Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မယ်တော်ကြီးရက်လည်ဆွမ်း အောင်ပန်းမှာလည်းဆက်ကပ်”

$
0
0
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းဆရာတော် အရှင်ဝိစိတ္တာဘိဝံသ(ဝီရသူ)၏ မယ်တော်ကြီး ဒေါ်တင်တင်ဦးအတွက် ရည်စူးကုသိုလ်ရက်လည်ဆွမ်းသွတ် တရားနခြင်းအခမ်းအနားကို အောင်ပန်းမြို့ လှည်းရိုးရပ်ကွက် ကိုအားတ(ခ)ကိုကျော်ရွှေ+မအေးသွယ်နေအိမ်၌ (3.4.2015)သောကြာနေ့တွင် ကျင်းပခဲ့သည်။
ဆွမ်းသွတ်တရားနာ ကုသိုလ်ကို အောင်ပန်းမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဦးန္ဒာစရိယ၏ သြဝါဒကိုခံယူကာ သဒ္ဓါရှင်မိသားစုကွန်ရက်က ဦးစီးလှူဒါန်းခြင်းဖြစ်သည်။
နံနက် ၆ နာရီမှ စ၍ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်တို့အား ထမင်းဟင်းလျာများနှင့် အချိုပွဲများ ဧည့်ခံကျွေးမွေးခြင်း၊ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း သင်္ကန်းစသော လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချတရားတော်များကို နာယူခဲ့ကြသည်။
ဆွမ်းသွတ်တရားနာပွဲသို့ သဒ္ဓါရှင်မိသားစုကွန်ရက်၊ ရွှေကံသာဝေယျာဝစ္စအဖွဲ့၊ ဓမ္မသင်္ဂဟအသင်း၊ ဒါနသဟာယအသင်းတို့၏ အသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်ပရိသတ်များ စုစုပေါင်း(၂၅၀) ကျော် တက်ရောက်ခဲ့ကြသည်။
ဆွမ်းသွတ်တရားနာအတွက် သဒ္ဓါရှင်မိသားစုကွန်ရက်အသင်သားများမှ စုပေါင်း မ တည်လှူဒါန်းငွေ (၈၀၀၀၀) ကျပ်နှင့် အသင်ခေါင်းဆောင် ကိုအားတ(ခ)ကိုကျော်ရွှေ+မအေးသွယ်(ဇော်ဂျီကုန်စုံဆိုင်)မိသားစုမှ လှူဒါန်းငွေ(၂၂၀၀၀၀)ကျပ် လှူဒါန်းခဲ့သည်။ ဆွမ်းသွတ်တရားနာပြီးနောက် ကြွရောက်လာသော ဧည့်ပရိတ်သတ်များ၏ ထည့်ဝင်လှူဒါန်းငွေ(၅၀၀၀၀)ကျပ်ကို သဒ္ဓါရှင်မိသားစုအဖွဲ့ဝင်များစည်းဝေးတိုင်ပင်ပြီး ကလောမြို့နယ် အောင်ပန်းမြို့ ဗုဒ္ဓဘာသာယဉ်ကျေးမှု စာအောင်ဆုနှင်းသဘင်ပွဲအတွက် လှူဒါန်းသွားမည်ဟု စည်းဝေးတိုင်ပင်ဆုံးဖြတ်ခဲ့ပါသည်။





Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...