28.3.2015 ည 8:00 မှာ အမေဆုံးခဲ့။
သားဖြစ်သူ ပလ္လင်တက်ချိန်မှာ
အမေဖြစ်သူ အသက်ထွက်။
မှတ်မှတ်ရရ တရားပွဲပါအမေ။
သားလူဆိုး အဖမ်းခံရတော့
သားဆိုးအမေလည်း အချုပ်ခံရ။
အမှတ်(၁၄)စစ်တပ်ရဲ့
ကျဉ်းကြပ်တဲ့အချုပ်ခန်းထဲ
(၁၇)ရက်တိတိ အမေနေရ။
သီလရှင်ဘဝနှင့်
တရားဓမ္မပျော်မွေ့နေချိန်မှာတောင်
အာဏာရှင်စစ်ဘီလူးတွေက
လုံးဝ ချမ်းသာမပေးခဲ့။
အကြောင်းပြချက်ကတော့
အမေဟာ ဘာအပြစ်မှ မကျူးလွန်ခဲ့သော်လည်း
အမေဟာ သားဆိုးကို
မွေးထုတ်ပေးခဲ့လို့တဲ့လေ.......။
ရှစ်နှစ်နဲ့သုံးလသော ထောင်သက်ရယ်
အမေ့အတွက် အားသစ်မွေး
လက်စားချေရေး
ကလောင်သွေးခဲ့ပါတယ်အမေ။
မော်စကိုမှ ပြန်အရောက်
သားနောက်ကျလို့ အမေဆူ
သားအတွက် အမေ
ဘာမှလုပ်မပေးနိုင်ခဲ့ပေမယ့်
မွေး-ထွေး-နွေး ခဲ့တာတွေနဲ့တင်
ကျေးဇူးတင်လှပါပြီအမေ။
ထောင်ထွက် လူဆိုးနဲ့
စစ်ထွက်လူမိုက်
တပ်ထွက်မိန့်ခွန်းခြွေပြီးကာမှ
ရိုဟင်ဂျာဆိုတဲ့ အလိမ်အငြာ
ဂျီဟဒ်ဝါဒီတွေရဲ့ စစ်တလင်း
လည်စင်းခံရတဲ့ ရခိုင်အရေး
စေ့စေ့တွေးလို့ ရေးရေးပေါ်
တော်ပါပြီ အမေ
သားအတ္တတွေ.......။
တစ်လွဲဆံပင် မကောင်းချင်တော့ပါဘူး။
မောင်နှမချင်း ရန်ဖြစ်တာ
ကုလားချစ်တာထက်တော့ သာတယ်အမေ။
ဒီမိုကရေစီဆိုတာ အသာထား
ကမ္ဘာမှာ မြန်မာမပျောက်စေဖို့
ကမ္ဘာမှာ ဘာသာမပျောက်စေဖို့
ကမ္ဘာမှာ သာသနာမပျောက်စေဖို့
လူမိုက်တွေနှင့် ရင်ချင်းအပ်
လက်ချင်းဆွဲလို့ တိုက်ပွဲဝင်
ကလောင်လက်နက်တစ်ချောင်းဟာလည်း
ကောင်းကောင်းကြီး ကာကွယ်နိုင်ပါတယ်အမေ။
လက်စားချေမှ သင်ပုန်းချေ
အတွေးအမြင်တွေ ဘဝင်ဟပ်
ဒီအတွက်တစ်ခုတည်းနဲ့တော့
အမေတစ်သက် ခွင့်လွှတ်နိုင်မှာပါအမေ.......။
သားမောင်ပဉ္စင်း
ဝီရသူ(မစိုးရိမ်)
28.3.2015
PM 1:39