မန္တလေး၊ ဧပြီ ၅
အဝါရောင်မျိုးဆက်သစ်(Y.G.W)မစိုးရိမ်ဌာမှ ဦးစီး၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အရှေ့၊ ရွှေကူရပ်ကွက်၊ မနောမယရွှေကူဓမ္မာရုံနှင့် လန်ဒန်ဝင်းရက်ကွက်၊ သင်္ဂဟရက္ခိတဓမ္မာရုံတို့၌ဖွင့်လှစ်သင်ကြားသော ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းမှ သင်တန်းသား/သူ ကလေးငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းစာမေးပွဲကို (၅.၄.၂၀၁၅)ရက်နေ့၊ ရွှေကူရပ်ကွက်၊ အဝေရာရာမရန်ကင်းပရိယတ္တိစာသင်တိုက်၊ စိန်ခဲရွှေခဲဓမ္မဗိမာန်တော်၌ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းကို အဝါရောင်မျိုးဆက်သစ်(Y.G.W)မစိုးရိမ်ဌာနမှ သင်ကြားရေးဆရာများဖြစ်ကြသည့် အရှင်သာသန၊ အရှင်သုမနနှင့် အရှင်သူရိယတိုမှ ဦးစီးသင်ကြားပေးခြင်းဖြစ်ပြီး (၆.၃.၂၀၁၅)ရက်နေ့မှ (၄.၄.၂၀၁၅)ရက်နေ့အထိ (၁)လကြာ သင်ကြားထားသည်များကို စာမေးပွဲကျင်းပပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/သူ ကလေးငယ်ပေါင်း (၉၀)ဦး တက်ရောက်သင်ကြားခဲ့သည်ဟု သိရပါသည်။
လာမည့် (၈.၄.၂၀၁၅)ရက်နေ့တွင် စာအောင်ကလေးငယ်များအား အောင်လက်မှတ်နှင့် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သင်တန်းနည်းပြဆရာတစ်ပါးဖြစ်သည့် အရှင်သုမနမှ မိန့်ကြားပါသည်။
အဝါရောင်မျိုးရောင်မျိုးဆက်သစ်(Y.G.w)မစိုးရိမ်ဌာမှ ဦးစီးဖွင့်လှစ်သင်ကြားသော ယဉ်ကျေးလိမ္မာသင်တန်းများမှာ (၁၀)နေရာရှိကြောင်း၊ တစ်နေရာ(၂)ပါးနှုန်းဖြင့် ဖြန့်ကျက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းများမှာ အပတ်စဉ် တနင်္ဂနွေနေတိုင်း သင်ကြားသော Buddha Dhamma Sunday school ရှိသလို နွေရာသီ ကျောင်းပိတ်ရက်များ၌ (၁)လသင်တန်းများကိုလည်း အလျှင်းသင့်သလို သင်ကြားပေးကြောင်း Y.G.W ဆရာတော်တစ်ပါးဖြစ်သည့် အရှင်နာဂိန္ဒာလင်္ကာရမှ မိန့်ကြားခဲ့ပါသည်။
"ကမ္ဘာမြေ လူသား တို့စွမ်းအားဖြင့် ငြိမ်းချမ်းပါစေ"ဟူသော (Y.G.W)ဆောင်ပုဒ်အတိုင်း လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျ ပြုစုပျိုးထောင်ပေးခြင်းဖြင့် ငြိမ်းချမ်းသော မြန်မာပြည်၏အနာဂတ်ကို ဖော်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း သင်တန်းဆရာများနှင့် သင်တန်းသား ကလေးငယ်များကို လေးစားဂုဏ်ယူလျက်...။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)