26.3.2015 ရက်နေ့ ည 8:00 နာရီ၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ်(၇၀)ရပ်ကွက်လုံးဆိုင်ရာ ဒုတိယအကြိမ် အောင်သုခဓမ္မာရုံ(၁+၂) တို့မှ ကြီးမှူးကျင်းပအပ်သော ဘာသာရေးအထူးတရားပွဲကြီးမှာ ဟောကြားသည်။
တရားမဟောခင် နဂါးနီစုဘူးအသင်း ဖြစ်မြောက်ရေးအဖွဲ့အား သြဝါဒတရားဟောကြားခဲ့သည်။
“လောကငြိမ်းချမ်း နိဗ္ဗာန်လမ်းတရားတော်”
မေတ္တာသုံးလီ သီလမြဲလို့
မျှဝေခွဲလို့ သုံးစွဲမယ်။
ပန်းတိုင်တူရင် ဗျူဟာကွဲလည်း
အစွဲကင်းအောင် ဆောင်ရွက်မယ်။
သာရဏီယတရား လက်ကိုင်ထားမှ
ကမ္ဘာလောကကြီး ငြိမ်းချမ်းမယ်။
လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း တက်လှမ်းနိုင်ဖို့ရွယ်။