Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“L.A.Times နှင့် အင်တာဗျူး”

$
0
0
29.3.2015 မနက် 10:00 မှာ လက်ခံတွေ့ဆုံပါတယ်။ အမျိုးသားနှစ်ယောက် အမျိုးသမီးနှစ်ယောက် အလုအယက်မေးကြပါတယ်။
ဘာသာပြန်ဂိုက်ပါသလို ဗမာစကားပြောတတ်တဲ့ မစပယ်ဆိုသူ အမေရိကန် အမျိုးသမီးလည်းပါပါတယ်။ သူမက စာရေးသူထံ ၂၀၁၃ ခုနှစ် လာမေးတုန်းကလည်း ပါခဲ့သူပါ။
မေးတာတွေကတော့ စုံနေတာပါပဲ။
ငယ်စဉ်က မူဆလင်သူငယ်ချင်းတွေအကြောင်း
အခုအချိန်မှာ ခင်မင်ရင်းနှီးတဲ့ မူဆလင်တွေအကြောင်း
အနောက်တိုင်း မီဒီယာတွေက ကောင်းကြောင်းတစ်ခါမှ မရေးသားမှန်းသိလျက်နဲ့ လက်ခံဖြေကြားရတဲ့ အကြောင်း ကြိုက်နှစ်သက်တဲ့ ရုပ်ရှင် စာအုပ်တွေအကြောင်း
မုဒိမ်းမှုတွေပဲ ရွေးတင်ရခြင်းအကြောင်း စတာတွေ ပါဝင်ပါတယ်။
နိုင်ငံတကာမှာ ဂျီဟဒ်လုပ်တာတွေက ထင်ရှားတယ်။ မြန်မာပြည်မှာ မတွေ့ရဘူးဆိုလို့ 8.6.2012 သောကြာနေ့ မောင်တောဗလီထဲမှ ကုလားအုပ်ကြီးထွက်လာပြီး တိုက်ခိုက်နေတာတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လ် ထိုးပြလိုက်တော့ အံ့သြတုန်လှုပ်ကုန်ပါတယ်။
အိမ်ထောင်မပြုရတဲ့ ဘုန်းကြီးတစ်ပါးက ဂျိမ်းစ်ဘွန်းကို ကြိုက်တယ်ဆိုလို့ သဘောကျနေကြပါတယ်။
ဂျိမ်းစ်ဘွန်းက နိုင်ငံအတွက် ၂၄ နာရီအလုပ်လုပ်တယ်။ မိန်းမနဲ့ အိမ်တာတောင် ပျော်ပါးဖို့ အဓိကမထားဘဲ သတင်းရယူလိုလို့ အိမ်တာပဲဖြစ်တယ်။
ဂျိမ်းစ်ဘွန်းကို လက်နက်အသစ်အဆန်းတွေ တီထွင်ပေးတဲ့ ဆရာကြီးမျိုးကိုလည်း အားကျတယ်။
ဆိုင်ဂုံ(ဗီယက်နမ်-)
လင်းယုန်တို့ရဲ့အောင်ပွဲ(အီရန်) စာအုပ်တွေ အရမ်းကြိုက်တယ်။
အမေရိကန်ပြည်သူတွေကို ဘာပြောချင်လဲမေးလို့ ဖြေလိုက်ပါတယ်။
အမေရိကန်က ဦးဇင်းအပေါ် ကောင်းကျိုးမပြုပါဘူး။
အမေရိကန်သတင်းသမားတွေကတော့ ဦးဇင်းကိုအကြောင်းပြုပြီး ပိုက်ဆံတွေ ရကြပါတယ်။
အမေရိကန်ပြည်သူတွေက ဦးဇင်းကို လူဆိုးကြီးထင်နေကြတယ်။
ဘယ်သူဟာ လူဆိုးလဲ? ဘယ်သူဟာ လူကောင်းလဲ? ဆိုတာ တစ်ချိန်မှာ အဖြေထွက်မှာပါ။
အဲဒီအချိန်မတိုင်ခင် ဦးဇင်းလုပ်ကြံမခံရပါစေနဲ့လို့လည်း ဆုတောင်းပါတယ်။


















Viewing all articles
Browse latest Browse all 2129

Trending Articles