21.3.2015 ရက်နေ့ မနက်ပိုင်းမှာ မ.ဘ.သ ဥက္ကဋ္ဌ သိမ်ကုန်းဆရာတော်နှင့်အတူ PVI ကျွန်းလေးမှာ ဒေသစာ သွားစားပါတယ်။
21.3.2015 ရက်နေ့ မွန်းလွဲပိုင်းမှာ ငပလီမြို့နယ် ရပ်ကွက်များ ကျေးရွာများမှ ကျောင်းထိုင်ဆရာတော်များနှင့် အမျိုး ဘာသာ အရေး ဆွေးနွေးကြပါတယ်။ ပုလဲရတနာကျောင်းတိုက် မ.ဘ.သ ဗဟို ဦးဆောင်ပုလဲဆရာတော် ကြီးနှင့်အတူ ဆွေးနွေးကြတာပါ။
ညတရားပွဲကိုလည်း ပုလဲရတနာကျောင်းဝင်းထဲမှာပဲ ကျင်းပပါတယ်။ တရားမဟောမီ ပုလဲရတနာဆရာတော် ကြီးက ပရိသတ်ကို စာရေးသူအကြောင်း မိတ်ဆက်စကားပြောပြီး “အမျိုးသားရေးဝါဒီ ဦးဥတ္တမဂုဏ်ရည်ဆု” ချီးမြှင့်ရခြင်းအကြောင်း မိန့်ကြားပါတယ်။
စာရေးသူက ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ အမောဖြေ အပန်းဖြေစရာ အားဆေးတစ်ခွက်ဖြစ်ကြောင်း၊ ကျေးဇူး အထူးတင်ကြောင်း လျှောက်ထားပြီး အမျိုးသားရေးတရားများ ဟောကြားခဲ့ပါတယ်။
စာရေးသူကို ရခိုင်တော်တော်များများက ဆရာတော်ဦးဥတ္တမဝင်စားတာလို့ ယုံကြည်နေကြပါတယ်။
လူဝင်စားတာ ဟုတ်မဟုတ် မသိရပေမယ့် ရခိုင်သူ ရခိုင်သားတွေ အကျိုးကို လိုလိုလားလား ဆောင်ရွက်တဲ့ နေရာမှာတော့ နှစ်ပါးမရှိသော ဘုန်းကြီး၊ နှစ်ဦးမရှိသော ဗမာလို့ ပြောရဲလောက်အောင် ယုံကြည်ထားသူပါ။