Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသ၏ သြဝါဒကထာ”

$
0
0
သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ ဝိနယပါဠိပါရဂူ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဘဒ္ဒန္တန္ဒကာလင်္ကာရာဘိဝံသ၏ သြဝါဒကထာ
အခုတော “ဘုန်းကြီးအလုပ် ဘုန်းကြီးမလုပ်” ဟူသော အသံများ ကျယ်လောင်စွာ ကြားနေရ၏။ ယင်းအသံနှင့် ပတ်သက်၍ ဘုရားရှင်၏ လူမှုအကျိုးပြုပါဝင်ဆောင်ရွက်ချက်တစ်ခုကို ထုတ်ပြလိုပေသည်။
ဘုရားရှင်လက်ထက်တော်၌ သားသမီးများရှိပါလျက် ခိုကိုးရာမဲ့ဖြစ်သော ပုဏ္ဏားအိုကြီးတစ်ယောက်အတွက် ဘုရားရှင်ပါဝင်ဆောင်ရွက်တော်မူခဲ့ဖူးလေသည်။
မိမိပိုင်ပစ္စည်းအားလုံးကို အမွေခွဲပေးလိုက်ပြီးနောက် သားနှင့်ချွေးမများက အိမ်မှနှင်ထုတ်လိုက်သဖြင့် ခိုကိုးရာမဲ့ ဒုက္ခရောက်နေသော အဆိုပါပုဏ္ဏားအိုကြီးအား ဘုရားရှင်က ဂါထာ(မန္တန်)ပါးပုဒ်သင်ကြားပေးလိုက်သည်။ ပရိသတ်စုံလင်ရာ၌ ရွတ်ဆိုရန်လည်း မှာကြားတော်မူလိုက်သည်။
ပုဏ္ဏားအိုကြီးသည် ဘုရားရှင်သင်ကြားပေးလိုက်သည့် ဂါထာငါးပုဒ်ကို ပရိသတ်စုံလင်ရာ၌ ရွတ်ဆိုလေရာ သားနှင့်ချွေးမများက သတိသံဝေဂရပြီး ပြန်လည်တောင်ပန်ကာ အိမ်သို့ခေါ်ဆောင်၍ လိုလေသေးမရှိ ပြုစု လုပ်ကျွေးကြလေသည်။ ခိုကိုးရာမဲ့ ဒုက္ခရောက်နေသော ပုဏ္ဏားအိုကြီး ချမ်းသာစွာ နေထိုင်သွားရ၏။ (သံ၊ ၁၊ ၁၇၈။)
ဘုရားရှင်၏ ဤဆောင်ရွက်ချက်၌ “အနိစ္စ ဒုက္ခ အနတ္တ”အတွက် မဂ်ဖိုလ်နိဗ္ဗာန်အတွက် မဟုတ်ပါချေ။ မဟာကရုဏာတော်ရှင်ဖြစ်တော်မူသည့်အားလျော်စွာ ပါဝင်ဆောင်ရွက်ပေးတော်မူခြင်းပင်ဖြစ်ပေသည်။ “ဘုရားအလုပ် ဘုရားမလုပ်ဘူး” ဟု ကဲ့ရဲ့ကောင်း ကဲ့ရဲ့ကြပေဦးမည်လော မသိ။
မည်သို့ဆိုစေ-လောက၌ အကဲ့ရဲ့လွတ်သူ ဟူ၍ မရှိ။ ရှေးကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်လည်း ရှိမည် မဟုတ်ချေ။ အမြဲတမ်း ကဲ့ရဲ့ခံရသူ အမြဲတမ်းချီးမွမ်းခံရသူလည်း မရှိချေ။ လောက၏ သဘောတံထွာ ဓမ္မတာ သဘောပင်။ သုံးလောကထွဋ်ထား သဗ္ဗညုဘုရားသော်မှ အကဲ့ရဲ့မလွတ်၊ လောကလူသားအားလုံးနှစ်သက် ထောက်ခံမှုကို ရခဲ့သည်မဟုတ်ပေ။
ထို့ကြောင့် အမျိုးဘာသာ သာသနာတော်အကျိုး၊ နိုင်ငံတော်အကျိုးကို သည်ပိုးကြရာ၌ ကဲ့ရဲ့ပြစ်တင်ခြင်း၊ ချီးမွမ်းခြင်းတို့ကို မလွဲမသွေ တွေ့ကြုံရမည်သာ။ ယင်းသို့ တွေ့ကြုံရာ၌ လူမိုက်တို့ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းကို အလေးဂရု ပမာဏမပြုအပ်။ ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းကိုသာ(အသိဉာဏ်ဖြင့် စိစစ်ဝေဖန်လျက်)ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းဖြစ်သဖြင့် ကျောက်ထီး တန္တု အလေးဂရုပြုအပ်ပေသည်။ (ဓမ္မပဒပါဠိ၊ ဓမ္မ၊ ဋ္ဌ၊ ၂၊ ၂၁၀)
ဗုဒ္ဓနှင့် ဗုဒ္ဓမတ္တညူ အဋ္ဌကထာဆရာတို့၏ အထက်ပါမိန့်မှာချက်ကို အားပြုလျက် လောကဝတ်ကိုလည်း မချွတ်စေမူ၍ ဓမ္မဝတ်ကိုလည်း မလွတ်စေမူ၍ တိုင်ပင်ညီညွတ်ကြကာ အမျိုးဘာသာသာသနာတော်အကျိုး၊ နိုင်ငံတော်အကျိုး ဆက်လက်သည်ပိုးသွားကြရန် တိုက်တွန်းလိုပေသည်။
“ကြီးမြတ်သော စွမ်းအားရှိသူမှာ ကြီးလေးသော တာဝန်ရှိသည်” ဟူသော ရှေးသူဟောင်းတို့ စကားတစ်ရပ်ဖြင့် ထပ်ဆင့်အားပေးလိုက်ရပေသည်။
ဘဒ္ဒန္တန္ဒကာလင်္ကာရာဘိဝံသ
(မဟာနာယက)မစိုးရိမ်တိုက်သစ်

19.3.2015




Viewing all articles
Browse latest Browse all 2129

Trending Articles


TTA Oreo Gapp Installer


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လူတိုင်းသိသင့်နေပြီဖြစ်တဲ့ ငွေစက္ကူ ၁ သောင်းတန် နှင့် ၅ ထောင်တန် အတု၊...


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။