(အတွဲ(၁)၊ အမှတ်(၉)၊ သာသနာတော်နှစ် ၂၅၅၈ခု၊ ကောဇာနှစ်၊ ၁၃၇၆ခု၊ တန်ခူးလဆန်း(၈)ရက် ၂၇.၃.၂၀၁၅၊ သောကြောနေ့ ထုတ် အတုမရှိ အမျိုးသားရေးသတင်းဂျာနယ် စာမျက်နှာ (၇)မှ ဝီရသူ(မစိုးရိမ်) ရေးသားသော တစ်ပိုင်တစ်နိုင် သာသနာပြုခြင်း ဆောင်းပါးအား ကူးယူဖော်ပြသည်။)
“မ.ဘ.သလုပ်ငန်းစဉ်(၁၁)”
“တစ်ပိုင်တစ်နိုင် သာသနာပြုခြင်း”
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့၏ အန္တိမပန်းတိုင်သည် အမျိုးဘာသာ သာသနာလုံခြုံရေးပင်ဖြစ်သည်။ ထိုသို့သော အမျိုးသားလုံခြုံရေး အကြည့်အဝရရှိစေခြင်းအကျိုးငှာ မဘသ အဖွဲ့ကြီးက ရေတိုရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်နေခြင်းဖြစ်သည်။
ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းများ ရက်ရှည် ရက်တို အစဉ်အမြဲဖွင့်လှစ်ခြင်းဖြင့် ရင်သွေးငယ် များ နှလုံးသား၌ ဘုရားတည်ပေးခြင်းသည် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးသော လုပ်ငန်းဖြစ်သကဲ့သို့ အသိပညာပေးဟောပြောပွဲများ၊ တရားပွဲများ၊ စည်းဝေးပွဲများသည်လည်း နိုးကြားရေးအတွက် အရေးကြီးသော လုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။
မဘသအဖွဲ့များသည် အပတ်စဉ်ဖြစ်စေ၊ လစဉ်ဖြစ်စေ၊ အမြဲတန်း အစည်းအဝေးထိုင်ကာ တစ်မျိုးသားလုံး နိုးကြားရေးအတွက် အစဉ်အမြဲနည်းလမ်းရှာကြရမည်ဖြစ်သည်။ စာအုပ်စာစောင်များ ဝေငှခြင်း၊ သတင်းစာ ဂျာနယ်မဂ္ဂဇင်းများ၊ တရားခွေများ၊ အမျိုးသားရေး အချက်အလက်မှတ်တမ်းများ ဖြန့်ဝေခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ပြုလုပ်ရမည်ဖြစ်သည်။
ဟန်းဖုန်းဖြင့် အင်တာနက်ဖေ့ဘွတ်ခ် သုံးစွဲနိုင်သည့်ရပ်ရွာများတွင် အထူးစည်းရုံးစရာမလိုသော်လည်း ဖုန်းလိုင်း မမိသော ကျေးရွာများ၊ စာအုပ်စာစောင်ရှားပါးသော ကျေးရွာများ၌ကား စည်းရုံးရေးလုပ်ငန်းများ အထူးဆောင် ရွက်ရမည်ဖြစ်သည်။
ယနေ့ခေတ်သည် အိုင်တီခေတ်ဖြစ်သောကြောင့် သတင်းအချက်အလက်များ ဖြန့်ဝေဖို့ရန် အင်မတန်လွယ်ကူသည်ကို တွေ့ရပေသည်။ ဖုန်းလိုင်းမမိသော ကျေးရွာများ၌ပင် ဟန်းဆက်ကိုယ်စီ ရှိကြသည် ကိုတွေ့ရပေသည်။ ဟန်းဆက်ဖြင့် ဗီဒီယိုဖိုင်လ်များကြည့်ရှုခြင်း၊ သီချင်းနားထောင်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အသံဖမ်းခြင်း၊ ရုပ်သံရိုက်ကူးခြင်းများပြုလုပ်ကြရန် ကိုင်ဆောင်ကြခြင်းဖြစ်ပါသည်။ ၄င်းကို အကျိုးရှိစွာ အသုံးချတတ်ရမည်ဖြစ်ပါသည်။
အင်တာနက်ကွန်ရက်များမှ အချက်အလက်များကို ဟန်းဆက်များမှာထည့်ပေးခြင်းဖြင့် အမျိုးသားရေး စိတ်ထားများ နိုးကြားလာစေရန် နှိုးဆော်ပေး၍ရပါသည်။
အစ္စလာမ္မစ်အစွန်းရောက်များက မူဆလင်မိန်းကလေးများ၊ အမျိုးသမီးများအပေါ် လူမဆန်စွာ ပြုမူကြပုံများ၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ အိမ်ရှင်မအခွင့်အရေးများ အချိုးဖောက်ခံရပုံများကို ပရိုဂျက်တာများ ဖြင့် ပြသရှင်းပြကာ ထိုအချက်အလက်များကို ဟန်းဆက်များသို့ ထည့်သွင်းပေးကြမည်ဆိုလျှင် ၄င်းတို့မှတစ်ဆင့် ၄င်းတို့မိသားစုများ ရွာသူရွာသားများထံသို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုအခါ အစ္စလာမ္မစ် အစွန်းရောက်များအကြောင်းကို သတိပြုမိသွားမည်ဖြစ်ပါသည်။
IS အဖွဲ့၊ ဘိုကိုဟာရမ်အဖွဲ့ စသည့်အကြမ်းဖက်အဖွဲ့များက မူဆလင်မဟုတ်သူမှန်သမျှကို ရက်စက်စွာ သတ်ဖြတ်နေပုံများ၊ ယဉ်ကျေးမှုအဆောက်အအုံများကို ဖျက်ဆီးနေပုံများကို ကာလသားလူငယ် များအား ရှင်းလင်းပြသကာ အချက်အလက်များ ပြန်လည်ဝေငှပေးရပေမည်။
ထိုမှတစ်ဆင့် မြန်မာပြည်မှာဖြစ်ပေါ်ခဲ့သော မုဒိမ်းမှုများ၊ အကြမ်းဖက်ခံရမှုများ၊ ဆွမ်းတော်တင်၍ အရိုက်ခံရသူ၊ ဥပုသ်စောင့်၍ အရိုက်ခံရသူ၊ ဘုရားပန်းတင်၍ အသတ်ခံရသူ၊ ဘုန်းကြီးရှိခိုး၍ နှင်ချခံရသူ၊ ဖခင်ရက်လည်ဆွမ်းမှာ ရေစက်ချ အမျှဝေမိ၍ နှင်ချခံရသူ စသည့် မူဆလင်အိမ်မှဆင်းခဲ့ရသော မြန်မာမိန်းကလေးများ၏ ဘာသာရေးဖိနှိပ်ခံရပုံ၊ လွတ်လပ်စွာကိုးကွယ်ခွင့်မရပုံများကို ရှင်းပြဟောပြနိုင်ရမည် ဖြစ်ပါသည်။
ဤသို့ဆိုလျှင် ဂျီဟဒ်ဝါဒီမူဆလင်များ မြန်မာပြည်မှာရှိနေပြီဆိုသည်ကိုလည်းကောင်း၊ ၄င်းတို့၏ အကြံဆိုးများကိုလည်းကောင်း၊ ၄င်းတို့မကြီးထွားရေး မတိုးပွားရေးကို မည်သို့မည်ပုံ တားဆီးရမည်ကိုလည်း ကောင်း၊ အမျိုးဘာသာ သာသနာလုံခြုံရေး မည်မျှအရေးကြီးသည်ကိုလည်းကောင်း မျက်ဝါးထင်ထင် တွေ့မြင် သွားကြမည်ဖြစ်သည်။ ထိုအခါ ထိုရပ်ရွာများ လုံးဝ လုံခြုံစိတ်ချရမည့် အခြေအနေသို့ရောက်ရှိသွားမည် ဖြစ်သည်။
ထိုသို့သော အမျိုးသားရေးသွေးနွှေးပေးခြင်းသည် အမျိုးသားခံတပ်ကြီး တည်ဆောက်ပေးခြင်းပင် ဖြစ်လေသည်။
ထို့အပြင် ဆိုင်ရာ မဘသအဖွဲ့ဝင်များ၊ ရဟန်းသာမဏေများသည် မိမိအားစိုက်စရာမလိုဘဲ ပါးစပ် အငှား လက်အငှားဖြင့် သာသနာပြုနိုင်ပြီဖြစ်ပါသည်။
အမျိုးသားရေးတရားခွေများ ဖွင့်ပြခြင်း၊ လက်ဆင့်ကမ်းဖြန့်ဝေခြင်းသည် ပါးစပ်အငှားဖြင့် သာသနာပြု ခြင်းပင်ဖြစ်ပါသည်။ တရားပွဲကြီးတစ်ပွဲကျင်းပသလို အားစိုက်စရာမလိုဘဲ ထိရောက်သော စည်းရုံးနည်းပင် ဖြစ်ပါသည်။
အမျိုးသားရေးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များကို ဖြန့်ချီခြင်း၊ စာဖတ်ဝိုင်းများကျင်းပခြင်း၊ စာဖတ်အသင်းများတည်ထောင်ခြင်းသည် လက်အငှားဖြင့် သာသနာပြုခြင်းဖြစ်ပါသည်။ ကိုယ်တိုင်ရေးသား စရာမလိုဘဲ ထိရောက်သော သာသနာပြုနည်းတစ်မျိုးပင် ဖြစ်ပါသည်။
ယခုအခါ၌ အမျိုးသားရေးသတင်းဂျာနယ်လ်များပေါ်ပေါက်နေပြီဖြစ်ပါသည်။ သာကီသွေးဂျာနယ်လ်၊ အတုမရှိဂျာနယ်လ်များသည် တစ်လလျှင် နှစ်ကြိမ်ထုတ်ဝေသော ဂျာနယ်လ်များဖြစ်ပြီး၊ အောင်ဇေယျတု ဂျာနယ်လ်သည် အပတ်စဉ်ထုတ်ဝေသော ဂျာနယ်လ်ဖြစ်ပါသည်။ ထိုဂျာနယ်လ်များ စီးဆင်းပုံသည် အခြားဂျာနယ်လ်များကဲ့သို့ ဖြန့်ချိသူမှတစ်ဆင့် စီးဆင်းခြင်းမဟုတ်ပါ။ မဘသ အဖွဲ့များမှတစ်ဆင့် စီးဆင်းခြင်း သာဖြစ်ပါသည်။
နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးစသော အထွေထွေဂျာနယ်လ်များသည် မြို့ကြီးများရှိ ဖြန့်ချိရေးဌာနများမှ တစ်ဆင့် စီးဆင်းပါသည်။ ထို့ကြောင့် ကျေးလက်များသို့မရောက်ပါ။ တကူးတကတက်ဝယ် မှသာလျှင် လူကြုံရှိမှသာလျှင် ကျေးရွာများသို့ရောက်နိုင်ပါသည်။
အမျိုးသားရေးဂျာနယ်လ်များကား ကျေးလက်များကိုသာ အဓိကပစ်မှတ်ထားပါသည်။ မဘသ အဖွဲ့များမှ တစ်ဆင့် စီးဆင်းပါသည်။ ထို့ကြောင့် ကျေးရွာသူ ကျေးရွာသားများ အသိအမြင် တိုးပွားကြပါသည်။
မြန်မာလူဦးရေ၏ ခုနစ်ဆယ်ရာခိုင်နှုန်းသည် ကျေးရွာသူ ကျေးရွာသားများဖြစ်ပါသည်။ ကျေးရွာသူ ကျေးရွာသားများ မိမိကိုယ်ကိုကာကွယ်နိုင်စွမ်းရှိပါမှ တစ်မျိုးသားလုံး လုံခြုံမည်ဖြစ်ပါသည်။ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိဖို့အရေးမှာ ဗဟုသုတမရှိလျှင် လုံးဝမဖြစ်နိုင်ပါပေ။
စာရေးသူတို့ထံ ရောက်ရှိလာသော ပြဿနာများကိုကြည့်လျှင် တောရွာသူ တောရွာသားများဖြစ်နေ သည်ကို တွေ့ရပေသည်။ ဗဟုသုတမရှိ၍ အန္တရာယ်ကို အန္တရာယ်မှန်းမသိခြင်း၊ အရှက်အကြောက်ကြီးခြင်း၊ အယုံလွယ်ခြင်း၊ ခင်မင်တတ်ခြင်း၊ သံယောဇဉ်ကြီးခြင်း၊ ရိုးအခြင်းစသည်တို့သည် အားနည်းချက်တစ်ခုကဲ့သို့ ဖြစ်သွားကာ လူမဆန်သူတို့၏ မူမမှန်သော အပြုအမူများကို သတိမမူမိကြခြင်းဖြစ်ပေသည်။
“ကုလားရှိလဆင် မုဒိမ်းရှိမည်” ဟူသော သတင်းစကားများ ဖတ်ထားမှု နာကြားမှုရှိလျှင် မုဒိမ်းအကျင့် ခံရမည်မဟုတ်ပါ။
“ဖျက်ဆီးရုံသက်သက် ချစ်ရက်သူ” ဟူသော သတင်းစကားမျိုး ကြားရဖူးလျှင် ကုလားနှင့် ချစ်ကြိုက်ကြမည်မဟုတ်ပါ။
“လူကိုယူပါ ဘုရားကိုချမ်းသာပေးပါ” ဟူသော သတင်းစကားမျိုး ကြုံဖူးလျှင် ကုလားကို လင်တော်ချင် မည်မဟုတ်ပါ။
“ကင်းကင်းရှင်းရှင်း နေကြပါဗျာ” ဟူသော သတင်းစကားမျိုး ကြုံဖူးလျှင် ကုလားအလိမ်အညာ ခံရမည် မဟုတ်ပါ။
“ဂျီဟဒ်အတွက် လက်နက်လူသူစုဆောင်းခြင်း” ဟူသော သတင်းစကားမျိုး ကြားခဲ့ဖူးလျှင် သမီးမိန်းက လေးများ ကုလားအခိုးခံရမည်မဟုတ်ပါ။
` ဤသို့စသည်ဖြင့် ဝေးလွန်းသော အတိတ်ဆီမှ သမိုင်းသင်္ခန်းစာများ၊ မဝေးလွန်းသော အတိတ်ဆီမှ ရှောင်ဖွယ်ဆောင်ဖွယ်များ၊ မျက်မှောက်ကမ္ဘာမှ ပူနွေးလတ်ဆတ်သော ဖြစ်ရပ်မှန်များကို အများပြည်သူများ သိစေခြင်းဖြင့် ရပ်ရွာ သာသနာအကျိုး သယ်ပိုးနိုင်မည်ဖြစ်ပါသည်။
ထိုစာပေ ထိုတရားခွေများကပေးသော အသိဉာဏ်များဖြင့် နိုးကြားတက်ကြွလာသော ရွာသူ ရွာသားများသည် အထူးတရားပွဲကြီးများ၊ ဝိပဿနာတရားစခန်းများ၊ ယဉ်ကျေးလိမ္မာသင်တန်းများပါ စည်ကားသိုက်မြိုက်စွာ ကျင်းပလာသည်အထိ ကြိုးစားလာကြမည်ကို တွေ့ရရှိရပေမည်။
ထို့ကြောင့် အပင်ပန်းခံ ဟောပြောရေးသားစရာမလိုဘဲ ပါးစပ်အငှား လက်အငှားဖြင့် သာသနာပြုစေ ချင်ပါသည်။
စာရေးသူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရောက်သည့်အခါ ဟောင်ပါးရွာ ဆယ်ဇင်းရွာတို့၌ ထိုကဲ့သို့ သာသနာပြုနေကြသည်ကို တွေ့ရှိရပါသည်။ ဟောင်းပါးရွာမှ ဆရာတော်လေး ဦးဉာဏိကသည် အမျိုးသားရေး တရားခွေ အမျိုးသားရေးစောစောင်များ အဆက်မပြတ်ဖြန့်ချိခြင်း၊ ဆယ်ဇင်းရွာ သာသနပါလကျောင်းဆရာ တော် ဦးသုနန္ဒနှင့် ထေရဝါဒဓမ္မကွန်ရက်တို့မှ အမျိုးသားရေးဂျာနယ်လ်များ ဖြန့်ချီခြင်းတို့ကြောင့် ရွာသူ ရွာသားများ နိုးကြားနေသည်ကို တွေ့ခဲ့ရပါသည်။
ဆယ်ဇင်းရွာသူ ရွာသားများ ဆောင်ရွက်မှုက နည်းယူစရာပင်ကောင်းပါသည်။ တစ်လတစ်ထောင်ကျပ် စီ လှူနိုင်မည့် အလှူရှင်များကို စာရင်းကောက်လိုက်ပါသည်။ အလှူရှင်(၃၅၀)ဦး ရရှိပါသည်။ သာကီသွေး စောင်ရေ(၃၅၀) မှာပါသည်။ တစ်ရွာလုံးသို့ ကွင်းဆင်းဖြန့်ဝေပါသည်။ ဖတ်လိုသူများ စာရင်းပေးသွင်းရပါသည်။ အခမဲ့ပေးဖတ်ပါသည်။ ဤသို့ဖြင့် အမျိုးသားလုံခြုံရေးခံတပ်ကြီးကို ကျောက်စိမ်းနယ်မြေ ရွှေမှော်တောမှာ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
တစ်ရွာလျှင် ငါးအုပ်ဆယ်အုပ်ခန့် အရောက်ပို့နိုင်လဆင် အဆင်ပြေပါပြီ။ ငွေကြေးတတ်နိုင်သူ လေးငါးဆယ်ဦးစု၍ မှာယူကာ စာဖတ်အသင်းများ ဖွဲ့စည်းခြင်း၊ စာဖတ်ဝိုင်းများထူထောင်ခြင်း၊ ဝေဖန်ဆွေးနွေး ခြင်းများပြုလုပ်ပါလျှင် တစ်ရွာလုံး နိုးကြားတက်ကြွကာ လက်ရုံးရည်နှလုံးရည် အရည်အချင်းများ ပြည့်ဝလာမည် ဖြစ်ပါသည်။
ဂျာနယ်လ်တစ်စောင်ငါးရာကျပ်သည် လ္ဘက်ရည်ဆိုင်တစ်ခါထိုင်စာမျှသာဖြစ်ပါသည်။ ကျေးရွာများ၌ တစ်လငွေ တစ်ထောင်ကျပ် လှူဒါန်းနိုင်သော အလှူရှင်များ ရှားမည်မဟုတ်ပါ။ မဘသ အဖွဲ့ဝင်ဆရာတော်များ စိတ်ဝင်စားဖို့သာ လိုပါသည်။
အမျိုးသားရေးအသိမရှိလျှင် အမျိုးသားရေးသတိမရှိနိုင်ပါ။ အမျိုးသားရေးသတိမရှိလျှင် အမျိုးသားရေး ဝီရိယ မရှိနိုင်ပါ။ ထိုအခါ မိမိအသက်အိုးအိမ်စည်းစိမ် အဖျက်ဆီးခံရရုံတင်မကဘဲ တစ်မျိုးသားလုံး တစ်သာသနာလုံး ပါ အန္တရာယ်ကျရောက်နိုင်ပါသည်။ ထို့ကြောင့် အမျိုးသားရေးအသိတရားများ ထွန်းကားရေး ကို အခြေခံလိုအပ် ချက်တစ်ခုအဖြစ် မှတ်ယူကာ တာဝန်တစ်ရပ်အနေဖြင့် ထမ်းဆောင်ကြရမည်ဖြစ်ပါသည်။
မဘသ အဖွဲ့ဝင် ရဟန်းရှင်လူ ပြည်သူများအားလုံး အမျိုးသားခံတပ်ကြီးတည်ဆောက်နိုင်သော ရှင်ကောင်း ရဟန်းကောင်း အမျိုးကောင်းသား အမျိုးကောင်းသမီးများ ကိုယ်စီကိုယ်ငှဖြစ်ကြပါစေသတည်း။
ဝီရသူ(မစိုးရိမ်)
10.3.2015
11:59