13.3.2015 မနက် 8:00 ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်၊ သစ္စဝေဒဂူမိုးကုတ်ရိပ်သာ ၁၂ ကြိမ်မြောက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲပါ။
တိုင်းသံဃနာယကဥက္ကဋ္ဌ မဟာမြိုင်ဆရာတော်ကြီး ကြွရောက်ချီးမြှောက်ပါတယ်။
စာရေးသူနှင့် မစိုးရိမ် အရှင်ဣန္ဒာစက္ကာဘိဝံသ တို့လည်း သြဝါဒပေးခဲ့ပါတယ်။
သင်တန်းသား/သူ ကိုရင် သီလရှင် လေးများ (၁၂၀၀)ကျော် တက်ရောက်သင်ယူကြပါတယ်။
ဘုရားဘာကြောင့် ရှိခိုးတယ်
ကုသိုလ်ရဖို့ ရှိခိုးတယ်။
တရားဘာကြောင့် ကျင့်ရတယ်
စိတ်ချမ်းသာဖို့ ကျင့်ရတယ်။
သံဃာဘာကြောင့် ပူဇော်တယ်
ဘုန်းကံကြီးဖို့ ပူဇော်တယ်။