြစ်ပါတယ်။ ရွှေမှော်တောမှာ ရွှေလုပ်ငန်းလုပ်ရင်း ရွှေတိုရွှေစလေးများကို စုဆောင်းထားတာ တစ်ဆယ်ကျပ်သားပြည့်တဲ့အခါ အတုမရှိ သံဃာ့ညီလာခံ အခမ်းအနားခွေကိုကြည့်မိရာမှ လူကြုံလွှတ်ပြီး လှူခိုင်းတာဖြစ်ပါတယ်။
13.4.2015 ရက်နေ့ မနက်ပိုင်း သဟာယကျောင်းမှာ ရေစက်ချအမျှဝေဖြစ်သွားပေမယ့် အလှူဒကာဖြစ်သူ ကိုမြင့်ကို မှော်ထဲမှာကျန်ခဲ့လို့ မလာနိုင်ခဲ့ပါဘူး။
စာရေးသူက စောင့်လေမျိုးနွယ်ဖြစ်ရပ်မှန် ဇာတ်လမ်းခွေနှင့် စာအုပ်စာတန်းများ လက်ဆောင်ပေးပြီး ဝါစာ၊ ပညာ၊ အသပြာ၊ အာဏာ၊ ကာယာ တစ်ခုခုနှင့် ကာကွယ်ကြဖို့ ဟောကြားခဲ့တာဖြစ်ပါတယ်။