ဆရာတော်ဦးဝီရသူ(မစိုးရိမ်)၏ မိခင်ဖြစ်သူ ဒေါ်တင်တင်ဦး(၆၉ နှစ်)သည် ၂၀၁၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ ည ၈ နာရီ အချိန်တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားသည်ကို အောင်ဇေယျတုဂျာနယ် ဝိုင်းတော်သားများမှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
အမျိုး ဘာသာ သာသနာအတွက် တန်ဖိုးဖြတ်၍ မရနိုင်သော သားကောင်းရတနာကို မွေးဖွားပေးသော မိခင်တစ်ယောက်ကို ဆုံးရှုံးရခြင်းသည် အစားထိုးမရသော ဆုံးရှုံးမှုတစ်ခုအဖြစ်လည်း မှတ်ယူမိပါသည်။
ကွယ်လွန်သူ ဒေါ်တင်တင်ဦး(၆၉နှစ်)အား ကောင်းရာဘုံဘဝသို့ ရောက်ပါစေကြောင်း အောင်ဇေယျတုဂျာနယ် ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
အောင်ဇေယျတုဂျာနယ် ဝိုင်းတော်သားများ