ကျောင်းသားသပိတ်ဖြိုခွင်းမှုနှင့်ပတ်သက်၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက၊ အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာအပ်ပါသည်။
(က) မတ်လ-၅ရက်နေ့၌ တာဝန်လက်ပတ်နီများဝတ်၍ အကြမ်းဖက်ဖြိုခွင်းမှုကိုလည်းကောင်း၊
မတ်လ ၁၀ ရက်နေ့၌ တာဝန်ထက်ပိုသော ဒေါသအာဃာတကြီးစွာ အညှိုးတကြီး ရိုက်နှက်ဖြိုခွင်းမှု ကိုလည်းကောင်း ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
(ခ) အရပ်ဝတ်များကို လက်ပတ်များဝတ်ပေးပြီး အကြမ်းဖက်ဖြိုခွင်းရာ၌ အသုံးချခဲ့သော တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုသည်။
(ဂ) အမျိုးသားပညာရေးဥပဒေကို အမှန်တကယ်လိုလားသော ရိုးသားဖြူစင်သည့် သံဃာငယ်များ၊ ကျောင်းသူ ကျောင်းသားလေးများကို မပျက်မကွက် ပြန်လည်လွှတ်ပေးရန် တောင်းဆိုသည်။
(ဃ) အမျိုးသားပညာရေးဥပဒေကို အကြောင်းပြု၍ အလုံးစုံပျက်သုဉ်းရေးကို ရှေးရှုဦးတည်သော ကြိုးကိုင်သူများကို ဖော်ထုတ်အရေးယူရန် တိုက်တွန်းသည်။
(င) အမျိုးသားပညာရေးဥပဒေကို လိုလားသူများ ပီသစွာ ပြည်သူလူထု ထိခိုက်နစ်နာစေမည့် တောင်းဆိုမှုမျိုးကို ရှောင်ကြဉ်၍ ဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းသောနည်း လမ်းဖြင့် တောင်းဆိုကြရန် တိုက်တွန်းသည်။
(စ) ကျောင်းသားသပိတ်ဖြိုခွင်းခံရမှုကို အကြောင်းပြု၍ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ဥပဒေမဲ့ တောင်းဆိုမှု များ မပြုလုပ်ကြရန် အလေးအနက် သတိပေးလိုက်သည်။
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး။
12.3.2015 PM 1:55