Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မင်္ဂလာတောင်ညွန့် လူသတ်ကျွမ်းကျင်သူကို ဖမ်းမိထား”

$
0
0
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးကွန်ရက်မှ ဦးရွှေကြည်(ဒိုင်းမွန်းရွှေကြည်)ဖုန်းဆက်လာပါတယ်။
နေမျိုးဝေ အကောင့်မှာ ဗမာကို ကုလားက လည်လှီးသတ်တယ်ဆိုပြီး လျှောက်ဖွနေပါတယ်။ ပြောပေးပါ။ မူဆလင်အချင်းချင်း ဖြစ်တာပါလို့ ပြောပါတယ်။
ဒါဆိုရင် သေသူနှင့်သတ်သူရဲ့ အချက်အလက်တွေ၊ ဓာတ်ပုံတွေ ပို့လိုက်ပါ။ ကုလားအချင်းချင်း သတ်တာပါလို့ သတင်းတင်ပေးပါ့မယ်ပြောလိုက်ပါတယ်။
နှစ်ရက်တော့ စောင့်ပါ ပြောခဲ့ပေမယ့် ဘာမှ ပို့မလာပါဘူး။
နီးစပ်ရာကို ထပ်မံစုံစမ်းခိုင်းပါတယ်။ တရားပွဲတွေနှင့် မယ်တော်ပျံပွဲရှိနေတာကြောင့် ချက်ချင်း မသိနိုင်ခဲ့ပါဘူး။
ဒီနေ့တော့ သေသူရဲ့ဦးလေး တင်ထွဋ်ဇော်(ခ)ကိုလတ် ရောက်လာပါတယ်။
အသတ်ခံရသူက ဟန်ထွန်းနိုင်(၃၀)နှစ်(ဘ)ဦးစောလွင်ပါ။
အမှတ်(၅၅)၊ ၅ လွှာ၊ ၉၃ လမ်း၊ ကန်/တောင်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မှာ မွေးသူပါ။
ဒေါ်သိန်းတင်လမ်း၊ ရွှေငွေထွန်းဘော်ဒါဆောင်ကိုပြောင်းသွားတာ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်။
18.3.2015 မနက်အစောကြီး 3:00 ကျော်လောက်မှာ ဘောလုံးပွဲကြည့်ပြီး ပြန်လာပါတယ်။
ဆိုက္ကားသမား ဘာဘူနှင့် ၉၃ လမ်းထိပ်မှာ အတူထိုင်နေရင်း အိပ်ငိုက်သွားချိန်မှာ နောက်ကနေ ဝင်သတ်သွားတာပါ။
ရပ်ကွက်ဓမ္မာရုံဂေါပကလူကြီးနှင့်ရဲက ဦးလေးဖြစ်သူ ကိုလတ်ကို အကြောင်းကြားလို့ ချက်ချင်းလိုက်သွားတဲ့ အခါ လည်ပင်းညာဘက်မှ ဓားချွန်နှင့်ထိုးပြီးမှ ပ စောက်ပုံသဏ္ဍန် မွှေနှောက်ပြီးမှ ဓားပြန်နှုတ်ယူသွားတဲ့ ပုံစံကို တွေ့လိုက်ရတာပါ။
ဆိုက္ကားသမား မွတ်ကုလား ဘာဘူဘက်ကို ယိုင်ကျလာပြီးမှ ထိုင်ခုံပေါ်မှ အောက်ပြုတ်ကျသွားတာလို့ မွတ်ဘာဘူက ပြောပါတယ်။
မွတ်ဘာဘူရဲ့ အင်္ကျီနောက်ကျော ညာဘက်မှာ သွေးတွေပေကျံနေတာတွေ့လို့ မေးတဲ့အခါ လောက်ကိုင်ကပဲ လာသတ်တာလိုလို ရှမ်းတရုတ်ကပဲ လာသတ်သလိုလို လျှောက်ပြောနေတာပါ။
ဦးကိုလတ်ရဲ့ဇနီးက မွတ်ဘာဘူကို ခေါ်စစ်ဖို့ စခန်းမှူးကိုပြောပါတယ်။ မဖမ်းပါဘူး။ မြို့နယ်မှူးကိုထပ်ပြောပါ တယ်။ မဖတ်းပါဘူး။
နောက်ဆုံး ခရိုင်မှူးကိုပြောမှ မွတ်ဘာဘူကို ဖမ်းတာပါ။ ပထမတော့ ဘယ်လိုမေးမေး အမှန်မဖြေပါဘူး။ ရှောင်တိမ်းသာအောင် အချိန်ဆွဲနေပုံရပါတယ်။
မေးလို့မရဘူးလို့ မြို့နယ်မှူးက ပြောလာပါတယ်။
ဆိုက္ကားသမား မွတ်ဘာဘူကလည်း ဆေးမှုနှင့် ထောင်(၁၂)နှစ်ကျခဲ့ဖူးပါတယ်။
အသတ်ခံရသူ ဟန်ထွန်းနိုင်ကလည်း ဆေးမှုနှင့် ထောင်ကျဖူးပါတယ်။
ဒါပေမဲ့ ထောင်ထဲမှာ သိကျွမ်းခဲ့တာတော့ မဟုတ်ဘူးလို့ ဦးကိုလတ်က ပြောပါတယ်။
မနက် 4:00 မှာ စစစ်တာ။ မနက် 8:00 ကျမှ ဖော်တယ်လို့ ဆိုပါတယ်။
သတ်သွားတဲ့ကုလားက ရှာရဇ်(ခ)သန်းစိုးပါ။ အိမ်ထောင်သည်ဖြစ်ပါတယ်။ အသက်(၃၀)ကျော် အရွယ်ပါ။ ဆိတ်သတ်သမားဖြစ်ပါတယ်။ ဆိတ်တွေကို ဟာလာလုပ်တဲ့အတိုင်း သတ်သွားတာပါ။
မွတ်ဘာဘူနှင့် ဟန်ထွန်းနိုင် အတူထိုင်တဲ့ ထိုင်ခုံနှစ်ခုက အရင်တုန်းက မရှိခဲ့ပါဘူး။
သွေးအေးအေးနှင့် ပူးပေါင်းကြံစည်တာ အတော်လေးပေါ်လွင်နေပေမယ့် မွတ်ဘာဘူကို လွှတ်ထားတာတွေ့ ရတာရယ်၊ လူသတ်ကျွမ်းကျင်သူ မွတ်ရှာရဇ်ကို ထောင်ကြီးချုပ်မပို့ဘဲ ရဲက ဥပေးထားတာရယ်။ 1.4.2015 ရက်နေ့မှာ ရမန်ယူပြီး ထောင်ကြီးချုပ်ပို့တဲ့အခါ အချုပ်ကားကြီးနှင့်မပို့ဘဲ PROBOX ကားနှင့် ပို့တာရယ်ကြောင့် ထိထိရောက်ရောက်အရေးမယူမှာစိုးရိမ်နေကြတာပါ။
ဘာကြောင့်သတ်တယ်ဆိုတာ မသိရသေးပေမယ့် ရဲစခန်းမှာတော့ အကြွေးမပေးလို့ သတ်ပစ်တာဖြစ်ကြောင်း ထွက်ဆိုတယ်လို့ ဆိုပါတယ်။
(စံတောချိန်သတင်းစာကို ပူးတွဲတင်ပြလိုက်ပါတယ်။)
==========================================================




“တောင်ညွန့် ၉၄ လမ်း ဓားထိုးမှု ခရိုင်ရုံးလွှဲပြောင်းစစ်ဆေးမည်”

ထက်အောင်(မြစ်မခ)၊ ရန်ကုန်၊ ဧပြီ ၁
မင်္ဂလာတောင်ညွန့်မြို့နယ် ၉၄ လမ်းတွင် လည်ပင်းအားဓားဖြင့်ထိုးသတ်သည့် အမှုကို ဧပြီ ၁ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်ချိန်တွင် ရမန်ယူခဲ့ပြီး ခရိုင် တရားရုံးသို့ လွှဲပြောင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ အသတ်ခံရသူ ကိုဟန်ထွန်းနိုင်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဓားဖြင့်ထိုးသည့် ရှော်ရစ်ဆိုသူမှာ ဘာသာခြားဖြစ်သည့်အတွက် ရုံးထုတ်စစ်ဆေးချိန်တွင် အမျိုး ဘာသာစောင့်ရှောက်ရေးအဖွဲ့မှ သံဃာတော်များ တရားရုံးရှေ့တွင် လာရောက်စောင့်ကြည့်ခဲ့ပြီး ရှေ့နေငှားရမ်းမှုအတွက် မကွေးဆရာတော် ဦးပါမောက္ခက ကူညီဆောင်ရွက်ပေးမည်ဟု ကိုဟန်ထွန်းနိုင်၏ မိသားစုဝင်များထံမှ သိရသည်။
“ဒီနေ့ မဘသ ဆရာတော်သံဃာတော်တွေလာတယ်။ ဒီနေ့ ပထမဆုံးရုံးထုတ်တာ ရမန်ယူသွားတယ်။ ၁၀ ရက်နေ့မှခရိုင်မှာ ပြောင်းစစ်မယ်ပြောတယ်။ အခုထိတော့ ရှေ့နေမငှားရသေးဘူး။ ရှေ့နေငှားဖို့အတွက် ဆရာတော်ဦးပါမောက္ခက ကူညီမယ်ပြောတယ်။ ဘယ်ရှေ့နေငှားပေးမလဲတော့ မသိသေးဘူး” ဟု အသတ်ခံရသူ၏ အဒေါ်ဖြစ်သူ ဒေါ်အောင်အောင်မြင့်က ပြောဆိုခဲ့သည်။ မတ်လ ၁၈ ရက်တွင် ဘောလုံးပွဲ ကြည့်ပြီးပြန်လာရာမှ လမ်းထိပ်တွင် စကားထိုင်ပြောနေသော ဟန်ထွန်းနိုင်ဆိုသူကို ရှော်ရှစ်ဆိုသူက ဓားဖြင့် လည်ပင်းကို ထိုးလိုက်ခြင်းဖြစ်ကြောင်း ကိုဟန်ထွန်းနိုင်၏ မိသားစုဝင်တို့က ပြောကြားကြသည်။
“သူက ဘောလုံးပွဲကြည့်ပြီး လမ်းထိပ်မှာ သူငယ်ချင်းနဲ့ စကားထိုင်ပြောနေတုန်း ထိုင်ခုံပေါ်မှာ ခဏလေး အိပ်ပျော်နေတဲ့အချိန် ဓားနဲ့လည်ပင်းကို အထိုးခံရတာလို့ မျက်မြင်တွေကပြောတယ်။ ထိုးတဲ့ဓားက အသားလှီးဓားလို့ပြောတယ်။ အသွားက ကိုးလက်မလောက်ရှိတယ်။ ကျွန်မတူလည်း အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီးသေသွားတာ။ သူတို့က ရန်ငြိုးမရှိဘူးလို့လည်း သိရတယ်။ ပိုက်ဆံချေးတာကို ပြန်မပေးလို့ ထိုးတာပါလို့ ရဲစစ်ချက်မှာ ထွက်တယ်ပြောတယ်” ဟု ကိုဟန်ထွန်းနိုင်၏ အဒေါ်ဖြစ်သူ ဒေါ်အောင်အောင်မြင့် ကပြောကြားခဲ့သည်။
အဆိုပါလူသတ်မှုကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး သေဆုံးသူ ကိုဟန်ထွန်းနိုင်မှာ လည်ပင်းတွင် ထိုးသွင်းပြတ်ရှ ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ကျ ရဲတစ်ဦးက ပြန်လည်ဖြေကြားသည်။
(2.4.2015 စံတော်ချိန်သတင်းစာ။)
စုံမ်းရန်

ဦးတင်ထွဋ်ဇော်(ခ)ကိုလတ်-09.255743906












Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...