9.4.2015 ည 8:30 နာရီ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ဇေယျာသီရိမိသားစု၊ ညချမ်းဓမ္မသဘင်။
မစိုးရိမ်ပရိယတ္တိစာသင်တိုက်မှာ ခဏနားပါတယ်။ မစိုးရိမ်ဆရာတော်ကြီးက မ.ဘ.သ ဥက္ကဋ္ဌဆရာတော် ဖြစ်ပါတယ်။ မ.ဘ.သ ဆရာတော်လေးများနှင့် အမျိုးဘာသာရေးရာများ ဆွေးနွေးကြပါတယ်။
တိုက်ကြီး မ.ဘ.သ ဆရာတော်လေးများဦးစီးပြီး အထည်ချုပ်သင်တန်း ဖွင့်ထားတာ အတော်အောင်မြင်နေတာ တွေ့ရပါတယ်။ မွတ်ကုလားဆိုင်မှာလုပ်တဲ့ မိန်းကလေးတွေကိုလည်း အလုပ်ရှာပေးထားတာ တွေ့ရပါတယ်။
စာရေးသူ FB တင်တဲ့ ပြည်တော်ပြန်ဆွေမျိုးများ ဆောင်းပါးတွေကို စာပြန်စီပြီး တိုက်ကြီးမြို့သူ/သားတွေကို ပြန်လည်ဖြန့်ဝေဖို့ စီစဉ်နေတာလည်း တွေ့ရပါတယ်။
ဘာသာရေး လူမှုရေး အဖွဲ့အစည်းတွေအားလုံးနှင့် သင့်တော်တဲ့ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတရား ဟောကြားခဲ့ပါတယ်။
ပြည်သူ့အတွက် ရည်ရွယ်ဖွဲ့စည်းထားရိုးမှန်ရင်
အစွဲမထားရဘူး။
ဘယ်ပုဂ္ဂိုလ်ပါလို့ ငါမဝင်နိုင်ဘူးဆိုတာတွေ
ဘယ်နေရာမရလို့ ငါ နေနိုင်ဘူးဆိုတာတွေ
ဘယ်အလုပ်မရလို့ ငါ မလုပ်နိုင်ဘူးဆိုတာတွေ ရှောင်ရမယ်။
ပြည်သူ့အတွက်ဆိုရင်
မုန်းသူနှင့်လည်း လက်တွဲနိုင်ရမယ်။
ကျရာနေရာမှာ နေနိုင်ရမယ်။
ကျရာတာဝန်ကို ထမ်းရွက်နိုင်ရမယ်။