သာသနာ ၂၅၀၀ ဓမ္မာရုံ၊ ၄၅×၈၄ လမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမှာ ဖွင့်လှစ်သင်ကြားနေတဲ့ သင်တန်း လေးပါ။
ကလေးငယ် ၆၀၀ ကျော်ရှိပါတယ်။ မူလတန်းမှ ကိုးတန်းအထိ အတန်းစုံပါဝင်ပါတယ်။
ရေတံခွန်တောင် သစ္စဝေဒဂူဆရာတော်၏ တပည့်များနှင့် Y.G.W ဦးဇင်းလေးများ သင်ကြားပို့ချပါတယ်။
သင်တန်းဖွင့်တာရှစ်ရက်ရှိပါပြီ။ ၁၅ ရက်သင်တန်းဖြစ်ပါတယ်။
နေ့လည်စာနှင့်၊ ညနေ အအေး မုန့်တို့ ကျွေးမွေးပါတယ်။
စာရေးသူက ဆီအချိန် တစ်ရာကျော်တာဝန်ယူထားပါတယ်။ ဆုပေးပွဲမှာ ဆုပေးဖို့အတွက်လည်း စီမံထားပါတယ်။
“ချစ်စရာကလေးတွေဖြစ်စေဖို့
မေတ္တာတေးတွေဆိုကြစို့”
ခေါင်းစဉ်ပါ ကဗျာလေးကို အကျယ်ရှင်းလင်းဟောကြားခဲ့ပါတယ်။
အမေရယ်၊ အဖေရယ်၊
သားတို့ သမီးတို့ရယ်။
ချစ်ချစ်ခင်ခင်နေကြမယ်။
ကြီးသူကိုလည်း ရိုသေမယ်။
ရွယ်တူကိုလည်း လေးစားမယ်။
ငယ်သူကိုလည်း ကြင်နာမယ်။
ဘုရားတရားမြဲလို့ရယ်၊
ကိုင်းရှိုင်းရိုသေမယ်။
ကာယကံမေတ္တာထားလို့ရယ်၊
ဝိုင်းဝန်းကူညီမယ်။
ဝစီကံမေတ္တာထားလို့ရယ်၊
ယဉ်ကျေးချိုသာမယ်။
မနောကံမေတ္တာထားလို့ရယ်၊
စိတ်ထားဖြူစင်မယ်။
ပညာရေးလည်း ဆည်းပူးမယ်။
စီးပွားရေးလည်း ထူထောင်မယ်။
အများအကျိုးလည်း ဆောင်ရွယ်မယ်။
ဘာသာအကျိုး သာသနာအကျိုး၊
သယ်ပိုးကြပါမယ်။
ကမ္ဘာသူ ကမ္ဘာသား အားလုံးရယ်၊
ငြိမ်းချမ်းစေဖို့ရွယ်။
ချစ်စရာလေးတွေ ဖြစ်အောင်ကွယ်၊
မေတ္တာတေးတွေ ဆိုကြမယ်။